Tuesday, November 2, 2021

နိုင်ငံရေး တိုက်စစ် ကစားကွက်


      ဒီရက်ပိုင်းမှာ နစက ရဲ့ ထူးခြားတဲ့ တိုက်စစ်ကစားကွက်တွေ ဆက်တိုက် တွေ့လာရပါတယ် ။ 

       ပထမဆုံး ပြည်တွင်း တိုက်စစ်အဖြစ် သမိုင်းမှန်ရေးသားပြုစုရေး အဖွဲ့ ဖွဲ့စည်းကြောင်း ကြေငြာလိုက်တယ် ။ ဘာကြောင့် ဖွဲ့ရသလဲ ဆိုရင် NUG လက်စေခံ PDF တွေရဲ့ ရက်စက်မှု ယုတ်မာမှု တွေကို စနစ်တကျ သမိုင်းမှတ်တမ်းရေးသွင်းဖို့ပဲ ဖြစ်ပါတယ် ။ 

       နိုင်တဲ့သူပဲ ရေးချင်ရာ ရေးမှာပေါ့လို့ မပြောနဲ့အုံး ဗျ ။ သူတို့ ရေးသားခြင်း အတွက် ခိုင်မာတဲ့ သက်သေတွေ နဲ့ တင်ပြကြလိမ့်မယ် ။ ဥပမာ လူသတ်ဖို့ လှုံ့ဆော်တဲ့ မျိုးရန်နောင်သိန်း ပယ်ဆယ်လို တို့ရဲ့ ပို့စ် တွေ ၊ သူတို့ သတ်ကြောင်း ၊ ဖျက်ဆီးကြောင်း ကြေငြာတဲ့ PDF တွေရဲ့ vidoe ဖိုင်တွေ ၊ ဂုဏ်ပြုထောက်ပံ့ငွေပေးတဲ့ ပို့စ် တွေ အစရှိသည်ဖြင့် စုံလင်အောင် စုဆောင်းမှတ်တမ်းတင်ထားပြီး တင်ပြလိမ့်မယ် ။ 

       အဲဒါကို မြွေမြွေချင်း ​​ခြေမြင်တဲ့ NUG တွေ ထိတ်လန့်သွားပြီး PDF တွေကို အကြမ်းဖက် သတ်ဖြတ်တာတွေ မလုပ်ဖို့ ၊ အထူးသဖြင့် ကလေးတွေကို မသတ်ဖို့ စာထုတ်တားတယ် ။ 

        ဒီတော့ ပေါက်လွှတ်ပဲစား PDF တွေက NUG ကို ပြန်ဆဲနေကြပြီး အကွဲအပြဲ ဇာတ်လမ်းအစပြုနေတယ် ။ ဒါက ပထမ တိုက်စစ် ပါ ။ 

       နောက် ရုပ်မြင်သံကြားနဲ့ ပတ်သက်တဲ့ ပုဒ်မ ၉၉ ကို ထောင်ဒဏ်တွေ ထပ်ဖြည့်တယ် ။ မူလ ပြစ်ဒဏ်က ဒဏ်ငွေ သိန်း ၃၀၀ မှ ၅၀၀ ထိ ဆိုရင် နောက်တိုးလိုက်တာက ထောင်ဒဏ် သုံးနှစ် မှ ငါးထိ အထိလည်းကောင်း ငွေဒဏ် သိန်း ၃၀၀ မှ ၅၀၀ အထိ လည်းကောင်း ၊ နှစ်မျိုးပေါင်း၍ လည်းကောင်း ဆိုပြီး ထောင်ဒဏ်ပါ ထပ်ဖြည့်လိုက်တယ် ။ 

       နောက်ထပ် တိုက်စစ်က တပ်ချုပ်ကြီး မနေ့က မိန့်ခွန်းပြောသွားတယ် ဆန်ကို ၁၀ % လျှော့စားပါတဲ့ ၊ ဆီလျှော့စားပါတဲ့ ၊ ခရီးသွားရင် အများသုံးယာဥ် များများသုံးကြပါတဲ့ ။ 

        ဆန်လျော့ခိုင်းတာ ကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ် ။ ဆီလျှော့ခိုင်းတာလည်း ကျန်းမာရေး ပါသလို နိုင်ငံရေးလည်း ပါနေပါတယ် ။ ဘာလို့လဲ ဆိုတော့ မြန်မာကို ရန်ရှာနေတဲ့ မလေးရှားကနေ စားအုန်းဆီ တင်သွင်းခွင့် 35 % လျော့ပစ်တဲ့ အမိန့် ထွက်လာပါပြီ ။ 

       မလေးရှားက စားအုန်းဆီ အများစုဟာ စားဆီ အဆင့် မဟုတ်ပဲ အဆင့်နိမ့် စက်မှုသုံးဆီ တွေများပါတယ် ၊၊ ဒါကတော့ မလေးရှား နဲ့ မသက်ဆိုင်ပဲ မြန်မာဆီကုန်သည်တွေရဲ့ လောဘကြောင့်သာ ဖြစ်ပါတယ် ။ 

     အဲဒီ တိုက်စစ်ကြောင့် အကောင်း အဆိုး ကြုံတွေ့ရဖို့ ရှိနေပါတယ် ။ ကောင်းတာက ပြည်တွင်းက ဆီထွက် သီးနှံတွေ စျေးကောင်းလာပြီး ပြည်တွင် ဆီထုတ်လုပ်သူတွေ စျေးကွက် များလာပြီး ရပ်ထားတဲ့ ဆီစက်တွေ ပြန်ပြီး လုပ်ငန်းစတင်နိုင်ပါလိမ့်မယ် ။ ဒေသခံတွေ အလုပ်အကိုင် အထိုက်အလျှောက် ရလာပါမယ် ။

       အဆိုးကတော့ ဆီစျေးမြင့်လာပြီး ဆီနဲ့ အဓိက ထားပြီး ထုတ်လုပ်နေရတဲ့ အကြော်အလှော် လုပ်ငန်းတွေ စျေးတက်လာနိုင်ပါတယ် ။ ပြည်သူတွေအတွက် စျေးတက်လာနိုင်ပေမယ့် အဓိက ကျတဲ့ ဆီနဲ့ ပတ်သက်သော ရောဂါများ ဖြစ်ပွားနှုံး 35 % လျှော့နည်းသွားပါလိမ့်မယ် ။ 

      နောက် အများပိုင် ယာဥ် ရထားများနဲ့ ခရီးသွားလာဖို့ တိုက်တွန်းနေတာ လောင်စာဆီ ချွေတာဖို့ ရည်ရွယ်တယ် ဆိုတာ ကလေးတောင် သိပါတယ် ။ သို့သော် တိုက်တွန်းနေယုံ နဲ့ အဆင်မပြေနိုင်ပါဘူး ။ အများပြည်သူ စီးနင်းရမယ့် အဝေးပြေး ယာဥ်လိုင်းတွေရဲ့ ကိုဗစ် အကြောင်းပြုပြီး ယာဥ်စီးခ နှစ်ဆ တင်ထားကြတာကို ပြန်လည်ဖြေလျော့ပေးဖို့ လိုအပ်ပါတယ် ။ အခုထိ မှိန်းယူနေတာ နှစ်ပေါက်ပါပြီ ။ စီးရတော့လည်း ခါတိုင်းလို ခွေးတိုးဝက်ဝင် စီးနေရတာပါပဲ ။ 

         ဒီလို ပြောလို့ အမြန်လမ်းလောက် စီးဖူးပြီး မငြင်းကြပါနဲ့ မြဝတီလို ယဥ်လိုင်းတွေ တခေါက်လောက် စီးပြီးမှ ဝေဖန်စေချင်ပါတယ် ။ 

      နောက် ရထားလို ကိစ္စကိုလည်း စီးချင်သဖွယ် ဖြစ်အောင် လက်မှတ် လွယ်ကူ များပြားစွာ ဝယ်ယူရရှိရေးက အစ လုံခြုံရေး ၊ အချိန်မှန်မှန် နဲ့ မြန်မြန်ဆန်ဆန် ခရီးပေါက်ရေးလည်း စီမံပေးရပါမယ် ။ 

       ပြည်ပ တိုက်စစ်အနေ နဲ့ စားအုန်းဆီ 35 % လျော့ချလိုက်တာ အဖွင့် တိုက်စစ်ပါပဲ ။ ကျနော်တို့ ယူဆချက် အရ မကြာခင် ရောက်လာမယ့် ရုရှား ရင်းနှီးမြှပ်နှံမှုတွေ အကောင်အထည်ပေါ်လာရင်တော့ ဒေသတွင်းက ကုန်သွယ်ဖက် အဖြစ် ဆက်ဆံနေရတဲ့ အာဆီယံကို ဆက်တိုက်ဖို့ အကြောင်းရှိပါတယ် ။ 

         စစ်ဖက်ဆိုင်ရာ အနေနဲ့ကတော့ ပြည်ပ အတွက် ပွဲပြီး သွားပါပြီ ။ အကွက်မြင်သူများ ခန့်မှန်းထားသလို ရုရှားရဲ့ မြင်နေရတဲ့ ရေပေါ်သဘော်များ အပြင် မမြင်ရတဲ့ ရေငုပ်သဘော် များ ပါလာတဲ့ အပြင် မြန်မာ့တပ်မတော်ကို ကီလိုအမျိုးအစား နှစ်စင်း ထားသွားတယ်လို့ သတင်းထွက်လာပါတယ် ။ 

        သေချာတာကတော့ အစိုးရက နှစ်စင်းကြေငြာရင် မကြေငြာတာ လေးစင်းလို့ သတ်မှတ်လို့ ရပါတယ် ။ ဒါက မြန်မာ့တပ်မတော်ရဲ့ အထာကို သိနေတဲ့ လေ့လာသူတွေ သဘောပေါက်ထားတဲ့ အနေအထားပါ ။ 

         ပြည်တွင်းက သောင်းကျန်းမှုတွေ အတွက်လည်း အချို့ဒေသတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့ စာရင်းတောင်းနေတယ်လို့ သိရပါတယ် ။ 

         မိုက်ကယ်ကျော်မြင့်တို့လည်း ရန်ကုန်တိုင်း မန္တလေးတိုင်း နှစ်နေရာမှာ တပ်မတော်နဲ့ ပူးပေါင်းပြီး PDF နှိမ်နင်းရေး အတွက် ဆောင်ရွက်နေပါပြီ ။ ပါဝင်လိုသူများ အတွက် စားစရာ နေစရာ နဲ့ ကျန်းမာရေးအတွက်ပါ တာဝန်ယူမယ်လို့ ကြေငြာထားပါပြီ ။ 

          ဒါတွေကတော့ အာဆီယံ အစည်းအဝေး အပြီး ရက်တိုလေး အတွင်းမှာပဲ နစက ရဲ့ ပြည်တွင်း ပြည်ပ တိုက်စစ်ကစားကွက်များ ဖြစ်ပါတယ် ။ 

       အစစ အရာရာ အောင်မြင်မယ်လို့လဲ တထစ်ချ ယုံကြည်လေးစားပါတယ် ။ 

        ကိုရွှေမျိုးဝင်း

(တချို့ သီအိုရီတွေက မိမိရဲ့ လက်တွေ့ အမြင်လောက်နဲ့ အဖြေထုတ်နေရင်လည်း ဒီလို မမှားပေမယ့် မမှန်တဲ့ ကိုးယို့ကားယား အဖြေတွေ ထွက်လာတတ်တယ်ဗျ )


Related Posts:

  • ဂေါက်ကြောင် မှတ်စုသိဖို့...သူပုန်က ဘယ်လောက်လာပစ်ပစ် စစ်တပ်က ပြန်မပစ်ရင် စစ်ဆိုတာမဖြစ်ပါဘူး...#ချစ်ဦးညို(ခင်ဗျားအခွက်ကို ကျုပ်က တံတွေးနဲ့လာထွေးမယ်၊ သည်းခံပေါ့ဗျာ)ဒီနေ့စစ်ထဲဝင်ရင် စစ်သားဖြစ်တယ် ဘာမှအထင်ကြီးစရာမလိုဘူး....#သရဝဏ်ပြည်(ယူနီဖောင်းတောင… Read More
  • ပထမေတာ့! ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်အတွက်နဲ့ သီတဂူဆရာတော်ဘုရားကြီးအပေါ် ရိုင်းပြ စော်ကား နေကြတယ်လို့ ထင်မိခဲ့တာပါ။နောက်ပိုင်းမှ သတိဝင်ပြီး ဒီလိုရိုင်းပြ စော်ကားနေတဲ့ acc တွေထဲ လိုက်ဝင်ကြည့်လိုက်တော့ ဘာသာခြားတွေရဲ့ acc တွေက ( ၇၀% )လောက်သွားတွေ့ရပြီးကျန်တဲ့ ( ၃၀% )ကတော့ nug profile နဲ့ acc တွေကိုသွားတွေ့ရပါတယ်။ရည်ရွယ်ချက်က! ဗုဒ္ဓဘာသာမှာ ,,… Read More
  • 🍆ခေးရယ်....‼️👉ကိုယ်ယုံကြည်ရာ တော်လှန်ရေး လုပ်တာလဲလုပ်တာပေါ့‼️🇲🇲ဒါပေမယ့် မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတော့‼️ဘပုကို တောင်းပန်လိုက်‼️🇲🇲နိုင်ငံတော်ကပေးတဲ့ ပြစ်ဒဏ်ကို ခံလိုက်တာကမှသက်သာအုံးမယ်‼️🤕အသက် မသေနိုင်သေးဘူး‼️🍌ကိုယ့်နိုင်ငံမှာ မြင်… Read More
  • “ဂျီဟတ်” စစ်ပွဲ နှင့် ဂျီဟတ်ဆင်နွှဲခံခဲ့ရသည့် နိုင်ငံများ... “အစ္စလာမ်” ဟူသောစကားမှာ အာရဗီဘာသာစကားဖြစ်ပြီး“နာခံခြင်း” ဟု အဓိပ္ပါယ်ရသည်။... “အီမန်” ဟူသော အာရဗီဘာသာစကား၏ အဓိပ္ပါယ်မှာ “သဒ္ဒါ ယုံကြည်မှု” ဖြစ်သည်။ အလ္လာဟ် အား ယုံကြည် သူများကို“မွတ်စလင်” ဟုခေါ်သည်။ အီမန် (သဒ္ဒါယုံကြည်မှု… Read More
  • ခရီးသွားမယ်ဆို မြန်မာ့မီးရထားနဲ့သွားပါ1.10.2021 ရန်ကုန် - မန္တလေး မနက်  ၈ နာရီခွဲ မန္တလေး - ရန်ကုန် ညေန  ၆ နာရီ ရိုးရိုးတန်း -3500 ရန်ကုန် - နေပြည်တော် မနက် ၈နာရီ နေပြည်တော် - ရန်ကုန် မနက် ၈ နာရီ ရိုးရိုးတန်း - 2800ရန်ကုန် - ပြည် မနက် ၆ နာရီ ပြည် - ရန်ကုန် မနက် ၆… Read More