Wednesday, November 3, 2021

တိုင်းပြည်မွဲတာစစ်တပ်က အုပ်ချုပ်လို့မွဲတာမဟုတ်ဘူး မညီညွတ်လို့မွဲတာ


မိသားစုတောင်မညီညွတ်ရင် ဘယ်လိုနေသလဲ ( စဉ်းစားကြည့်ပါ )။ မညီညွတ်အောင် အင်္ဂလိပ်တွေသွေးခွဲခဲ့တာ လေ့လာကြည့်ကြ။

တိုင်းပြည်ဆင်းရဲတာ ပညာမတတ်လို့ဆင်းရဲတာ ပညာမတတ်အောင် မိဘနဲ့ဆရာကဖျက်ခဲ့တာ ပညာဆိုတာ ပါတ်ဝန်းကျင်ကရှာယူရမှာ စာသင်ခန်းထဲမှာက ပညာရှာတတ်အောင် သင်္ခန်းစာပဲ သင်ပေးနိုင်တာလေ။

ဘယ်တက္ကသိုလ်က ဘာဘွဲ့ရရ ပါတ်ဝန်းကျင်မှာ ပညာမရှာတတ်ရင် သုညပဲဖြစ်မှာ။ ဘွဲ့တွေဘယ်လောက်ရရ စာမဖတ်ရင် စာမတတ်တဲ့သူနဲ့အတူတူပဲ။

ဘာဘွဲ့မှမရလဲ စာဖတ်နေရင် ဘွဲ့ရစာမဖတ်တဲ့သူထက် သာတာပဲ ဖတ်ပြီးသားစာ စဉ်းစားသုံးသပ်တတ်ရင် ပညာရှင်ဖြစ်မှာပဲ။ ဘွဲ့ဆိုတာ အရေအတွက်ပါ 
အရည်အခြင်းမဟုတ်ပါဘူး။

ဝန်ထမ်းလောကဆိုရင် အရည်အခြင်းနဲ့ နေရာမသတ်မှတ်ဘဲ အရေအတွက်နဲ့ ရာထူးသတ်မှတ်တော့။ ဘွဲ့ရပြီးပြီ အလုပ်ဝင်လို့ရပြီဆိုပြီး ပညာဆက်မရှာကြတော့ ဘွဲ့ရပညာမဲ့တွေ ပေါကုန်တော့တာ။

အခုပဲကြည့် မဲဆယ်သန်းလေးသိန်းခိုးတာ ဥပဒေဘောင်တွင်းက မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းတာ ထောက်ခံစရာလား။ အရင်တုန်းကသူတို့ပဲ နိုင်ငံတည်ဆောက်တာ ဘောပင်နဲ့တည်ဆောက်ရမှာ လက်နက်နဲ့တည်ဆောက်လို့မရဘူးဆို။

ငြိမ်းချမ်းရေးကို သေနပ်နဲ့အဖြေရှာမရဘူး စားပွဲပေါ်မှာ အဖြေရှာရမှာဆို ခုတော့ လက်နက်မျိုးစုံ မြန်မာပြည်အနှံ့ သိမ်းလို့မပြီးနိုင်တာကြည့်ပေါ့။ အရှက်မရှိတဲ့ အရည်အခြင်းတစ်ခုပဲရှိတယ်ဆိုတာ ထင်ရှားနေပြီပဲ။

အဲ့ဒါကို ထောက်ခံအားပေးနေတယ်ဆိုထဲက ဘာဘွဲ့ရရ ဘာရာထူးရှိရှိ အရည်အခြင်းကသုညပါပဲ အဲ့သလိုဘွဲ့ရအရာရှိတွေ အရည်အခြင်းမရှိတဲ့သူတွေ။ ပေါများနေတဲ့နိုင်ငံ မတိုးတက်တာ ခေတ်နောက်ကျတာ မထူးဆန်းတော့ပါဘူး။

#Credit