Tuesday, November 23, 2021

"ကျိုက်နှဲရေလယ်ဘုရား သမိုင်းကြောင်း"


ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားပွဲတော်ဟာ သံဖြူဇရပ်မြို့ နယ်ရှိ မွန်ရွာ အများဆုံးလာရောက်ဖူးမျှော်လေ့ရှိတဲ့ ရေလယ်ဘုရားပွဲတော်တစ်ခုဆိုလည်းမမှားနိုင်ပါဘူး။

ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားသည် တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်နေ့ညမှ (၃)၇က်နေ့မနက်ထိ စည်ကားသိုက်မြိုက်စွာ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါသည်။

ရေလယ်စေတီဘုရားပေါ်မှ ဝေယျာဝစ္စကိစ္စအရပ်ရပ်များကို ဝဲကလောင်းကျေးရွာ ရွာသူရွာသားများ တာဝန်ယူဆောင်ရွက်လေ့ရှိပြီးဘုရားတည်ရှိနေရာကတော့ ဝဲကလောင်းရွာကမ်းခြေနှင့် အံခဲရွာကမ်းခြေကြားပဲဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ရပ်နီးရပ်ဝေးဧည့်သည်များ စည်ကားများပြားစွာ လာရောက်လည်ပတ်နေကြသည်ကို ဘုရားပွဲချိန်မှာ တွေ့မြင်နိုင်ပါတယ်။

နတ်လမ်းပေါ်ချိန် – ၂၅ နိုဝင်ဘာ ၂၀၁၈ (မနက်ပိုင်း)

ကျိုက်နဲရေလယ်ဘုရားရဲ့ ထူးခြားချက်များ

ထူးခြားချက်မှာ ဘယ်လိုပင်ရေတက်တက် ဘုရားပေါ်မရောက်နိုင်ပဲ ဘယ်လောက်ပင် လူများများ နေစရာနေရာလုံလောက်စွာ ရှိပါတယ်။ နောက်တစ်ခုမှာ တစ်နှစ်မှတစ်ခါသာ ပေါ်လာတတ်တဲ့ နတ်လမ်းမြင်ကွင်းပဲဖြစ်ပါတယ်။

ထိုနတ်လမ်းဟာ ကားခြောက်စီးလောက် တစ်ပြိုင်တည်း သွားလာနိုင်ပြီး လှပတဲ့ ကျောက်တုံးများဖြင့် ဖန်ဆင်းခင်ကျင်းထားသည်ကို ဘုရားပွဲချိန် တန်ဆောင်မုန်းလပြည့် (၃) ရက်နေ့မနက်တွင် ထင်ရှားစွားတွေ့မြင်နိုင်ပါတယ်။

နတ်လမ်းပေါ်လာတဲ့အချိန်မှာ (၂)နာရီကျော် အချိန်သာကြာမြင့်ပြီး ထိုအချိန်အတွင်း ကမ်းခြေမှ (၁)မိုင် (၆)ဖာလုံ အကွာအဝေးရှိတဲ့ ရေလယ်ဘုရားဆီ လမ်းလျှောက်ပြီး အလွယ်တကူသွားလာနိုင်ပါတယ်။ 
ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားနှင့် သမိုင်းအကျဉ်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြား ပင်လယ်ပြင်မှာ ထင်ရှားရှိသောနတ်လမ်းသမိုင်းဝင် ဆံတော်ရှင်စေတီတော်တစ်ဆ ူ(ကျိုက်နဲဘုရား)ရှိတော်မူလေသည်။

ကမ်းခြေမှ (၁)မိုင် (၆)ဖာလုံ အဝေးမှာရှိပြီး သူတော်စင် ပါရမီရှင်များသာ သွားရောက်ဖူးမြင် ကုသိုလ်ပြုဆုတောင်းနိုင်လေသည်။

“ကျိုက်နဲဘုရား ထင်ရှားသမိုင်းပင်လယ်မှာတည် စေတီရေဝိုင်းကုသိုလ်ရှိမှ ရောက်ကြပျော်နိုင်ဆံတော်ရှင် ဖူးမြင်ဆုတောင်းခိုင်း”

ဒီသမိုင်းဝင်ဆံတော်ရှင်စေတီ ကျိုက်နဲရေလယ်ဘုရားကို သုဝဏ္ဏဘူမိ သထုံမြို့ဌာနီ မွန်တို့ပြည် သီရီမာသောကမင်းကြီးလက်ထက်၌ ဂဝမ္ပတိမထေရ်မြတ်၏ ကျေးဇူးရှင်မိခင်ကြီးကို အကြောင်းပြု၍

မဟာသက္ကရာဇ်(၁၁၁)ခုနှစ်၊ ဘီစီ(၅၈၁) မြတ်စွာဘုရားရှစ်ဝါရှိသော ကာလမှာ ရဟန္တာသံဃာတော် နှစ်သောင်းခြံရံလျက် ယခုကျိုက်နဲဘုရား တည်ရှိနေရာသို့ ကြွရောက်လာပြီး နောက်အခါ ငါဘုရား၏ ဆံတော်တစ်ဆူ ရောက်ရှိလာမည်ဟု ဗျာဒိတ်တော် ပေးသနားတော်မူလေသည်။
 တို့မြတ်ဘုရား ရှစ်ဝါကာလဒေသစာရီ ကြွချီမညဂဝမ္ပတိ အမိထေရချီးမြှောက်က လာကြသံဃာနှင့်”

လွန်လေပြီးသောအခါ ဘဝတခုမှာ တို့မြတ်ဘုရား ငါးကြင်းဖြစ်၍ သိန်းငှက်တစ်ကောင် ပင်လယ်ပြင်တစ်နေရာမှ ဖမ်းချီလာပြီး ဤကျောက်ဆောင်ပေါ်၌ စားခဲ့လေသည်။ ၎င်းကျောက်ဆောင်ပေါ်မှာပင် နတ်ဘီလူးကြမ်းများကို ဆုံးမတော်မူရာ မေတ္တာဓာတ်နှင့် အောင်မြင်တော်မူ၍ ဗျာဒိတ်တော် မွန်လူမျိုးတို့က ကျိုက်နဲဘုရား(အောင်တော်မူဘုရား)ဟုခေါ်ဆိုကြကုန်၏။

“လွန်လေပြီးခါ ငါးကြင်းဘဝသိန်းငှက်ဖမ်းလာ စားရာဌာနနတ်ဘီးလူးပေါင်း ငါအောင်မြင်ပမွန်တို့က ခေါ်ကြကျိုက်နဲမည်”

ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားကို အရှေ့ဖက်ကမ်းခြေမှမျှော်၍ လှမ်းကြည့်သော် ပင်လယ်ရေနက် ချိုင့်ခွက်အလယ်မှာ မြတ်စွာဘုရား၏ ဆံတော်တစ်ဆူ ရွှေခွက်ထဲထည့်၍ မျှောထားသလိုကို သဒ္ဓါကြည်ညို သွားရောက်ကုသိုလ်ပြု သာဓုခေါ်နိုင်သည်။

“ကမ်းခြေဖက်မှ မျှော်ထကြည့်သော်ဘုရားဘေးဖက် ချိုင့်ခွက်လို့နော်ရွှေခွက်ပမာ မျှော်ထားဆံတော်ယုံကြည်သော် ကော်ရော်ပူဇော်ပါ”

ကျိုက်နဲရေလယ်ဘုရားကို သွားရောက်ဖူးမျှော်လိုပါက ကမ်းခြေမှ (၁)မိုင်(၆)ဖာလုံရှိ နတ်လမ်းနဲ့လည်းခြေလျင်လျှောက်သွားရောက်နိုင်သည်။

“ဘုရားမြတ်ထံ နတ်လမ်းလျှောက်ကာတစ်မိုင်ကျော်လောက် ခြောက်ဖာလုံံမှာကျိုက်နဲစေတီ တန်ခိုးကြီးမားတည်၍ထား လာရောက်ပူဇော်ပါ”
ကျိုက်နဲစေတီ တန်ခိုးကြီးဘုရားကို ပင်လယ်ရေပြင်မှာရှိ၍ လေးဘက်ရပ်မှ ဒီရေလေကြမ်း လှိုင်းထန်ကြီးများက တိုးဝင် လာပြီးမလွှမ်းမိုးနိုင်ပါ။

ဘုရားရှိကုန်း ပရဝုဏ်ပတ်လည်မှာလည်း နတ်တကာများက ကျောက်တိုင်လေးခု ကာကွယ်ပြုထား၍ဘေးရန်ကင်းစွာ သွားရောက်ဖူးမျှော်နိုင်သည်။

“ဓါတ်တော်မြတ်ထံ ရေကြမ်းဒီလှိုင်းပြေးဝင်လို့တိုး လွှမ်းမိုးမနိုင်လေးဘက်ရပ်မှာ ရှိထားကျောက်တိုင်သဒ္ဓါခိုင်း ကိုယ်တိုင်ကြည်ညိုပါ”

ကျိုက်နဲ(အောင်တော်မူ)ဘုရားကို ကြည်ညိုသဒ္ဓါရှိ၍ ရှိခိုးပူဇော်ရသည့် အကျိုးကား အပါယ်လေးပါး လမ်းတံခါးပိတ်ပြီး ယခုမျက်မှောက်ဘဝ၌ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာပျော်ရွှင် နောင်တမလွန်ဘဝမှာလည်း လူနတ်ချမ်းသာ အမတာနိဗ္ဗာန်သို့ရောက်ရှိ လေတော့သတည်း။

“ဘုရားတန်ခိုး ကြည်ညိုပူဇော်အပါယ်လေးပါး တံခါးပိတ်ပျော်နတ်လူနိဗ္ဗာန် အေးချမ်းမြို့တော်ကုသိုလ်ခေါ် စောစောလာခဲ့ပါ”

ဘုရားပေါ်ဆွမ်းတော်ကပ်ချင်တဲ့ ရပ်နီးရပ်ဝေးမှ ရွှေဧည့်သည်တော်များအတွက်

ကျိုက်နဲ့ရေလယ်ဘုရားဆီ ဘုရားပေါ်ဆွမ်းတော်ကပ်ချင်တဲ့ ရပ်နီးရပ်ဝေးမှ ရွှေဧည့်သည်တော်များအတွက် တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် အဖိတ်နေ့ မနက်ပိုင်းမှ ညနေပိုင်းအထိ ဧည့်သည်များအတွက် ရေလယ်ဘုရားဆီ အလွယ်တကူ သွားရောက်နိုင်ရန် ဝဲကလောင်းရွာမှာ စနစ်တကျ စီစဉ်ပေးထားသော လှေများနှင့် အန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ပေးပါတယ်။
ဘုရားပေါ်တစ်ညအိပ်ရင်း နေဝင်ချိန် နေထွက်ချိန် နှင့်အတူ ရေလယ်ဘုရားရဲ့ ရေကျပြီးနောက်ပိုင်း မြင်ရတဲ့ တုနှိုင်းမမှီ တင့်တယ်လှပတဲ့ ကျောက်ဆောင်ကျောက်တန်းများရဲ့ အလှကို တဝကြီးမြင်တွေ့ခံစားနိုင်ရမှာပါ။ လပြည့်နေ့မနက်စောစောပိုင်းမှာ ဆွမ်းတော်ကပ်ပြီးရင် ကမ်းခြေသို့ င်္စီစဉ်ပေးထားသောလှေများနှင့် ပြန်လည်ပို့ဆောင်ပေးပါတယ်။
ဆွမ်းတော်ကပ်မည့်သူများအတွက် လိုအပ်တဲ့ တဲ့ ပစ္စည်းတန်ဆာများ

သစ်သီးဝလံ၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ညအိပ်မည်ဖြစ်တဲ့အတွက် Power Bank ၊ မြန်မာရိုးရာဝတ်စုံ(သို့)တိုင်းရင်းသားရိုးရာဝတ်စုံအပိုထည့်လာပါရန်။ မျက်နှာသုတ်ပုဝါ။ စသဖြင့် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများထည့်လာနိုင်ပါတယ်။

ရေလယ်ဘုရားဆီ – ၂၁ နိုဝင်ဘာ ၂၀၁၈ (မနက်ပိုင်းကနေ လှေစကြို)
ဆွမ်းကပ် – ၂၂ နိုဝင်ဘာ ၂၀၁၈ (မနက်အာရုံမတက်ခင် အစောပိုင်း)

ဘယ်လိုလာရမလဲ

မော်လမြိုင် သံဖြူဇရပ် ဘက်ကနေလာဖူးမျှော်မယ့် ဧည့်သည်များအတွက်

သံဖြူဇရပ်မြို့အစွန်ဘက်ရောက်လာခဲ့လျှင်“ရေး” သို့ နဲ့ “ပင” သို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းပုဒ်တွေ့မြင်နိုင်ပါတယ်။

“ပင” သို့ ဘက်ကို လာရပါမည်။ လမ်းကြောင့်တည့်တည့်သာ ဆင်းလာလျှင် ပငရွာကိုရောက်ရှိမည်။ ပင ရွာ ဆားကွင်းကိုဖြတ်ပြီးရင် ကရုပ္ပိ စံပြကျေးရွာကို ရောက်ရှိမှာဖြစ်ပါတယ်။

ကရုပ္ပိ ကိုဖြတ်ကျော်ပြီးတာနဲ့ ကျိုက်နဲရေလယ်ဘုရား ကျင်းပရာ ဝဲကလောင်းရွာကို ရောက်ရှိပြီးဖြစ်ပါတယ်။

ဝဲကလောင်းရွာ ရောက်ရှိပြီးတာနဲ့ တည့်တည့်မောင်လာရာ ရွာအဆုံးတွင် ကျိုက်နဲရေလယ်ဘုရား သို့သွားရာလမ်း မုဒ်ဦးတစ်ခုကို တွေ့မြင်က လမ်းကြောင်းအတိုင်းသာ ဆင်းမောင်းလာနိုင်ပါတယ်

Source-wk mm

#36myanmarchannel
Credit