Tuesday, November 23, 2021

■ တစ်နေ့က ဖမ်းဆီးရမိတဲ့လက်နက်တွေထဲမှာတူရကီထုတ်လက်နက်တွေပါသလိုM-16 တွေလည်း ပါတာတွေ့ရပါတယ်။အထူးသဖြင့် စိတ်ဝင်စားတာကတော့FGC-9 ဆိုတဲ့ ဥရောပနိုင်ငံရဲ့ပူပူနွေးနွေး ၂၀၂၀ ထုတ်ဆီမီးအော်တိုမက်တစ်ကာဘိုင်သေနတ်ပါပဲ။

■ ကာဘိုင်ဆိုပေမယ့်လည်း
ပြောင်းတိုတာရယ်၊ ကျည်အမျိုးအစားက
၉ မမဖြစ်တာရယ်ကြောင့် 
အနီးကပ် တိုက်ပွဲတွေမှာ
အတော်လေးအသုံးတည့်တဲ့ 
လက်နက်ငယ်အမျိုးအစားဖြစ်သလို
အလေးချိန်ကလည်း 
၄ပေါင်နဲ့ ၁၀ အောင်စ လောက်ပဲလေးပါတယ်။
■ အားသာချက်အနေနဲ့တော့
ရွှေ့ပြောင်းတိုက်ခိုက်ရေးအချိန်တွေမှာ
အလွယ်တကူ ဖွက်ပြီး
ရုပ်ဖျက်သယ်ဆောင်နိုင်တာရယ်၊
အနီးကပ် တိုက်ပွဲတွေမှာ 
ပစ္စတိုထက် တိကျမှုရှိတာဖြစ်ပါတယ်။
အားနည်းချက်ကတော့  
နီပေါထုံးစံအတိုင်း အနီးကပ်မဟုတ်ရင်
ထိရောက်မှုရှိမှာမဟုတ်ပါဘူး။
■ မြို့နယ်အသီးသီးက 
စစ်ဆေးရေးဂိတ်နေရာတွေမှာ 
တာဝန်ထမ်းဆောင်နေကြတဲ့ 
လုံခြုံရေးအဖွဲ့တွေအနေနဲ့
ပစ္စတိုထက်အားသာပြီး 
အနီးကပ်တိုက်ခိုက်မှုမှာအားသာတဲ့
ဒီလို သေနတ်မျိုးကို 
ရန်သူတွေကိုင်ဆောင်နေကြတယ်ဆိုတဲ့
အသိ၊သတိလေး ရှိထားကြဖို့လိုပါတယ်။
#ဖိုးစီ