Wednesday, November 24, 2021

#NLD_အကြမ်းဖက်သမားဖြိုးဇေယျာသော်... ၏ ကိုယ်ရေးရာဇဝင် အကျဉ်း...။

  ဖြိုးဇေယျာသော် အား ( ၂၆-၃-၁၉၈၁ ) တွင် အဖ 
ဒေါက်တာမြသော်၊ အမိ ဒေါက်တာခင်ဝင်းမေ တို့ မှ 
ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့ပြီး၊ ၂၀၀၃ - ခုနှစ်တွင် ရတ
နာပုံတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြု(E-major) 
ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်၊ ဘွဲ့ရရှိပြီး အနုပညာ အလုပ်
အဆိုတော်အလုပ်ကိုလုပ်ကိုင်ခဲ့သည်...။
  ၂၀၀၇ - ခုနှစ်တွင် တရားမဝင် အသင်းဖွဲ့စည်းခြင်း၊
တရားမဝင် ငွေကြေးကိုင်ဆောင်ခြင်းတို့ဖြင့် ထောင်
၆-နှစ် ကျခံရပြီး၊ ၂၀၁၁ - ခုနှစ်တွင် လွတ်ငြိမ်းချမ်း
သာခွင့်ဖြင့် ပြန်လွတ်လာပြီး၊၂၀၁၂ ခုနှစ်တွင် NLD 
ပါတီသို့ဝင်ရောက်ခဲ့သည်၊ 
  ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် 
ဇမ္ဗူသိရိ လွတ်တော်အမတ်အဖြစ်၎င်း၊ ၂၀၁၅ ရွေး
ကောက်ပွဲတွင်လည်း ဇမ္ဗူသိရိမှပင် လွတ်တော် အ
မတ်ဖြစ်ခဲ့ပြီး၊ ၂၀၂၀ တွင် ရွေးကောက်ပွဲဝင်ရောက်
ခြင်းမရှိခဲ့ပါ၊ ဖြိုးဇေယျာသော် သည် ဒေါ်စု၏ ပြည်ပ
ခရီးစဉ်များ၊ ပြည်တွင်းခရီစဉ်များနှင့် စည်းရုံးရေးခရီး
စဉ်များတွင် အမြဲတစေလိုက်ပါခဲ့ပြီး ဒေါ်စုကြည် ၏ 
ယုံကြည် စိတ်ချရသူ တယောက်လည်းဖြစ်သည်။
၁ ဖေဖော်ဝါရီလ ၂၀၂၁၊ နောက်ပိုင်းတွင် ဖြိုးဇေယျာ
သော်သည် NLD ၏အကြမ်းဖက်အဖွဲ့ဖြစ်သည့် CR
PH နှင့် NUG တို့မှ ဝရမ်းပြေး ဇော်ဝေစိုး ၊ လွင်ကို
လတ်၊ ရည်မွန် တို့နှင့်ဆက်သွယ်ပြီး Special 
Task Force (STF) နှင့် People Defence
Force (PDF) ကိုဖွဲ့စည်း၍ ရန်ကုန် အကြမ်းဖက် 
အဖွဲ့ခေါင်းဆောင်တာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့သည်၊ 

NLD ၏ အကြမ်းဖက် PDF ခေါင်းဆောင် ...
ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်များအရ...ရန်ကုန်
မြို့တွင်း ... ဗုံးထောင်- မိုင်းထောင်၊ အပြစ်မဲ့ပြည်သူ
များ၊လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး
မှုးများအား သတ်ဖြတ်မှူ (၁၅) ကြိမ်အား ကျူးလွန်ခဲ့
ကြောင်း ကနဦးဖော်ထုတ်ချက်များအရ သိရှိရသည်။ 

* လမ်းမတော်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှုးအား အိမ်
   မှအဆင်းလှေကားရင်းတွင် ဦးခေါင်းကို သေနတ်
   ဖြင့် ပစ်သတ်ခဲ့မှု၊ 18-5-2021
* စမ်းချောင်း၊ စီမံအုပ်ချုပ်ရေးမှုးရုံးအား ပစ်ခတ်မှု၊
   21-5-2021
* သာကေတ၊ မာန်ပြေ အရှေ့ ၂၀-လမ်းတွင် အပြစ်
   မဲ့ပြည်သူတဦးအား ပစ်ခတ် သတ်ဖြတ်ခဲ့မှူ၊
   27-5-2021
* မရမ်းကုန်း၊ မင်းဓမ္မလမ်း၊ MCC ခန်းမရှေ့၊ အပြစ်
   မဲ့ပြည်သူ ဦးအောင်မင်းအား Taxi ပေါ်တွင် ပစ်
   ခတ်သတ် ဖြတ်မှု၊ 25-5-2021
* ဒေါပုံတွင် ဦးထွန်းရီ အားပစ်ခတ်သတ်ဖြတ်မှု၊
   3-6-2021
* သာကေတ၊ လုံခြုံရေးအဖွဲ့အား ပစ်ခတ်သတ်ဖြတ်
   မှု၊ 7-6-2021
* မရမ်းကုန်း၊ ဘုရင့်နောင် လှသီတာရွှေဆိုင်အား
   ဓမြတိုက်မှု၊ 11-7-2021
* မ/ဒဂုံ၊ ၃၅-ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ မြိုင်မဟာ
   လဘက်ရည်ဆိုင်တွင်း အပြစ်မဲ့ ပြည်သူများအား 
   ပစ်ခတ်သတ်ဖြတ်မှု၊ 5-8-2021
* တ/ဒဂုံ၊ ၅၇-ရပ်ကွက်၊ စီမံ့အုပ်ချုပ်ရေးရုံးအား ပစ်
   ခတ် သတ်ဖြတ်မှု၊ 21-8-2021
* စမ်းချောင်း၊ သံတံတားရပ်ကွက်၊ ဗဟိုလမ်းတွင် 
   လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့
   များအား ဗုံးပစ် သေနတ်နှင့် ပစ်ခတ်တိုက်ခတ်မှု၊ 
   9-9-2021
* လှိုင်သာယာ၊ ဘုရင့်နောင်တံတားအဆင်း လုံခြုံ
   ရေးဂိတ်အား ပစ်ခတ်တိုက်ခတ်မှု၊ 22-8-2021
* ကြည့်မြင်တိုင်၊ ဘားဂရား၊ ယာဉ်ထိမ်းရဲကင်းအား 
   ပစ်ခတ် တိုက်ခိုက်မှု၊ 23-10-2021
* ဗိုလ်တထောင်၊ ယာဉ်ထိမ်းရဲကင်းအား ပစ်ခတ်
   တိုက်မှု၊ 23-10-2021
* ဒေါပုံ ရဲစခန်း (27-10-2021) နှင့် လှိုင်ရဲစခန်း
   (31-10-2021) အားပစ်ခတ်တိုက်ခတ်မှု၊ 
* မရမ်းကုန်း၊ Mytel GM ပစ်သတ်ခံရမှု
  (4-11-2021)
အထက်ပါ အကြမ်းဖက်မှုများတွင် ဖြိုးဇေယျာသော် 
မှ အကြမ်းဖက် လူသတ် သမားများအား လက်နက်
ထုတ်ပေးခြင်း၊ စီမံညွှန်ကြားခြင်း၊ ထောက်ပံ့ပေးခြင်း
များကို နောက်ကွယ်ကပြုလုပ်ခဲ့သည်...ာ
#သတင်းစဉ် (22-11-2021)