Tuesday, November 23, 2021

NUG အကြမ်းဖက်အဖွဲ့ရဲ့ “Hit List” ဘာလဲ၊ ဘယ်လဲ


ယခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ Hot ဖြစ်နေတဲ့ကိစ္စတစ်ခုကတော့ NUG အကြမ်းဖက် အဖွဲ့ရဲ့ အကြမ်းဖက်သတ်ဖြတ်မယ့်အမည်စာရင်း "Hit List" ထွက်လာပြီး လက်အောက်ခံ PDF အဖွဲ့တွေကို NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူက တိုက်ရိုက်ညွှန်ကြားဆောင်ရွက်နေတယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေအကြားမှာ ဟိုးလေး တကျော်ကျော် ဖြစ်သွားခဲ့တာပါ။ ဒီသတင်းထွက်ပေါ်လာ ပြီးနောက်မှာ NUG အကြမ်းဖက် အဖွဲ့က ဆာဆာနဲ့ ဇင်မာအောင်တို့က ထွက်ပေါ်နေတဲ့ “Hit List” စာရင်းက သူတို့လုပ်တာ မဟုတ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို အသည်းအသန် ဖြေရှင်းချက်ပေး နေရတာကို တွေ့ရပါတယ်။

မဟာမိတ်လက်အောက်ခံအကြမ်းဖက်အဖွဲ့
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ဆာဆာက NUG အဖွဲ့အနေနဲ့ အကြမ်းဖက် သတ်ဖြတ်ရမယ့် အမည်စာရင်း “Hit List” ကို ၎င်းရဲ့ မဟာမိတ် လက်အောက်ခံ အကြမ်းဖက်အဖွဲ့တွေဆီကို ပေးပို့ခဲ့ တယ်ဆိုတဲ့သတင်းက သတင်းမှားတွေသာ ဖြစ်တယ်ဆိုပြီး သဘောထားထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာလည်း NUG အကြမ်းဖက်အဖွဲ့က ဇင်မာအောင်ကလည်း အလားတူ ဖြေရှင်းချက်မျိုး VOA မီဒီယာကို ဘူးခံပြီး ငြင်းဆို ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
https://mnpnewsagency.com/23/11/2021/5041/