Wednesday, November 24, 2021

( ပဒိုင်းသီး စားမိသော NUG )ရဲ့ဘဝ နိဂုံး ။


ဆုပ်လည်းစူး နမ်းလည်းမူး စားလည်းရူးမဲ့အခြအနေတရပ်နဲ့ရင်ဆိုင်နေရသော ( NUG ) ဟာ
သူတို့ရဲ့ရှေ့ဆက်မဲ့ စီမံကိန်းများအပေါ် အဓိက လိုအပ်ချက်ကတော့ ( ငွေကြေး ) အမြောက်အများရရှိဖို့နဲ့ ( ပြည်သူလူထုထောက်ခံအားလိုအပ်နေတာပါ )ယ္ခုလက်ရှိအခြေအနေတရပ်ကို ယထာဘူတကျကျ သုံးသပ်ဝေဖန်ကြည့်ရင် နွေဦးတော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အလှူခံနည်းအဖုံဖုံ ကမ်ပိန်းအမျိုးမျိုး ဆန္ဒပြနည်းအသွယ်သွယ်တို့ဖြင့် မနားမနေကြိုးစားလိုက်ကြတာ လက်ရှိအချိန်ထိ ဘာတခုမှ ထိထိရောက်ရောက် အကောင်အထည်ပေါ်လာတာမျိုးတခုမှမမြင်ရသလို ဘာကိုမှ အောင်မြင်သည်အထိ စွမ်းဆောင်နိုင်တာကို မမြင်ကြရသေးပါ ~
ဒီလိုအခြေအနေမှာ ( NUG )  အကြမ်းဖက်အဖွဲ့ရဲ့  ပြည်ပြေးခေါင်းကြီးပိုင်းတို့ စဉ်းစားခန်းဖွင့်ရင်းဇာတ်လမ်းသစ် ပြကွက်သစ် ဇာတ်ညွှန်းသစ်အဖြစ် ထပ်မံရေးဆွဲလာတာကတော့  ( နွေဦးထီ ) ဆိုတာပါဘဲ ~
( အကြံကုန်၍ ဂဠုန်ဆားချက်မိသော ၊ လည်းကောင်းနွေဦးထီဆိုသည်မှာ လည်း )စတင်ရောင်းကာစ ကာလလောက်မှာသာ အရူးအမူး ပညာမဲ့ လူတန်းစားနဲ့ ခေါင်းမပါသူအနည်းငယ်လောက်ကသာ အားပေးကြပြီး နောက်လတွေမှာတော့ ( အသံသာကြားရရ၍ လူမမြင်ရသော လေလှိုင်းအစိုးရအတု၏ ) အာမခံချက်ကင်းမဲ့မှု ငွေဖြူမဟုတ်သဖြင့် ဥပဒေအရ ထီပေါက်သူသည် မည်သူမည်ဝါဖြစ်သည်ကိုပင် မကြေညာရဲသောအနေအထားတို့ကြောင့် ထီထိုးသူဆိတ်သုဉ်းကာ ဘဝပျက်သော " ထီ " အဖြစ်အသွင်ပြောင်းခဲ့ရပြန်၏ ~
ဒီမှာတင်အားမလျော့သေး နောက်တဖန် ဉာဏ်နီ ဉာဏ်နက် ဉာဏ်ပြာ ဉာဏ်ဝါ ဉာဏ်စတော်ဘယ်ရီရောင် စသည်ဖြင့် အကုန်ထုတ်ပြီး ကစားကွက်အသစ်ကို ဗားရှင့်မြှင့်ကာ ( ငွေတိုက်စာချုပ် ) အမည်ဖြင့် နောက်ဆုံးဝှက်ဖဲတခုကို အယုံသွင်း၍
မိဘပြည်သူများ ကိုဗစ် နဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ( စီးပွားပျက် ) နေကြရသည့်အထဲ ဘယ်သူသေသေ ငတေမာရင်တော်ပြီဟု နှလုံးသွင်းကာ ( ငွေတိုက်စာချုပ်အတုပြုလုပ်ပြီး ) အစိုးရမဟုတ်ပါဘဲ ဟုတ်သယောင်ယောင်ဖြင့် ပြည်သူကိုလှည့်စား အချောင်သမားတို့ ဂွင်ဖန်လာပြန်တာတွေ့ရပြန်၏ ~
နိုင်ငံမဲ့ ၊ အစိုးရရုံးနတ္ထိ ၊ ဝန်ကြီးဌာန မရှိ ၊ အဆောက်အဦ ဝေလာဝေး၊ ပြည်ထဲရေးမပါ ၊တပ်မတော်မရှိ ၊ ခြေသလုံးအိမ်တိုင် မဲသခိုး ဂျလေဘီ အစိုးရမျိုးက ( ငွေတိုက်စာချုပ် ) ထုတ်ရောင်းတယ်ဆိုတာဟာ ( တော်ယုံတန်ယုံ အရှက်တရားလောက်နဲ့တော့ ) မဖြစ်နိုင်ပြီ ) အရှက်ကင်းမဲ့မှုက စကေးကြမ်းလှပါ၏ ~
လည်းကောင်းတို့၏ ( နွေဦးထီ နှင့် ငွေတိုက်စာချုပ်ကို ဝယ်ယူမိသော နီပြိန်းတို့မှာလည်း ) သူတို့၏ဆရာသမားများကဲ့သို့ပင် ( ပဒိုင်းသီးကိုသိပါလျက် မြိန်ယှက်စွာ အတူတကွ စားသုံးမိလျက်သားပင်ဖြစ်တော့၏ ) 
သူတို့၏ ဘဝသည်ကား ( ဆုပ်လည်းစူး စားလည်းရူး နမ်းလည်းမူးယုံသာ ) ရှိချေသည် ~
ဤစာစုအား အတိုချုံးကာ ( လို တို ရှင်း ပြတ် ) အရေးအသားဖြင့် ပုံဖေါ်ထားပါကြောင်း နောက်နောင် အလျှဉ်းသင့်ပါက ခေါင်းစဉ်ကွဲ ပုံစံကွဲများဖြင့် ကျွန်တော် ခေတ်ဘုန်းခ,မှ ဆက်လက်တင်ပြရေးသားပါဦးမည် ။ ။ ။

ခေတ်ဘုန်းခ  ~ Khit Bone Kha 

 အားလုံးကို ကျေးဇူးတင်ပါသည် ။

တောင်ကြီးမြို့

10 : 47 : 06   { 23 . 11 . 2021 } WED