Thursday, November 4, 2021

ကုလဆိုင်ရာအစ္စရေးသံအမတ်ကြီးကUNHRCအစီရင်ခံစာကို စင်မြင့်ပေါ်၌ ဒေါသတကြီး ဆုတ်ဖြဲ

.…………………………………
သောကြာနေ့ ကုလသမဂ္ဂအစည်းအဝေးတွင် အစ္စရေးနိုင်ငံ အမြဲတန်းသံအမတ်ကြီး_ဂီလတ်_အာဒမ်သည် လူ့အခွင့်အရေးကောင်စီ၏ ဂျူးနိုင်ငံအပေါ် တရားမမျှတမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး စင်မြင့်ပေါ်တွင် မ်ိန့်ခွန်းပြောကြားနေခိုက် UNHRC ၏ နှစ်လည်အစီရင်ခံကို ဆုတ်ဖြဲခဲ့သည်ဟု Times of Israel (30 October 2021) က ရေးသားသည်။
...   
နှစ်ပတ်လည်အစီရင်ခံစာကို တင်သွင်းသည် အထူးအစည်းဝေး၌ UNHRC သည် ဂျူးဆန့်ကျင်ရေး ဘက်လိုက်မှု၌ အစွဲအလမ်း ကြီးလွန်းနေကြောင်း အစ္စရေးသံအမတ်ကြီးက ပြောဆိုလိုက်ပြီး ကောင်စီဖွဲ့စည်းခဲ့သည့် ၁၅-နှစ် တာ ကာလအတွင်း အခြားနိုင်ငံအားလုံးပေါင်းနှင့် နှိုင်းယှဉ်ပါက ၁၄၂ မှုတွင် ဆုံးဖြတ်ချက် ၉၅ ခုမှာ အစ္စရေးနိုင်ငံအပေါ် ပစ်မှတ်ထားခြင်း ဖြစ်နေကြောင်း၊ အီရန်ထက် ၁၀ ဆ သို့မဟုတ် ဆီးရီးယားထက် ၃၅ ဆ မက တဲလ်အဗီအား အပြစ်တင်ရန် ကောင်စီက ဆုံးဖြတ်ခဲ့ကြောင်း ထောက်ပြလိုက်သည်။
..  
ထိုသို့ အခြေအနေရှိခြင်းကြောင့် အားလုံးအတွက် အလွန်အကျုံး၀င်သော ဂျူးလူမျိုးတို့၏ အမျိုးသားအိမ်ရာပိုင်ဆိုင်ခွင့်ကို လူမျိုးရေးခွဲခြားမှုဟု ကြေညာခြင်းဖြင့် ပြောင်းပြန်လှန်ကာ တမင် ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုစဉ်က အစ္စရေးသံအမတ်ကြီးဖြစ်သူ ဟိုင်း_ဟာဇော့သည် အဆိုပါ ဆုံးဖြတ်ချက်အား ကုလသမဂ္ဂတွင် ဆုတ်ဖြဲပစ်ခဲ့ကြောင်း၊( နောင် တဲလ်အဗီသမ္မတဖြစ်သွားခဲ့သူ) သံအမတ်ကြီး ဟာဇော့၏ ၁၉၇၅-ခုနှစ် နို၀င်ဘာမိန့်ခွန်းကို ပြန်လည်ရည် ညွှန်းကာ ဂျူးမုန်းတီးရေးနှင့် တစ်ဖက်သပ်ဆန်သည့် အစီရင်ခံစာများအပေါ် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပြသခြင်းပင်ဖြစ်ကြောင်း အစ္စရေးသံအမတ်ကြီးက ပြောကြားသည်။
..  
အစီရင်ခံစာ၏ အဓိကဆိုလိုသည့် အချက်မှာ ဂျူးမုန်းတီးရေး အမှိုက်ပုံးအတွင်း၌သာ ရှိနေကြောင်း UNHRC ၏ အစီရင်ခံစာကို ဆုတ်ဖြဲ၍ အစည်းအဝေးခန်းမမှ မထွက်ခွာမီ အစ္စရေးအမြဲတန်းသံအမတ်ကြီး ဂီလတ်အာဒမ်က ကုလသမဂ္ဂစင်မြင့်ထက်၌ မှတ်ချက်ပြုခဲ့သည်။

credit:Htay Oung

Related Posts:

  • NLD နှင့် သူ၏ရန်သူများတပ်မတော်လဲ ရန်သူ?ရဲတပ်ဖွဲ့လဲ ရန်သူ ?စျေးဖွင့်ရင်လဲ ရန်သူ?CDM မလုပ်ရင်လဲ ရန်သူ?အရောင်ကွဲရင်လဲ ရန်သူ?ဘီယာရောင်းရင်လဲ ရန်သူ?Mytel mptဖုန်းဘေလ် ရောင်းရင်လဲ ရန်သူ?ထီရောင်းရင်လဲ ရန်သူ?သံပုံးမတီးရင်လဲ ရန်သူ?ဆန္ဒပြ မလိုက်ရင်လဲ ရန်သူ?… Read More
  • တပ်နဲ့ ပတ်သက် ဆက်နွယ်နေသူတွေ အထူးသတိထားနေထိုင်ပေးကြပါရန်ကချင်ပြည်နယ် ဘက်မှာ တပ်မတော် အရာရှိ စစ်သည်တွေနဲ့ ယူထားကြတဲ့ လဝေါ်မ များ၊ လချိန်မ များ၊ ဂျိန်းဖော့မ များ သတိထားပြီးနေကြပါ ( ခလရ ၅၈ တပ်ရင်း က ကချင်မတွေ အထူး)  အခုချိန်မှာ KIA PDF အဖွဲ့တွေ ခလရ ၅၈ ကို ဝင်တိုက်တာသုံးကြိမ်ရှိနေပါပြ… Read More
  • 🎲🎲🎲 စိုးရိမ်ခဲ့ရဖူးတယ်.....ဗိုလ်ချူ ပ်ခင်ညွန့်လက်ထက်တည်းက တာဝန်ထမ်းဆောင်လာခဲ့တဲ့ ထောက်လှန်းရေးအရာရှိ အကိုတစ်ယောက်နဲ့စကားပြောဖူးတယ်...၂၀၁၉လောက်က ၅၉(စ) ဆိုတဲ့ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဥပဒေကိုပြင်မဲ့လုပ်တော့ စိုးရိမ်တယ်..… Read More
  • လူ့ကျင့်ဝတ် ပြင်ပက လူသားများ         ​ဆင်ခောတ် မြင်းခေါတ်တုန်းက  သူဌေးတဦးဟာ အလွန် တန်ဖိုးကြီးတဲ့ မြင်းကြီးတကောင်စီးပြီး ခရီးထွက်လာပါတယ် ။        လမ်းခရီး တနေရာမှာ ဆင်းရဲသားတယောက်က လမ်းဘေးမှာ တုံးလုံးလဲ ညည်းညူနေပါတယ် ။ သူဌေးကမြင်တော့ မြင်းပေါ်ကဆင်းပြီး… Read More
  • NLDပျက်စီးရခြင်း၏ အကြောင်းရင်းတစ်ရပ် မကြာမီ NLDပါတီသည် ဥပဒေကြောင်းအရဖျက်သိမ်းခံရမည်ဖြစ်ပြီး မြန်မာ့နိုင်ငံရေးလောကမှအပြီးတိုင်ပျောက်ကွယ်သွားမည်ဖြစ်သည်။ အလားတူပါတီမျိုး ဆက်လက်ထွက်ပေါ်ရှင်သန်လာနိုင်ရန်လည်း မျှော်လင့်စရာမရှိပေ။ယင်းပါတီပျက်စီးရခြင်းအကြောင်းရင်း သောင်… Read More