Wednesday, November 3, 2021

🐬 " အိပ်မက်ဆိုးများနဲ့ အမေရိကန် " 🐬 US, the country with nightmare.


အမေရိကန်ခေတ် နိဂုံးပိုင်းရောက်ပြီလို့ရေးတော့ တချို့က 
လက်မခံချင်ကြဘူး၊ အစွဲ မပါပဲ ပြနေတဲ့လက္ခဏာတွေကို
လေ့လာနိုင်ရင် မြင်ရပါတယ်၊

မူရင်းဆောင်းပါးကို ဖြန့်ကျက်တွေးရင်ကိုပဲ အမေရိကန်ဟာ
သိန်းငှက်အိုကြီး ဖြစ်မှန်းမသိဖြစ်လာတာကို
တွေ့ရပါလိမ့်မယ်၊

.............

🐬 ရွေးကောက်ပွဲကို ရုရှားတွေခြယ်လှယ်ဦးမယ်
        Meddling US 2020 Election.

2016 ရွေးကောက်ပွဲမှာ ရုရှား FSB ခြေရှုပ်ခဲ့တယ်၊
Facebook က ဇူကာဘတ်တောင် ကြားနာစစ်ဆေးခံလိုက်ရ
သေးတယ်၊
လာမဲ့ 2020 အမေရိကန်ရွေးကောက်ပွဲမှာလဲ ရုရှားတွေ
ဝင်ရောက်ခြေရှုပ်ဖို့ ကြိုးစားနေပါတယ်လို့ အမေရိကန်
ထောက်လှမ်းရေးက သတိပေးပြောလာပြီ၊

အမေရိကန်တွေ ဘာကြောင့်ရုရှားထောက်လှမ်းရေးကို
စိုးရိမ်နေကြရတာလဲ ?
အဲ့ဒီအချက်ကိုက အမေရိကန်တွေအနေနဲ့ Competitiveness 
ဆိုတဲ့ ယှဉ်ပြိုင်နှိုင်စွမ်ရည်ကျဆင်းသွားတယ်ဆိုတာကို
ပြပေးလိုက်တာပဲ၊

...............

🐬 စီအိုင်အေ လက်ပန်းကျသွားပြီလား
       Fatigue CIA !

တချိန်တုန်းက KGB ဆိုတဲ့ ရုရှားထောက်လှမ်းရေးဟာ
အတော် လက်စောင်းထက်ခဲ့ဘူးတယ်၊ နောက်တော့
CIA တက်လာတယ်၊ ကမ္ဘာ့ ဘယ်ဒေသ မြေနေရာမှာမဆို
CIA ခြေမချဘူးတဲ့နေရာမရှိဘူးလို့ ဆိုရလောက်အောင်ကို
စီအိုင်အေခေတ်ဖြစ်ခဲ့တယ်၊ ဆိုဗီယက်ယူနီယံကြီး
ပြိုကွဲသွားတာ စီအိုင်အေ ပရောဂက အဓိကပဲ၊

ဂိုဘာချော့ဗ်ကနေ အာဏာက ယဲလ်ဆင်ဆီရောက်တယ်
ယဲလ်ဆင်ကတဆင့် သူ့လက်ထောက် ပူတင်ဆီရောက်ပြန်တယ်
KBG ဟောင်း ပူတင်က FSB ကိုအကောင်းဆုံးတည်ဆောက်
နှိုင်ခဲ့တယ်၊ CIA ကို FSB က ခလေးလိုကစားပစ်တယ်၊
CIA ခေတ်ကုန်သွားပြီလား ?
လက်ပန်းကျသွားပြီလား ?
FSB သွင်းသမျှ ဂိုးတွေကို မကာကွယ်နိုင်တော့ဘူးလား ?

..............

💥 ထရမ့် ဘယ်သူလဲ ?
        Who is Trump ?

ဘီလီယံနာ သူကြွယ်၊ အမေရိကန်သမ္မတလို့တော့
အားလုံးကသိထားကြတယ်၊ ထရမ့်ကို 2016 Election 
အနိုင်ရကထဲက မသင်္ကာခဲ့ဘူး၊ ထရမ့်နိုင်လိမ့်မယ်လို့
ရေးခဲ့နိုင်တာမှာ ထဲ့သွင်းတွက်ချက်မှုအချို့ထဲ အခုအချက်လဲ
ပါတယ်၊ ရုရှားအကူအညီကို တွေ့ထားလို့။

ထရမ့်ကို ပူတင်ရဲ့ Top EHM ထိပ်တန်း နိုင်ငံဖျက်သူလှို
တဦးလောက်အထိ မျှော်မှန်းထားတယ်၊ ဆောင်းပါး (၂) ပုဒ်
လောက်မှာတောင် ထရမ့်ဟာ ပူတင်ရဲ့ ထိတ်တန်း တန်ဘိုးကြီး
ကစားကောင် ဖြစ်နိုင်တယ်လို့ဆိုပြီး ရေးဖူးခဲ့ပါသေးတယ်။

2016 Election မှာတကြိမ် ထရမ့်ကိုသမတဖြစ်အောင်
ပူတင်က နောက်ကွယ်ကလုပ်ပေးခဲ့ပြီး၊ ဘာဖြစ်လို့ အခုတကြိမ်
မှာလဲ ဆက်ကြိုးစားနေရပါသလဲ ?
ထရမ့်ကြောင့် အမေရိကန်အတော်ယိုင်သွားခဲ့ပြီလေ
ထပ်ယိုင်အောင် ဒုတိယသက်တမ်းမှာ တရုတ်နဲ့စစ်နွံထဲ
နှစ်လိုက်နိုင်ရင်...
ရုရှားအနေနဲ့ တရုတ်နဲ့ မရင်ဆိုင်ရတော့ပဲ အလိုလို
နံပါတ် (၁) ဖြစ်လာနိုင်တယ်။
တကယ်ဆိုရင် အမေရိကန်တွေသုံးခဲ့တဲ့ မဟာဗျူဟာကို
ရုရှားရော တရုတ်ကပါ ပြန်သုံးသွားတာ။

..............

💥 တရုတ်ကထရမ့်ကို ထပ်မဖြစ်စေချင်
        No second term for Trump း China

တရုတ်သဘောထားကတော့ ထရမ့်ကိုဒုတိယသက်တမ်းမှာ
ထပ်မမြင်လိုတော့၊ ( တရုတ်အနေနဲ့ ဒုတိယသက်တမ်း
ထပ်မမြင်လိုတဲ့ခေါင်းဆောင် "၂" ဦးရှိပြီး၊ တဦးက
ထရမ့်ဖြစ်တယ်လို့ ရေးခဲ့ဘူးပါတယ် )

အမေရိကန်ထောက်လှမ်းရေးဖက်က ရွေးကောက်ပွဲမှာ
ထရမ့်ပြန်အနိုင်မရရေး တရုတ်တွေကြိုးစားနေတယ်လို့
ဖွင့်ပြောလာခဲ့ပါပြီ၊

အရင်တုန်းက.....
ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ရွေးကောက်ပွဲ၊ အစိုးရတွေရဲ့
ဖြစ်တည်မှုကို ဖန်တီး ခြေရှုပ်လေ့ရှိတဲ့၊ တဦးထဲသော
စူပါ ပါဝါရှင်အမေရိကန်ဟာ... အခုအခါမှာ 
သူ့ရွေးကောက်ပွဲကို ရုရှား၊ တရုတ်တို့ကတောင် 
ဝင်ခြယ်လှယ်တာကို မခုခံနိုင်တော့ဘူးလားလို့ မေးရတော့မလို
ဖြစ်လာတယ်၊ တနည်းပြောရရင် သိမ်းငှက်ကြီးသိပ်အိုမင်း
သွားပြီလား ?

အမေရိကန်နိုင်ငံရေးနောက်ကွယ်မှာ ဂျူးတွေအတော်အသင့်
မကပဲ အင်ကြီးအားကြီးနဲ့ ထိမ်းချုပ်ထားတာကို တချို့
သိကြပြီးပါပြီ၊ ( ဒီကိစ္စရေးစရာရှိလာပါသေးတယ် )

................၀

💥 ရှေ့မှာ အန္တရာယ်ရှိနေတယ်
       Challenging future.

ထရမ့်သာ သမ္မတဆက်ဖြစ်ရင်
တရုတ်နဲ့ စစ်ဖြစ်ဖို့ ( ကန့်သတ်စစ်) အလားအလာရှိတယ်
နှစ်ဖက် အတော်အထိနာလိမ့်မယ်၊ စီးပွားရေး အတော့်ကို
ယိုင်ဆင်းသွားမယ်၊ ရုရှားက အလိုလိုအင်အားကြီးလာမယ်

ပုံမှန်ဆိုရင်....
* အမေရိကန်-တရုတ်
* တရုတ်- အိန္ဒိယ
* တရုတ်-ရုရှား..... တဆင့်ချင်း တွေ့ကြရမှာ

အမေရိကန်-တရုတ်ကို နှစ်ဖက်နာအောင်လုပ်နိုင်ရင်
ရုရှားဟာ တရုတ်နဲ့တွေ့စရာမလိုတော့ဘူး၊
အဲ့ဒီအတွက် ရုရှားဖက်က ထရမ့်ကို လိုအပ်တယ်
တရုတ်ရှုဒေါင့်ဖက်ကလဲ အခုလိုပဲ တွက်ထားပြီးဟန်ရှိတယ်
ထရမ့်မရှိရင် ဂျိုးဘိုက်ဒင်နဲ့သိပ်ပြသနာမရှိလှဘူး
ဟိုလိုလို... ဒီလိုလို နိုင်ငံငယ်တွေကို အနိုင်ကျင့်၊ သြဇာ
ပေးတာနဲ့ ကြေနပ်နေကြတဲ့ ဒီမိုကရက်တွေသာ သက်တမ်း
(၂) ဆက်ဖြစ်ခဲ့ရင်၊ တရုတ်တိုးတက်ဖို့ (၈) နှစ်အချိန်ရလာမယ်၊
နောက် (၈) နှစ်ဆိုရင် တရုတ်က ကမ္ဘာ့စီးပွားရေး အင်အား
အကြီးဆုံးဖြစ်သွားမှာမို့...
အမေရိကန်တွေ သူများကိုလက်ညှိုးထိုး၊ အော်ငေါက်
အမိန့်ပေးရင်း တဖြည်း အထည်ကြီးပျက်အနေနဲ့
မှိန်သွားလိမ့်မယ်၊

တရုတ်က ပုံမှန်အခြေအနေနဲ့ အမေရိကန်ကိုကျော်ချင်တယ်
ဒါကြောင့် ထရမ့်ကိုမလိုချင်ဘူး၊
ရုရှားက တရုတ်ကို ပံမှန်အခြေအနေမျိုးမပေးချင်ဘူး
ဒါကြောင့် ခပ်ရမ်းရမ်း ထရမ့်ကိုထပ်လိုချင်တယ်။

.............

🐬 ဘာတွေ့ရမလဲ ?

ရုရှားရော
တရုတ်ပါ ပြည်တွင်းရေးကို စဉ်းစားဖို့မလိုတဲ့
အခြေအနေကိုရောက်သွားပြီး၊ ကမ္ဘာ့အခင်အကျင်းသစ်ကို
ကိုယ့်နည်းကိုယ်ဟန်နဲ့ အပြိုင်ရွေ့နေချိန်မှာ....

ကမ္ဘာ့စူပါ ပါဝါဆိုတဲ့ အမေရိကန်က ပြည်တွင်းကိစ္စကို
အသည်းအသန်ဖြစ်နေရတာ သတိထားမိကြမှာပေါ့
မိုးကောင်းတုန်းက သူများပြည်တွင်းရေးကို " စေလိုရာစေ"
ခဲ့တဲ့ အမေရိကန်ဟာ...
အခုအချိန်မှာ သူ့ပြည်တွင်းရေးအပေါ် ပြည်ပစွက်ဖက်မှုကို
အသည်းအသန် ပြန်ကာကွယ်နေရတဲ့ အချိန်ဖြစ်လာတယ်၊

Nov ရွေးကောက်ပွဲနီးလာပြီ
ထရမ့်ကို ရုရှားက ပြန်မြင်ချင်တယ်
တရုတ်က ထပ်မမြင်လိုတော့ဘူး

ထရမ့်သမ္မတပြန်ဖြစ်ရင် ရုရှားအနေနဲ့ အမြတ်ကြီးပြီး
ထရမ့် သမ္မတ ပြန်မဖြစ်ရင် ရုရှားက အရင်းပဲ၊

တရုတ်ဖက်က ကြည့်ရင်...
ထရမ့်သာ သမ္မတပြန်ဖြစ်ခဲ့ရင် တရုတ်အတွက်အိပ်မက်ဆိုး
ထရမ့် သမ္မတပြန်မဖြစ်ရင် တရုတ်အမြတ်ပြီးကြီးထွက်မယ်။

ရုရှားက ( အမြတ် vs သရေ ) နဲ့ကစားပြီး
တရုတ်က ( အရှုံးကြီး vs အမြတ်ကြီး ) နဲ့ကစားတယ်
................

🐬 ရာဇဝင် အိပ်မက်ထဲက မနိုးသေးတဲ့မြန်မာ
        Myanmar း The country still falling in love with legend.

မြန်မာတွေကရော ?
သူများတွေက Grand strategy ဆိုတဲ့ အဂ္ဂဗျူဟာကို
( ဘင်္ဂလားဒေ့ခ်ျတောင် သုံးနေပြီ ) တွင်တွင် သုံးနေတဲ့
အချိန်မှာ...
မြန်မာတွေက
ယုန်လေးနဲ့ Orchid ကြားမှာ နစ်မြောလို့ကောင်းတုန်း
အားပါးတရ ဆဲလို့ကောင်းတုန်း

သိကြားမင်းကဆင်းပြီး ဝရဇိန်လက်နက်ပေးရင်တောင်
ပါဝါ နိုင်ငံမပြောနဲ့ စီးပွားရေးလေး ဦးမော့အောင်တောင်
လုပ်နိုင်လိမ့်မယ်လို့ မထင်မိသေးဘူး၊

အညံ့ပြိုင်နေကြတဲ့ မြန်မာ
အဆဲပြိုင်ပွဲဝင်နေတဲ့ မြန်မာ
လက်ညှိုးထိုးပြိုင်နေကြတဲ့ မြန်မာ

အားလုံး ကျန်းမာ ချမ်းသာစွာနဲ့
ပိုပြီး အဆဲ၊ အညံ့တွေ ပြိုင်နိုင်ကြပါစေ။

နေဇင်လတ် ( 10.8.20 ) 💚

😌😌

❤️ Nay Zin Latt We Love ❤️ admin team က ပြန်လည်တင်ပြပါသည်။ 😊

https://www.facebook.com/groups/191890793056290/


Related Posts:

  • M H T News "OPINION" "လူမိုက်တို့၏ဇာတ်သိမ်းခန်း"… Read More
  • ကိုရာဇာ ၁၅. ၁. ၂၀၂၂ ( စနေနေ့)နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့ ဆူညံငိုကြွေးသံများကင်းဝေးလို့ ပျော်ရွှင်သာယာကြပါစေ...#ဥပဒေဘောင်အတွင်းနေထိုင်ခြင်းဘေးကင်းရန်ကွာလွန်ချမ်းသာ #ရာဇာ… Read More
  • တောင်ပိုင်းသား အလိုတော်ရိများ 🍁တပ်မတော်က လေကြောင်းပစ်ကူသုံးတာဟာ တပ်ဘက်က အထိနာနေလို့ဖြစ်ပြီး အဲဒီလို စစ်အင်အား အသာစီးနဲ့တိုက်ခိုက်ခဲ့တဲ့ အမေရိကန်တပ်တွေလည်း ဗီယက်နမ်မှာ မည်သို့မည်ပုံ ရှုံးခဲ့ကြောင်း.... မိုတီ‌ဗေးရှင်းတစ်ပုဒ် ဖတ်လိုက်ရတော့ ... စာရေးချင်မိပြန်… Read More
  • ဆရာသက်နိုင်ဦး #(15-1-2022)--LIve#ရာဇဝင်တွင်မယ့်ကြွက်… Read More
  • အလွှာ... 🍁PR စနစ်နဲ့ ပတ်သက်ပြီး လူမျိုးခြားတွေ လွှတ်တော်ထဲရောက်လာမှာကို ဘယ်လိုကြိုပြင်မလဲ - ဆိုတာနဲ့ ပတ်သက်ပြီး ဒါကပေးကို ပေးရမယ့် အခွင့်အရေးလို့ ဖြေသွားကြောင်း သိလိုက်ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအရ အပြုသဘောဆောင်တဲ့ဘက်က ရေး… Read More