Thursday, November 4, 2021

အကယ်၍ ဤသို့ဖြစ်လာသော် (What if ?)

ဒလန်ရှင်းလင်းရေးဟူသော ခေါင်းစဉ်နှင့် သတ်ဖြတ်နေခြင်းများကို မေးရမည်ဖြစ်သည်။ ဒလန်ရှင်းလင်းရာတွင် PDF များမှ အရပ်သားများကိုသတ်ဖြတ်ခြင်းသာမက ၎င်းတို့အချင်းချင်း ပြန်လည်သတ်ဖြတ်ခြင်းများလည်း ရှိလေသည်။ ယခုသေဆုံးခဲ့သောသူများထဲတွင် ဒလန်ရှင်းလင်းပါသည်ဟူသော ခေါင်းစဉ်ဖြင့်သာ လုံးချထား သော်လည်း သေဆုံးသူများသည် ဒလန်ဖြစ်ပါသည်ဟူသော လက်ဆုပ်လက်ကိုင်ပြရန် သက်သေများမရှိပေ။ အုပ်ကြီးများအား သတ်ရာတွင်လည်း မိမိရပ်ရွာ၏ကောင်းကျိူးကိုအစဉ်ဆောင်ရွက်သောသူများ၊ ပရဟိတ အကျိုးဆောင်များ၊ ရပ်ရွာမှလေးစားရသောသူများပင် ပါဝင်လေရာ ထိုသူများအား ဒလန်ဟု မည်သူတို့က သတ်မှတ်ခဲ့သနည်း။ ကိုယ်ရေးကိုယ်တာမကျေနပ်ချက်များကြောင့်လော သို့မဟုတ် အခြားသော ရန်ငြိုး ရန်စများကြောင့်လောဆိုသည်မှာ မသိနိုင်ပေ။ တစ်ခါတစ်ရံတွင် ဒလန်ဟုနာမည်တပ်ခံရသူများသည် ပါတီ နိုင်ငံရေးနှင့်လည်း မသက်ဆိုင် လုံခြုံရေးတပ်ဖွဲ့များနှင့်လည်း မဆက်နွယ်သောသူများဖြစ်လေရာ ၎င်းတို့၏ ဒလန်ရှင်းလင်းရေးဆိုသည်မှာ တရားလက်လွတ် စိတ်ထင်ရာလုပ်နေသော အလုပ်များပင်လော။

မြန်မာနိုင်ငံသည် ယခင်က Golden Land နာမည်ဖြင့် ယဉ်ကျေးမှုမြင့်မားသောနိုင်ငံ၊ ရင်းနှီးဖော်ရွှေ သောနိုင်ငံ၊ သိမ်မွေ့လှသော အနုပညာများထုံလွှမ်းရာမြေ၊ စေတနာ သဒ္ဓါတရားပေါများသူများရှိရာမြေဟူ၍ ကျော်ကြားသောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသားများသည် ရန်သူကိုပင် လက်စားမချေဘဲ ထမင်းကျွေးထား ပါသည်ဟု ဒုတိယကမ္ဘာစစ်ပြန် ဂျပန်စစ်သည်၊ ဗြိတိသျှစစ်သည်များထံမှပင် ကြားခဲ့ရသော နိုင်ငံ ဖြစ်သည်။ သို့သော် ယခုခေတ် မြန်မာနိုင်ငံသည် မည်သို့ဖြစ်နေပါသနည်း။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နကစမှ နိုင်ငံတော်အာဏာရယူပြီးနောက်တွင် နွေဦးတော်လှန်ရေး ဟူ၍ဖြစ်ပေါ်လာခဲ့လေသည်။ ထိုတော်လှန်ရေး အဖြစ်အပျက်များထဲတွင် Social Punishment နှင့် အခြားသော မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသော ဖြစ်စဉ် များစွာ ဖြစ်ပွားခဲ့လေသည်။ အကယ်၍ ဆိုသော ခေါင်းစဉ်အောက်တွင် ကဏ္ဍအသီးသီးတွင် ဖြစ်ပွားနေသော အဖြစ်အပျက်များကို မြင်ကွင်းကျယ်အဖြစ် မြင်ကြည့်ကြပါစို့။ 

ဘာသာရေးကဏ္ဍ။ မြန်မာနိုင်ငံ၏အဓိကကိုးကွယ်သော ဘာသာသည် ထေရဝါဒဗုဒ္ဓ ဘာသာဖြစ်သည်။ ဘုရား တရား သံဃာဟူသော ရတနာသုံးပါးသည် အမြင့်မြတ်ဆုံး ဖြစ်လေသည်။ သို့သော် နွေဦးတော်လှန်ရေးဟူ သော အဖြစ်အပျက်ကြီး စတင်သောအခါ ပထမဆုံး တိုက်ခိုက်ခံရသောသူများထဲတွင် ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအပါအဝင် လောကီနှင့်ကင်းအောင်နေနေသော သံဃာထု ပါဝင်လေသည်။ လွန်ခဲ့သော ငါးနှစ်တာကာလတွင် ဘာသာရေးနှင့်နိုင်ငံရေးမရောယှက်ရ ဘုန်းကြီးအလုပ်ဘုန်းကြီးလုပ် ဆိုခဲ့သောသူများ သည် အဘယ်ကြောင့် တော်လှန်ရေးတွင် သံဃာများမပါဝင်ရသနည်း ဆိုသော အသံများထွက်လာကာ ၎င်း တို့ဘက်သို့မပါသော သံဃာတော်များအား စော်ကား ခဲ့လေသည်။ ယခုအခါတွင်မှု တောင်တန်းသာသနာ ပြုဆရာတော်များ အပါအဝင် ဆရာတော်အချို့သည် အစွန်းရောက်များကြောင့် ပျံလွန်တော်မှုခဲ့လေသည်။ နိုင်ငံတော် သံဃနာယက ဦးဆောင်ဆရာတော်ကြီးသည် သာသနာရေးတာဝန်ထမ်းဆောင်နေစဉ် ပျံလွန် တော်မူရာတွင်လည်း ဝမ်းသာအားရ ဖြစ်ပြနေသော လူအများအပြား ပေါ်လာခဲ့လေသည်။ အံသြ လောက်ဖွယ်ရာ ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံသားများပင်ဖြစ်သည်။

စီးပွားရေး ။ ။ ကိုဗစ်ရောဂါကြီးဖြစ်ပွားနေသော ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည်သာမက ကမ္ဘာ့နိုင်ငံများ တွင်ပင် စီးပွားရေးအကြပ်အတည်းများ ဖြစ်ပွားခဲ့လေသည်။ ၂၀၂၁ တွင် နာလန်ထခါစဖြစ်သော ကမ္ဘာကြီးသည် New normal lifesyle ဟူသော ကိုဗစ်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး လူနေမှုပုံစံသစ်နှင့်အတူ စီးပွားရေး လုပ်ငန်းများ ပြန်လည် စတင်လာလေသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ နွေဦးတော်လှန်ရေးဟူသော လှုပ်ရှားမှုနောက်တွင် လူစုလူဝေးဖြင့် လမ်းပေါ်ထွက်လာကြလေသည်။ အစောပိုင်းတွင် တော်လှန်ရေးအား စိတ်ဝင်စားစေရန်ဟူ၍ လူစိတ်ဝင်စားဖွယ် အမျိုးမျိုးလုပ်ရာမှသည် နောက်ပိုင်းတွင် ပျော်ပွဲရွှင်ပွဲကြီးသဖွယ် ဖြစ်ပွားလာခဲ့လေရာ ကိုဗစ်ရောဂါ တတိယလှိုင်း သည် မြန်မာနိုင်ငံတွင် ပြင်းထန်စွာ ဖြစ်ပွားလာခဲ့ရာ တစ်လ အတွင်းတွင်ပင် ထောင်ဂဏန်းမျှကူးစက်ခံရသည့်အဆင့်မှသည် သောင်းဂဏန်းအထိ ကူးစက်ခံခဲ့ရလေသည်။ ထိုသို့ ရောဂါပြင်းထန်စွာ ဖြစ်ပွားလေရာ စီးပွားရေးလုပ်ငန်းအများစုသည် ဆန္ဒပြမှုများကြောင့် ပြန်လည်မလည် ပတ်နိုင်ရာမှသည် ရပ်ဆိုင်းသွားသောအဆင့်အထိ ရောက် သွားလေသည်။ နိုင်ငံခြားကုမ္ပဏီများသည် မရှိမဖြစ် သော ဝန်ထမ်းများကိုသာ ချန်လှပ် ကာ ကျန်ဝန်ထမ်းများအား ထုတ်ပယ်ခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များအနေ ဖြင့် လုပ်ငန်းပိတ်သိမ်းခြင်း ဝန်ထမ်းလျော့ချခြင်း ဖြင့် ဆက်လက်ရှင်သန်ရန် ကြိုးစားရလေသည်။ ပုံမှန်ဝင်ငွေ ရရှိရာလမ်းရှိသော အစိုးရဝန်ထမ်းများထဲတွင် CDM လုပ်ရပ်များ စည်းရုံးမှုများကြောင့် အလုပ်ပြုတ်သွားသူ အများအပြားရှိခဲ့သည်။ အလုပ်လက်မဲ့နှုန်းသည် ရုတ်ချည်းတိုးတက်လာခြင်းဖြစ်လေရာ မြန်မာနိုင်ငံ၏ စီးပွား ရေးတိုးတက်မှုနှုန်းသည် ပိုမိုကျဆင်းသွားလေသည်။ 

လူမူရေး ။ ။ မြန်မာတို့သည် ဆွေမျိုးအစုအသင်း အပေါင်းအဖော်များကို အင်မတန်ခုံမင်သောသူများ ဖြစ် သည်။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီတွင် ဖြစ်ပွားခဲ့သော နွေဦးတော်လှန်ရေးမှသည် ယခုအချိန်ထိသည် မြန်မာ့လူမူဘဝသမိုင်းတွင် အမှောင်မိုက်ဆုံးနေ့ရက်များ ဟုပင်ဆိုနိုင်မည်ဖြစ်သည်။ ယဉ်ကျေးလှပါသည် ခင်မင်ဖော်ရွေပါသည်ဆိုသည့် လူမျိုးဖြစ်ခဲ့သည်ကိုပင် ဟုတ်မှဟုတ်ပါ့မလားဟုတွေးမိရလောက်ဖွယ်များ ဖြစ်လာလေသည်။ အထူးသဖြင့် မတူကွဲပြားခြားနားမှုကို လက်ခံနိုင်ရမည်ဟူသော လစ်ဘရယ်ဒီမိုကရေစီ ဝါဒီပါဟု ကြွေးကြော်နေသောသူများသည် မိမိနှင့် အယူဝါဒ မတူညီသောသူများကို ညှာတာထောက်ထားမဲ့စွာ ဖြင့် ပြုလုပ်သော ရက်စက်မှုများကို ပြုလုပ်ခဲ့လေသည်။ သွေးဆူနေသော လူငယ်များကို သွေးကြွအောင်လှုံ့ ဆော်ရာမှသည် မိမိ၏မိဘကိုအမွေပြတ်စွန့်လွတ်ပါသည်ဟူသောသူများ၊ အဖေကိုသတ်မည့်သူများအား ခေါ်ဆောင်ရာ စီစဉ်ဆောင်ရွက်သော ခေတ်သစ်အဇာတသတ်များ၊ မိမိ၏ သင်ဆရာမြင်ဆရာကိုပင်ကျေးဇူး တရားမေ့ကာ အန္တရာယ်ပြုသူများ၊ ကျေးဇူးရှိသူများကိုပင် ကျေးပြန်စွပ်သူများဖြင့် ယဉ်ကျေးမှုစံနှုန်းများသည် ပျက်သုဉ်းလုနီးပါး အခြေအနေအထိ ရောက်ရှိသွားခဲ့လေသည်။

 ဤသို့ဖြစ်ပွားခဲ့များကို တစ်ချက်ခြင်းဆင်ခြင်သုံးသပ်မည်ဆိုပါက မေးခွန်းများစွာရှိနေလေသည်။ ပထမဦးစွာ မေးရမည်မှာ ဒလန်ရှင်းလင်းရေး ဟူသော ခေါင်းစဉ်နှင့် သတ်ဖြတ်နေခြင်းများကို မေးရမည်ဖြစ် သည်။ ဒလန်ရှင်းလင်းရာတွင် PDF များမှ အရပ်သားများကိုသတ်ဖြတ်ခြင်းသာမက ၎င်းတို့အချင်းချင်း ပြန်လည် သတ်ဖြတ်ခြင်းများလည်းရှိလေသည်။ ယခုသေဆုံးခဲ့သောသူများထဲတွင် ဒလန်ရှင်းလင်းပါသည်ဟူသော ခေါင်းစဉ်ဖြင့်သာ လုံးချထားသော်လည်း သေဆုံးသူများသည် ဒလန်ဖြစ်ပါသည်ဟူသော လက်ဆုပ်လက်ကိုင် ပြရန် သက်သေများမရှိပေ။ အုပ်ကြီးများအား သတ်ရာတွင်လည်း မိမိရပ်ရွာ၏ကောင်းကျိူးကို အစဉ်ဆောင်ရွက် သောသူများ၊ ပရဟိတအကျိုးဆောင်များ၊ ရပ်ရွာမှလေးစားရသောသူများပင် ပါဝင်လေရာ ထိုသူများအား ဒလန်ဟု မည်သူတို့က သတ်မှတ်ခဲ့သနည်း။ ကိုယ်ရေးကိုယ်တာမကျေနပ်ချက်များကြောင့်လော သို့မဟုတ် အခြားသော ရန်ငြိုးရန်စများကြောင့်လောဆိုသည်မှာ မသိနိုင်ပေ။ တစ်ခါတစ်ရံတွင် ဒလန်ဟုနာမည်တပ်ခံရသူ များသည် ပါတီနိုင်ငံရေးနှင့်လည်းမသက်ဆိုင် လုံခြုံရေးတပ်ဖွဲ့များနှင့်လည်း မဆက်နွယ်သော သူများဖြစ်လေ ရာ ၎င်းတို့၏ ဒလန်ရှင်းလင်းရေးဆိုသည်မှာ တရားလက်လွတ် စိတ်ထင်ရာလုပ်နေသော အလုပ်များပင်လော။

 ဒုတိယမေးခွန်းသည် ပထမမေးခွန်းနှင့် ဆက်စပ်နေလေသည်။ အဘယ်ကြောင့် ဆိုသော် ဒလန်ရှင်း ပါသည်ဟုဆိုကာ ဒလန်ဟုသတ်မှတ်ကာ ဆိုရှယ်မီဒီယာတွင် ဝမ်းသာအားရဖြင့် ပျော်ပါးနေကြသူများရှိသည်။ ထိုနစ်နာသူများတွင်လည်း မိဘဆွေမျိုး သားမယားများရှိလေရာ ၎င်းတို့၏မိသားစုဝင် အပြစ်မဲ့စွာအသတ်ခံရ သည်ကို ကျေနပ်စွာဖြင့် ကြည့်နေကြမည်လော လက်စားပြန်ချေရန်ဆုံးဖြတ်မည်လော စဉ်းစားသင့်ပေသည်။ အကယ်၍ ထိုသူများသည် လက်တုံ့ပြန်သည်အနေဖြင့် PDF များ၏ မိဘဆွေမျိုးသားချင်း မိသားစုများကို ပြန်လည်လက်စားချေမည်ဆိုပါစို့။ ဤရန်ကြွေးများသည် ကြေနိုင်မည် ထင်ပါသလော။ PDF တို့အင်အားတောင့် တင်းနေသောနေရာဖြစ်သဖြင့် လက်ရှိအချိန်တွင် မည်သို့မျှမပြုလုပ်နိုင်သော်လည်း နောင်တစ်ချိန်တွင် လက်တုံ့ မပြန်ပါဘူးဟု မည်သူမှ မသိနိုင်ပေ။ လက်တုံ့ပြန်ခြင်းသည် တစ်ဖက်မှစလိုက်သည်နှင့် မဆုံးနိုင်သော ကံကြ မ္မာစက်ဝန်းကို စတင်လိုက်ခြင်းဖြစ်ရာ မြန်မာ့လူမူအသိုင်းအဝိုင်းသည် အမှောင်ထုထဲကို တစ်စစဖြင့် တိုး ဝင်သွားမည်ကို မည်သူမျှ မခန့်မှန်းမိပါသလော သို့မဟုတ် မည်သို့ပင်ဖြစ်စေ မိမိတို့ရည်ရွယ်ချက်အောင် မြင်လျှင်ပြီးရော နောင်ခါလာနောင်ခါ ‌‌စျေးဆုံးဖြတ်လိုက်ခဲ့သလော မေးခွန်းဖြစ်ပေါ်လာလေသည်။ 

 တတိယမေးခွန်းအနေဖြင့် PDF များသည် မရှိသည့်အဖွဲ့အစည်းတစ်ခုအား ရှိသယောင် ဖန်တီးနေမှုကို အခြေခံလေသည်။ အချို့သော ဒလန်ရှင်းလင်းရေးနှင့် ဗုံးဖောက်ခွဲခြင်းများတွင် အများပြည်သူစိတ်အနှောက် အယှက်ဖြစ်စေနိုင်သည့်အကြောင်း ပေါ်လာသည်နှင့် ပျူစောထီးဟူသော နာမည်အား တွင်တွင်ကျယ်ကျယ်အ သုံးပြုကာ ၎င်းတို့၏လုပ်ရပ်များကို ဖုံးကွယ်လေ့ရှိလေသည်။ သို့သော် ထိုအဖွဲ့သည် မည်သူမှ ဖွဲ့စည်းသည် မည်သူကလက်နက်ထောက်ပံ့သည် မည်သူက ဦးဆောင်သည်ဆိုသည့် အချက်များပင် မရှိသောအဖွဲ့ဖြစ်ရာ အပြင်လက်တွေ့တွင် မည်သူမှမမြင်ဖူးကြပေ။ အကယ်၍ ပျူစောထီးကိုသာ နကစဖွဲ့စည်းသည်ဆိုပါစို့။ ထိုသူတို့သည် လက်နက်တရားဝင်ကိုင် ဆောင်ခွင့်ရကာ ရပ်ရွာများတွင် ၎င်းတို့၏ မိသားစုများနှင့်အကျိုး စီးပွားများကို ကာကွယ်ရန် ပြောင်ပြောင်တင်းတင်းနေကြမည်ကို လူသာမန်အတွေးဖြင့် တွေးလျှင်ပင် ရနိုင်လေသည်။ အဘယ့်ကြောင့် ပျူစောထီးတို့သည် ရပ်ရွာထဲတွင် လုံးဝမတွေ့ရသနည်း။ ၎င်းတို့သည် မော့ဆက်ထောက်လှမ်းရေးများထက်ပင် လျို့ဝှက်သောအဖွဲ့အစည်းလော။ ထိုမျှတော်ပါသည်ဆိုပါက အဘယ်ကြောင့် ပျူစောထီးခေါင်းဆောင်ဆိုသူများ အသတ်ခံနေရသနည်း။ အရည်အချင်းရှိသူတို့သည် အဘယ်ကြောင့် မကြာခဏ ဗုံးထောင်ရင်း ဖြစ်စေ ဗုံးသယ်ဆောင်ရင်းဖြစ်စေ သေဆုံးနေပါသနည်း။ သေဆုံးသူများသည်လည်း အဘယ်ကြောင့် PDF များဟု အရပ်ထဲတွင် နာမည်ထွက်နေကြသနည်း။ မရှိသောအဖွဲ့ နာမည်အား မကြာခဏ ဖော်ထုတ်နေသော PDF များသည် မည်သည့်ရည်ရွယ်ချက်ကြောင့် ဤသို့လုပ်ဆောင်နေပါသနည်း။ ပျူစောထီးဆိုသည်မှာ PDF များ၏ အခြားနာမည်လွှဲတစ်ခု ဖြစ်နေသလော

 အင်မတန် ယဉ်ကျေးလှပါသည်ဆိုသော မြန်မာလူမျိုးတို့ထဲတွင် အဘယ်ကြောင့် သူတပါးသေဆုံး သည်ကို ဝမ်းသာအယ်လဲလုပ်ပြနေသည့် အရိုင်းအစိုင်းများကို ယခုအခါ မြင်နေရပါသနည်း။ မည်သူတို့က ထိုကဲ့သို့ အောက်တန်းကျသော အပြုအမူများ ကို အားပေးအားမြှောက်ပြုနေသနည်း။ အကယ်၍ ဤသို့သော ရက်စက်ကြမ်းကြုတ်မှု များသာလျှင် တော်လှန်ရေးဟု ဆိုပါက ထိုတော်လှန်ရေးသည် မြန်မာနိုင်ငံ ကောင်းစား ရေးကို ရှေးရှုနေပါသလော။ ပျက်စီးရေးကို ရှေးရှုနေပါသလော။ အကယ်၍ ဤသို့သော လူများသာ ကြီးစိုးနေ သော လောကကြီးသည် သာယာသောလူ့ဘောင်ကို တည်ဆောက် မည် မတူခြားနားမှုကို လက်ခံသည့် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံကို တည်ထောင်မည် ဆိုသည်ကို မိတ်ဆွေတို့ ယုံကြည်ပါသလော။ မိမိတို့လူမျိုး၏ အမျိုးသားအကျိုးစီးပွားကို ထိုကဲ့သို့ လုပ်ရပ်များဖြင့် ဆောင်ယူနိုင်မည်ဟု ယုံကြည်ပါသလော။ အကယ်၍ ဤသို့ဆိုသော မေးခွန်းများ၏ အဖြေသည် မည်သည့်အဖြေဖြစ်မည်ကို မိတ်ဆွေတို့သာလျှင် ကိုယ်ပိုင်အတွေး အမြင်နှင့် ဆုံးဖြတ်နိုင်ပါသည်။

မှတ်ချက် - အဆိုပါဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။

(unicode)
အကယ်၍ ဤသို့ဖြစ်လာသော် (What if ?)

ဒလန်ရှင်းလင်းရေးဟူသော ခေါင်းစဉ်နှင့် သတ်ဖြတ်နေခြင်းများကို မေးရမည်ဖြစ်သည်။ ဒလန်ရှင်းလင်းရာတွင် PDF များမှ အရပ်သားများကိုသတ်ဖြတ်ခြင်းသာမက ၎င်းတို့အချင်းချင်း ပြန်လည်သတ်ဖြတ်ခြင်းများလည်း ရှိလေသည်။ ယခုသေဆုံးခဲ့သောသူများထဲတွင် ဒလန်ရှင်းလင်းပါသည်ဟူသော ခေါင်းစဉ်ဖြင့်သာ လုံးချထား သော်လည်း သေဆုံးသူများသည် ဒလန်ဖြစ်ပါသည်ဟူသော လက်ဆုပ်လက်ကိုင်ပြရန် သက်သေများမရှိပေ။ အုပ်ကြီးများအား သတ်ရာတွင်လည်း မိမိရပ်ရွာ၏ကောင်းကျိူးကိုအစဉ်ဆောင်ရွက်သောသူများ၊ ပရဟိတ အကျိုးဆောင်များ၊ ရပ်ရွာမှလေးစားရသောသူများပင် ပါဝင်လေရာ ထိုသူများအား ဒလန်ဟု မည်သူတို့က သတ်မှတ်ခဲ့သနည်း။ ကိုယ်ရေးကိုယ်တာမကျေနပ်ချက်များကြောင့်လော သို့မဟုတ် အခြားသော ရန်ငြိုး ရန်စများကြောင့်လောဆိုသည်မှာ မသိနိုင်ပေ။ တစ်ခါတစ်ရံတွင် ဒလန်ဟုနာမည်တပ်ခံရသူများသည် ပါတီ နိုင်ငံရေးနှင့်လည်း မသက်ဆိုင် လုံခြုံရေးတပ်ဖွဲ့များနှင့်လည်း မဆက်နွယ်သောသူများဖြစ်လေရာ ၎င်းတို့၏ ဒလန်ရှင်းလင်းရေးဆိုသည်မှာ တရားလက်လွတ် စိတ်ထင်ရာလုပ်နေသော အလုပ်များပင်လော။

မြန်မာနိုင်ငံသည် ယခင်က Golden Land နာမည်ဖြင့် ယဉ်ကျေးမှုမြင့်မားသောနိုင်ငံ၊ ရင်းနှီးဖော်ရွှေ သောနိုင်ငံ၊ သိမ်မွေ့လှသော အနုပညာများထုံလွှမ်းရာမြေ၊ စေတနာ သဒ္ဓါတရားပေါများသူများရှိရာမြေဟူ၍ ကျော်ကြားသောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသားများသည် ရန်သူကိုပင် လက်စားမချေဘဲ ထမင်းကျွေးထား ပါသည်ဟု ဒုတိယကမ္ဘာစစ်ပြန် ဂျပန်စစ်သည်၊ ဗြိတိသျှစစ်သည်များထံမှပင် ကြားခဲ့ရသော နိုင်ငံ ဖြစ်သည်။ သို့သော် ယခုခေတ် မြန်မာနိုင်ငံသည် မည်သို့ဖြစ်နေပါသနည်း။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နကစမှ နိုင်ငံတော်အာဏာရယူပြီးနောက်တွင် နွေဦးတော်လှန်ရေး ဟူ၍ဖြစ်ပေါ်လာခဲ့လေသည်။ ထိုတော်လှန်ရေး အဖြစ်အပျက်များထဲတွင် Social Punishment နှင့် အခြားသော မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသော ဖြစ်စဉ် များစွာ ဖြစ်ပွားခဲ့လေသည်။ အကယ်၍ ဆိုသော ခေါင်းစဉ်အောက်တွင် ကဏ္ဍအသီးသီးတွင် ဖြစ်ပွားနေသော အဖြစ်အပျက်များကို မြင်ကွင်းကျယ်အဖြစ် မြင်ကြည့်ကြပါစို့။ 

ဘာသာရေးကဏ္ဍ။ မြန်မာနိုင်ငံ၏အဓိကကိုးကွယ်သော ဘာသာသည် ထေရဝါဒဗုဒ္ဓ ဘာသာဖြစ်သည်။ ဘုရား တရား သံဃာဟူသော ရတနာသုံးပါးသည် အမြင့်မြတ်ဆုံး ဖြစ်လေသည်။ သို့သော် နွေဦးတော်လှန်ရေးဟူ သော အဖြစ်အပျက်ကြီး စတင်သောအခါ ပထမဆုံး တိုက်ခိုက်ခံရသောသူများထဲတွင် ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအပါအဝင် လောကီနှင့်ကင်းအောင်နေနေသော သံဃာထု ပါဝင်လေသည်။ လွန်ခဲ့သော ငါးနှစ်တာကာလတွင် ဘာသာရေးနှင့်နိုင်ငံရေးမရောယှက်ရ ဘုန်းကြီးအလုပ်ဘုန်းကြီးလုပ် ဆိုခဲ့သောသူများ သည် အဘယ်ကြောင့် တော်လှန်ရေးတွင် သံဃာများမပါဝင်ရသနည်း ဆိုသော အသံများထွက်လာကာ ၎င်း တို့ဘက်သို့မပါသော သံဃာတော်များအား စော်ကား ခဲ့လေသည်။ ယခုအခါတွင်မှု တောင်တန်းသာသနာ ပြုဆရာတော်များ အပါအဝင် ဆရာတော်အချို့သည် အစွန်းရောက်များကြောင့် ပျံလွန်တော်မှုခဲ့လေသည်။ နိုင်ငံတော် သံဃနာယက ဦးဆောင်ဆရာတော်ကြီးသည် သာသနာရေးတာဝန်ထမ်းဆောင်နေစဉ် ပျံလွန် တော်မူရာတွင်လည်း ဝမ်းသာအားရ ဖြစ်ပြနေသော လူအများအပြား ပေါ်လာခဲ့လေသည်။ အံသြ လောက်ဖွယ်ရာ ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံသားများပင်ဖြစ်သည်။

စီးပွားရေး ။ ။ ကိုဗစ်ရောဂါကြီးဖြစ်ပွားနေသော ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည်သာမက ကမ္ဘာ့နိုင်ငံများ တွင်ပင် စီးပွားရေးအကြပ်အတည်းများ ဖြစ်ပွားခဲ့လေသည်။ ၂၀၂၁ တွင် နာလန်ထခါစဖြစ်သော ကမ္ဘာကြီးသည် New normal lifesyle ဟူသော ကိုဗစ်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး လူနေမှုပုံစံသစ်နှင့်အတူ စီးပွားရေး လုပ်ငန်းများ ပြန်လည် စတင်လာလေသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ နွေဦးတော်လှန်ရေးဟူသော လှုပ်ရှားမှုနောက်တွင် လူစုလူဝေးဖြင့် လမ်းပေါ်ထွက်လာကြလေသည်။ အစောပိုင်းတွင် တော်လှန်ရေးအား စိတ်ဝင်စားစေရန်ဟူ၍ လူစိတ်ဝင်စားဖွယ် အမျိုးမျိုးလုပ်ရာမှသည် နောက်ပိုင်းတွင် ပျော်ပွဲရွှင်ပွဲကြီးသဖွယ် ဖြစ်ပွားလာခဲ့လေရာ ကိုဗစ်ရောဂါ တတိယလှိုင်း သည် မြန်မာနိုင်ငံတွင် ပြင်းထန်စွာ ဖြစ်ပွားလာခဲ့ရာ တစ်လ အတွင်းတွင်ပင် ထောင်ဂဏန်းမျှကူးစက်ခံရသည့်အဆင့်မှသည် သောင်းဂဏန်းအထိ ကူးစက်ခံခဲ့ရလေသည်။ ထိုသို့ ရောဂါပြင်းထန်စွာ ဖြစ်ပွားလေရာ စီးပွားရေးလုပ်ငန်းအများစုသည် ဆန္ဒပြမှုများကြောင့် ပြန်လည်မလည် ပတ်နိုင်ရာမှသည် ရပ်ဆိုင်းသွားသောအဆင့်အထိ ရောက် သွားလေသည်။ နိုင်ငံခြားကုမ္ပဏီများသည် မရှိမဖြစ် သော ဝန်ထမ်းများကိုသာ ချန်လှပ် ကာ ကျန်ဝန်ထမ်းများအား ထုတ်ပယ်ခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များအနေ ဖြင့် လုပ်ငန်းပိတ်သိမ်းခြင်း ဝန်ထမ်းလျော့ချခြင်း ဖြင့် ဆက်လက်ရှင်သန်ရန် ကြိုးစားရလေသည်။ ပုံမှန်ဝင်ငွေ ရရှိရာလမ်းရှိသော အစိုးရဝန်ထမ်းများထဲတွင် CDM လုပ်ရပ်များ စည်းရုံးမှုများကြောင့် အလုပ်ပြုတ်သွားသူ အများအပြားရှိခဲ့သည်။ အလုပ်လက်မဲ့နှုန်းသည် ရုတ်ချည်းတိုးတက်လာခြင်းဖြစ်လေရာ မြန်မာနိုင်ငံ၏ စီးပွား ရေးတိုးတက်မှုနှုန်းသည် ပိုမိုကျဆင်းသွားလေသည်။ 

လူမူရေး ။ ။ မြန်မာတို့သည် ဆွေမျိုးအစုအသင်း အပေါင်းအဖော်များကို အင်မတန်ခုံမင်သောသူများ ဖြစ် သည်။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီတွင် ဖြစ်ပွားခဲ့သော နွေဦးတော်လှန်ရေးမှသည် ယခုအချိန်ထိသည် မြန်မာ့လူမူဘဝသမိုင်းတွင် အမှောင်မိုက်ဆုံးနေ့ရက်များ ဟုပင်ဆိုနိုင်မည်ဖြစ်သည်။ ယဉ်ကျေးလှပါသည် ခင်မင်ဖော်ရွေပါသည်ဆိုသည့် လူမျိုးဖြစ်ခဲ့သည်ကိုပင် ဟုတ်မှဟုတ်ပါ့မလားဟုတွေးမိရလောက်ဖွယ်များ ဖြစ်လာလေသည်။ အထူးသဖြင့် မတူကွဲပြားခြားနားမှုကို လက်ခံနိုင်ရမည်ဟူသော လစ်ဘရယ်ဒီမိုကရေစီ ဝါဒီပါဟု ကြွေးကြော်နေသောသူများသည် မိမိနှင့် အယူဝါဒ မတူညီသောသူများကို ညှာတာထောက်ထားမဲ့စွာ ဖြင့် ပြုလုပ်သော ရက်စက်မှုများကို ပြုလုပ်ခဲ့လေသည်။ သွေးဆူနေသော လူငယ်များကို သွေးကြွအောင်လှုံ့ ဆော်ရာမှသည် မိမိ၏မိဘကိုအမွေပြတ်စွန့်လွတ်ပါသည်ဟူသောသူများ၊ အဖေကိုသတ်မည့်သူများအား ခေါ်ဆောင်ရာ စီစဉ်ဆောင်ရွက်သော ခေတ်သစ်အဇာတသတ်များ၊ မိမိ၏ သင်ဆရာမြင်ဆရာကိုပင်ကျေးဇူး တရားမေ့ကာ အန္တရာယ်ပြုသူများ၊ ကျေးဇူးရှိသူများကိုပင် ကျေးပြန်စွပ်သူများဖြင့် ယဉ်ကျေးမှုစံနှုန်းများသည် ပျက်သုဉ်းလုနီးပါး အခြေအနေအထိ ရောက်ရှိသွားခဲ့လေသည်။

 ဤသို့ဖြစ်ပွားခဲ့များကို တစ်ချက်ခြင်းဆင်ခြင်သုံးသပ်မည်ဆိုပါက မေးခွန်းများစွာရှိနေလေသည်။ ပထမဦးစွာ မေးရမည်မှာ ဒလန်ရှင်းလင်းရေး ဟူသော ခေါင်းစဉ်နှင့် သတ်ဖြတ်နေခြင်းများကို မေးရမည်ဖြစ် သည်။ ဒလန်ရှင်းလင်းရာတွင် PDF များမှ အရပ်သားများကိုသတ်ဖြတ်ခြင်းသာမက ၎င်းတို့အချင်းချင်း ပြန်လည် သတ်ဖြတ်ခြင်းများလည်းရှိလေသည်။ ယခုသေဆုံးခဲ့သောသူများထဲတွင် ဒလန်ရှင်းလင်းပါသည်ဟူသော ခေါင်းစဉ်ဖြင့်သာ လုံးချထားသော်လည်း သေဆုံးသူများသည် ဒလန်ဖြစ်ပါသည်ဟူသော လက်ဆုပ်လက်ကိုင် ပြရန် သက်သေများမရှိပေ။ အုပ်ကြီးများအား သတ်ရာတွင်လည်း မိမိရပ်ရွာ၏ကောင်းကျိူးကို အစဉ်ဆောင်ရွက် သောသူများ၊ ပရဟိတအကျိုးဆောင်များ၊ ရပ်ရွာမှလေးစားရသောသူများပင် ပါဝင်လေရာ ထိုသူများအား ဒလန်ဟု မည်သူတို့က သတ်မှတ်ခဲ့သနည်း။ ကိုယ်ရေးကိုယ်တာမကျေနပ်ချက်များကြောင့်လော သို့မဟုတ် အခြားသော ရန်ငြိုးရန်စများကြောင့်လောဆိုသည်မှာ မသိနိုင်ပေ။ တစ်ခါတစ်ရံတွင် ဒလန်ဟုနာမည်တပ်ခံရသူ များသည် ပါတီနိုင်ငံရေးနှင့်လည်းမသက်ဆိုင် လုံခြုံရေးတပ်ဖွဲ့များနှင့်လည်း မဆက်နွယ်သော သူများဖြစ်လေ ရာ ၎င်းတို့၏ ဒလန်ရှင်းလင်းရေးဆိုသည်မှာ တရားလက်လွတ် စိတ်ထင်ရာလုပ်နေသော အလုပ်များပင်လော။

 ဒုတိယမေးခွန်းသည် ပထမမေးခွန်းနှင့် ဆက်စပ်နေလေသည်။ အဘယ်ကြောင့် ဆိုသော် ဒလန်ရှင်း ပါသည်ဟုဆိုကာ ဒလန်ဟုသတ်မှတ်ကာ ဆိုရှယ်မီဒီယာတွင် ဝမ်းသာအားရဖြင့် ပျော်ပါးနေကြသူများရှိသည်။ ထိုနစ်နာသူများတွင်လည်း မိဘဆွေမျိုး သားမယားများရှိလေရာ ၎င်းတို့၏မိသားစုဝင် အပြစ်မဲ့စွာအသတ်ခံရ သည်ကို ကျေနပ်စွာဖြင့် ကြည့်နေကြမည်လော လက်စားပြန်ချေရန်ဆုံးဖြတ်မည်လော စဉ်းစားသင့်ပေသည်။ အကယ်၍ ထိုသူများသည် လက်တုံ့ပြန်သည်အနေဖြင့် PDF များ၏ မိဘဆွေမျိုးသားချင်း မိသားစုများကို ပြန်လည်လက်စားချေမည်ဆိုပါစို့။ ဤရန်ကြွေးများသည် ကြေနိုင်မည် ထင်ပါသလော။ PDF တို့အင်အားတောင့် တင်းနေသောနေရာဖြစ်သဖြင့် လက်ရှိအချိန်တွင် မည်သို့မျှမပြုလုပ်နိုင်သော်လည်း နောင်တစ်ချိန်တွင် လက်တုံ့ မပြန်ပါဘူးဟု မည်သူမှ မသိနိုင်ပေ။ လက်တုံ့ပြန်ခြင်းသည် တစ်ဖက်မှစလိုက်သည်နှင့် မဆုံးနိုင်သော ကံကြ မ္မာစက်ဝန်းကို စတင်လိုက်ခြင်းဖြစ်ရာ မြန်မာ့လူမူအသိုင်းအဝိုင်းသည် အမှောင်ထုထဲကို တစ်စစဖြင့် တိုး ဝင်သွားမည်ကို မည်သူမျှ မခန့်မှန်းမိပါသလော သို့မဟုတ် မည်သို့ပင်ဖြစ်စေ မိမိတို့ရည်ရွယ်ချက်အောင် မြင်လျှင်ပြီးရော နောင်ခါလာနောင်ခါ စျေးဆုံးဖြတ်လိုက်ခဲ့သလော မေးခွန်းဖြစ်ပေါ်လာလေသည်။ 

 တတိယမေးခွန်းအနေဖြင့် PDF များသည် မရှိသည့်အဖွဲ့အစည်းတစ်ခုအား ရှိသယောင် ဖန်တီးနေမှုကို အခြေခံလေသည်။ အချို့သော ဒလန်ရှင်းလင်းရေးနှင့် ဗုံးဖောက်ခွဲခြင်းများတွင် အများပြည်သူစိတ်အနှောက် အယှက်ဖြစ်စေနိုင်သည့်အကြောင်း ပေါ်လာသည်နှင့် ပျူစောထီးဟူသော နာမည်အား တွင်တွင်ကျယ်ကျယ်အ သုံးပြုကာ ၎င်းတို့၏လုပ်ရပ်များကို ဖုံးကွယ်လေ့ရှိလေသည်။ သို့သော် ထိုအဖွဲ့သည် မည်သူမှ ဖွဲ့စည်းသည် မည်သူကလက်နက်ထောက်ပံ့သည် မည်သူက ဦးဆောင်သည်ဆိုသည့် အချက်များပင် မရှိသောအဖွဲ့ဖြစ်ရာ အပြင်လက်တွေ့တွင် မည်သူမှမမြင်ဖူးကြပေ။ အကယ်၍ ပျူစောထီးကိုသာ နကစဖွဲ့စည်းသည်ဆိုပါစို့။ ထိုသူတို့သည် လက်နက်တရားဝင်ကိုင် ဆောင်ခွင့်ရကာ ရပ်ရွာများတွင် ၎င်းတို့၏ မိသားစုများနှင့်အကျိုး စီးပွားများကို ကာကွယ်ရန် ပြောင်ပြောင်တင်းတင်းနေကြမည်ကို လူသာမန်အတွေးဖြင့် တွေးလျှင်ပင် ရနိုင်လေသည်။ အဘယ့်ကြောင့် ပျူစောထီးတို့သည် ရပ်ရွာထဲတွင် လုံးဝမတွေ့ရသနည်း။ ၎င်းတို့သည် မော့ဆက်ထောက်လှမ်းရေးများထက်ပင် လျို့ဝှက်သောအဖွဲ့အစည်းလော။ ထိုမျှတော်ပါသည်ဆိုပါက အဘယ်ကြောင့် ပျူစောထီးခေါင်းဆောင်ဆိုသူများ အသတ်ခံနေရသနည်း။ အရည်အချင်းရှိသူတို့သည် အဘယ်ကြောင့် မကြာခဏ ဗုံးထောင်ရင်း ဖြစ်စေ ဗုံးသယ်ဆောင်ရင်းဖြစ်စေ သေဆုံးနေပါသနည်း။ သေဆုံးသူများသည်လည်း အဘယ်ကြောင့် PDF များဟု အရပ်ထဲတွင် နာမည်ထွက်နေကြသနည်း။ မရှိသောအဖွဲ့ နာမည်အား မကြာခဏ ဖော်ထုတ်နေသော PDF များသည် မည်သည့်ရည်ရွယ်ချက်ကြောင့် ဤသို့လုပ်ဆောင်နေပါသနည်း။ ပျူစောထီးဆိုသည်မှာ PDF များ၏ အခြားနာမည်လွှဲတစ်ခု ဖြစ်နေသ လော