Monday, November 1, 2021

၅၉(စ) နဲ့ ဒေါ်စုကြည်....


Oct 28 ရက်နေ့မှာ ဂျပန်တော်ဝင်မိသားစုရဲ့သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်...

 ဂျပန်ဘုရင် နာရူဟီတိုရဲ့ တူမတော်အကြီးဆုံးနန်းမွေစံမင်းသမီး မာကိုရဲ့ မဂ်လာပွဲသတင်းပါ...

ဂျပန်တော်ဝင်မင်းသမီးမာကိုဟာ သူ့ချစ်သူ သာမာန်အရပ်သား 
ကိုင်ကိုမူရို နဲ့ ၂၀၁၇မှာ စေ့စပ်ခဲ့ကြပြီး..ပြစ်တင်ဝေဖန်မှု၊စွပ်စွဲပြောဆိုမှု အခက်ခဲကြားကနေ၂၀၂၁မှာလက်ထပ်နိုင်ခဲ့တာပါ....

စည်းမျဥ်းခံဘုရင်စနစ်ကျင့်သုံးတဲ့ဂျပန်နိုင်ငံရဲ့ဥပဒေအတိုင်းတော်ဝင်မျိုးနွယ်မဟုတ်သူသာမာန်အရပ်သားနဲ့လက်ထပ်တဲ့မင်းသမီးမာကို..ကိုတော်ဝင်မိသားစုကနေထုတ်ပယ်ပြီးတော်ဝင်မင်းသမီးရာထူးဘွဲ့ထူးနဲ့အဆောင်ယောင်အားလုံးကိုရုတ်သိမ်းခဲဲ့ပြီးနန်းတော်ကနှင်ထုတ်ခဲ့ပါတယ်...

တော်ဝင်မင်းသမီးမာကိုဟာသူ့ရွေးချယ်မှုရဲ့အကျိုးဆက်ကိုကျေနပ်စွာလက္ခံခဲ့ပါတယ်....
 

ကျမ ဘုရင် မဖြစ်အောင် 
ရေးဆွဲထားတဲ့ဥပဒေပါလို့ 
မပြောခဲ့ပါဘူး....။

အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်းထိုင်းဘုရင်ဗာဂျီရာလောင်ကွန်းရဲ့ အစ်မ ထိုင်းတော်ဝင်သမီး ဥဘောရတနာဟာ လူမျိုးခြားဘာသာခြားဖြစ်တဲ့ ပီတာလဒ်ဂျက်ဆန် နဲ့ လက်ထက်မိတာကြောင့်
တော်ဝင်မိသားစုကနေထုတ်ပယ်ခံခဲ့ရပြီးတော်ဝင်သမီးရာထူးဂုဏ်ထူးအဆောင်ယောင်အားလုံးရုပ်သိမ်းခံခဲ့ရပါတယ်......။

 
၂၀၁၉..ဝန်ကြီးချုပ်ရွေးကောက်ပွဲမှာဥဘောရတနာဟာဝင်ရောက်ယှဥ်ပြိုင်အရွေးခံခဲ့ပေမယ့်ထိုင်းဘုရင်က"အခြေခံဥပဒေနဲ့မညီသလိုအစဥ်လာတွေချိုးဖောက်ရာရောက်တယ်''လ်ု့ပြောဆိုခဲ့ပြီး UECကနေ ဝန်ကြီးချုပ်ဖြစ်ရန်အရည်ချင်းမပြည့်မှီဆိုပြီးပယ်ချခဲ့ပါတယ်......။

တော်ဝင်မင်းသမီးဥဘောရတနာဟာ..ဒါ ကျမ ဘုရင်မဖြစ်အောင်ရေးဆွဲထားတဲ့ ဥပဒေပါလို့မပြောခဲ့ပါဘူး....

ကျမဝန်ကြီးချုပ်ဖြစ်ရင်
ဘာလုပ်ပေးမှာပါ..ညာလုပ်ပေးမှာပါ..ဝန်ကြီးချုပ်ဖြစ်အောင်လုပ်ပေးပါလို့
မပြောခဲ့ပါဘူး.......။

မြန်မာနိုင်ငံအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး
ဒေါ်စုကြည်ဟာလူမျိုးခြား ဘာသာခြားမိုက်ကယ်အဲရစ်နဲ့ လက်ထပ်ခဲ့သူပါ..

"မြန်မာပြည်ကလူငယ်တွေကိုဖေဖေ့လိုဖြစ်စေချင်တယ်'' ပြောခဲ့ပေမယ့်သူဝမ်းနဲ့လွယ်မွေးထားတဲ့ သားနှစ်ယောက်ကိုတော့ ဗုဒ္ဓဘာသာဝင်ဖြစ်အောင်ပင် မသိမ်းသွင်းနိုင်ခဲ့ ပျိုးမထောင်နိုင်ခဲ့ပါဘူး..............။

ဒေါ်စုကြည်ဟာဂျပန်တော်မင်းသမီးနဲ့ထိုင်းတော်ဝင်မင်းသမီးတို့လိုလင်ယူမှားတဲ့
ကိုယ့်အပြစ်ကိုမသိဘဲ..သမ္မတ မဖြစ်တာကို၅၉(စ)ဆိုတာ..ကျမသမ္မတမဖြစ်အောင်ရေးဆွဲထားတာပါ လို့ပြောခဲ့တဲ့အပြင် ၅၉(စ) နဲ့၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းဖို့လူထုကို
လမ်းပေါ်ဆွဲတင်ခဲ့ပါတယ်........။

ဒီမိုကရေစီအမည်ခံပြီး အရှက်သိက္ခာမဲ့စွာ သမ္မတအထက်က နေခဲ့ပါသေးတယ်.....

မြန်မာပြည်သူတွေအနေနဲ့
ဂျပန်ပြည်သူတွေ ၊ ထိုင်းပြည်သူတွေ လို ပုဂ္ဂိုလ်ရေးနဲ့ အမျိုးသားရေး ခွဲခြားတတ်​ပြီးအခြေခံဥပဒေကို လေးစားလိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်.......။

Credit