Wednesday, November 3, 2021

ဂယက် အရှိန် နဲ့ လေ့လာအား


            ကျနော်တို့ တတွေဟာ ထင်ရှားတဲ့သူတွေ ပြောတဲ့ စကားဆိုရင် မိမိအသိလောက်ပဲ ပိုင်းဖြတ်ပြီး ချစ်ရင် ချစ်သလို မုန်းရင် မုန်းသလို ကောက်ချက်ချ တတ်ကြပါတယ် ။ 

        ဒီထက်ဆိုးတာက မီဒီယာတွေရဲ့ လိုသလို ဖြတ် ညှပ် ကပ် ယုတ်မာထားတဲ့ သတင်းတွေဆို ပိုဆိုးတယ် ဗျ ၊ ကိုယ့်ထောက်ခံတဲ့ သူတွေပါ ဇဝေဇဝါ ဖြစ်သွားရတဲ့ အကြိမ်တွေ မနည်းမနော ရှိခဲ့ဖူးပါတယ် ။ 

          အရင်က ပြောခဲ့ကြတဲ့ ထမင်းတနပ်လျှော့စားပါ တို့ ဟင်းတခွက်ပဲ စားပါ တို့ ဆိုတဲ့ ပြောဆိုခဲ့မှုတွေ အပေါ် ထခဲ့ရတဲ့ ဂယက်ကလည်း အခုထိ အရှိန် မကုန်သေးဘူးကိုးဗျ ။

          ကျနော်တို့လည်း ပထမတော့ စားသုံးဆီ နဲ့ လောင်စာဆီ လျှော့ချဖို့ ပြောတာကို နားလည်သေးတယ် ဆန်လျှော့စားဖို့ ပြောတာတော့ ခဏ ကြောင်သွားပါတယ် ။ 

      သို့သော် အကြောင်းမဲ့တော့ ပြောမှာ မဟုတ်တာ သေချာတယ် ဆိုပြီး ရှာဖွေရေး လုပ်ကြည့်ပါတယ် ။ 

      ယနေ့ ကျနော်တို့ မြန်မာတွေဟာ အာဆီယံမှာ သက်တမ်းအတိုဆုံး ဖြစ်နေတယ် ။ အသက် ၄၀ ကျော်ရင် သူများနိုင်ငံတွေက ဘဝအခုမှ စတယ်လို့ ကြွေးကြော်ပေမယ့် မြန်မာပြည်မှာ ၄၀ ကျော်ရင် out of date စာရင်းဝင်သွားပြီ ။ 

        သုများနိုင်ငံတွေမှာ ၆၀ ကျော် အဘွားတွေ နှုတ်ခမ်းနီ ပါးနီ နဲ့ ဖလန်း ဖလန်း ထနေတုန်း ဒီက အဘွားတွေက ခါးကိုင်း နားထိုင်း ချိနဲ့နေကြပြီ ။ 

       ဘာကြောင့် အဲလို ဖြစ်နေရတာလဲ အဖြေရှာကြည့်တော့ ဆန်ကို အဓိကထားပြီး အလွန်အကျွံ အများအပြား စားနေတဲ့ အတွက် ဖြစ်တယ်လို့ ကောက်လျက်ချကြတယ် ။ 

        ကျနော်တို့ နေထိုင်စားသောက်တဲ့ လူမှုပုံစံ ပြန်ကြည့်လိုက်ပါ အသား ငါး အစိတ်သားလောက် ချက်ရင် မိသားစု ၅ ယောက်လောက် ခွဲစားကြတယ် ။ အသီးအရွက် အကြော်ပဲ ဖြစ်ဖြစ် အရည်ပဲဖြစ်ဖြစ် တခွက်ပဲ တယောက် နှစ်ဇွန်း သုံးဇွန်း ခပ်စားကြတယ် ။ 

        ထမင်း နဲ့ ဗိုက်ပြည့်အောင် အဟာရ ဖြည့်နေကြရပြီး လိုအပ်တဲ့ အသား ငါး ဟင်းသီးဟင်းရွက် ပမာဏ အနည်းငယ်သာ စားခဲ့ကြရတာ အားလုံးအသိပါပဲ ။ ဆင်းရဲလေ အသား ငါး အသီးအရွက် လျော့စားရလေပါပဲ ။ 

        အဲဒါကြောင့် ဆန်စားတဲ့ နိုင်ငံတွေ လေ့လာကြည့်ပါတယ် ။ တရုတ် ဗီယက်နမ် ကိုရီးယား ဆန်စားတယ် ။ ဘယ်လောက်စားသလဲ ပြန်ကြည့်ပါ ပန်ကန်လုံးသေးသေးထဲ တူနဲ့ ယက်ချ ပြီးရင် အသားငါး ဟင်းသီး ဟင်းရွက်ပဲ အစားများကြတာပါ ။ 

       အနီးစပ်ဆုံး ထိုင်းကို ကြည့်ပါ ။ သူက မြန်မာနဲ့ စားသောက်မှု စနစ် အနီးဆုံးတူညီတယ် ။ သူတို့ ဆန် ဘယ်လောက် စားသလဲ လေ့လာကြည့်တော့ ထိုင်းလူမျိုးတယောက်သည် တနှစ် ဆန် ၂၅ ပြီ မှ ၃၅ ပြီ ကြား စားသောက်ကြပါတယ် ။ 

        မြန်မာတွေက အကြမ်းဖျင်း တနှစ်ကို ဆန် ပြီပေါင်း ၅၀ မှ ၇၂ ပြီ အကြား စားကြပါတယ် ။ ကျနော်တို့က ဆန်စားပါတယ်ဆိုတဲ့ ထိုင်းထက်ကို နှစ်ဆလောက် များနေပါတယ် ။ 

         ဒါတွေက ဆန်လျှော့စားပါ ဆိုတဲ့ မိန့်ခွန်းရဲ့ ရည်ရွယ်ချက်ကို သိရဖို့ လေ့လာကြည့်မိတဲ့ အချက်အလက်တွေ ဖြစ်ပါတယ် ။ ဆန်အစား အသား ငါး နဲ့ ဟင်းသီးဟင်းရွက် ပိုစားဖို့ တိုက်တွန်း နေတာဟာ အကြောင်းတွေရှိနေတာကို အဲသလို လေ့လာမှ တွေ့နိုင်မှာပါ ။

       မြန်မာတွေ အများဆုံး ဖြစ်နေတဲ့ သွေးတိုး ဆီးချို သွေးချို နဲ့ အခြား ရောဂါပေါင်း များစွာဟာ အသား ငါး ဟင်းသီးဟင်းရွက် အစားနည်းပြီး ဆန် အစားများနေလို့ ဖြစ်နေကြောင်း ကျန်းမာရေးဌာနရဲ့ တွေ့ရှိချက်တွေအရ ဆန်လျှော့စားခိုင်းခြင်း ဆိုတာ သိရပါတယ် ။ 

        တချိန်က ဦးသိန်းစိန် ပြောခဲ့တဲ့ ပညာရေး ဆိုတာ ပြန်မရနိုင်တဲ့ ရင်းနှီးမြှပ်နှံမှုလို့ ပြောခဲ့တာလေးကို ဖိုးကပ် ဖြတ်ပြီး လူယုတ်မာ မီဒီယာတွေ နဲ့ လူစုတ်ပဲ့ နိုင်ငံရေးသမား NLD တွေ ပေါင်းပြီး ဦးသိန်းစိန်သည် ပညာရေး အားမပေးတဲ့သူ အဖြစ် ပုံဖော်ခဲ့ကြပါတယ် ။ 

       တကယ်တန်းကျတော့ မြစိမ်းရောင် စီမံကိန်း အတွက် ချေးငွေ ကိစ္စမိန့်ခွန်း ပြောရာမှာ ယခုချေးငွေများဟာ ပြည်ပကို ပြန်ဆပ်ရမယ့် ချေးငွေဖြစ်လို့ မဆပ်မဖြစ် ပြန်လည်ပေးဆပ်ရန် လိုအပ်ကြောင်း ၊ ဘက်ဂျက်သုံးစွဲရာမှာ ပြန်ဆပ်ရမယ့် ဘက်ဂျက်ချေးငွေ နဲ့ ပြန်ဆပ်ရန် မလိုတဲ့ ထောက်ပံ့ငွေ နှစ်မျိုးရှိကြောင်း ၊ ပြန်ဆပ်ရန် မလိုတဲ့ ထောက်ပံ့ငွေကိုတော့ ပညာရေးလို ပြန်မရနိုက်တဲ့ ရင်းနှီးမြှပ်နှံမှုတွေမှာ သုံးရကြောင်း... အစရှိသဖြင့် ပြောသွားတာပါ ။ 

       ဒါကို ယုတ်မာတဲ့ နိုင်ငံရေး အောက်လုံးအဖြစ် အပုပ်ချခဲ့ရာမှာ အဖြစ်မှန်မသိကြတော့ ကြံ့ဖွံ့တွေကအစ ဦးသိန်းစိန် ဘာလို့ ပြောသွားပါလိမ့်ဆိုပြီး ဇဝေဇဝါ ဖြစ်ခဲ့ကြရပါတယ် ။ 

         ဒီနေ့ ဖြစ်နေတဲ့ တပ်ချုပ်ကြီးရဲ့ ဆန်လျှော့စားပါ ဆိုတာကိုလည်း ဒီလို အောက်လုံးထိုးနေမှုကို ကိုယ့်လူတွေက အစ ဆိုလိုရင်းကို ဖမ်းဆုပ်နိုင်ခြင်း မရှိပဲ (အားမထုတ်ပဲ) ရောရောင် လှောင်ပြောင်နေတာ တွေ့ရပါတယ် ။ 

       မြန်မာပြည်ဟာ အစဉ်အဆက် ဆန်ပေါတဲ့ တိုင်းပြည်ပါ ။ ဆန်ရှားသွားလို့ လျှော့စားခိုင်းတာ မဟုတ်ဖူး ၊ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး သူများနည်းတူ အသက်ရှည်ရှည် နေနိုင်ကြဖို့ တိုက်တွန်းတဲ့ မေတ္တာစကားသာ ဖြစ်ပါတယ် ။ 

       တနည်းအားဖြင့် ခင်ဗျားတို့ အသေမစောအောင် အကြံပြု တိုက်တွန်းခြင်းသာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ။ ခေါင်းဆောင်တယောက်ရဲ့ မိန့်ခွန်းကို ခြုံငုံ မတွေးတောနိုင်ပဲ သူများပါးစပ်မှာ လမ်းဆုံးနေရင် အမှန်တကယ် ဆိုလိုရင်းကို ခင်ဗျားတို့ ဖမ်းဆုပ်နိုင်ဖို့ မလွယ်သေးပါဘူး ။ 

       ကိုရွှေမျိုးဝင်း

(အတွင်းကျကျ အကြောင်းစုံ သိနိုင်ဖို့ ဆိုတာ ငယ်စဉ်ကထဲက အလေ့အကျင့် အထုံ ပါရမီ ပါလာဖို့ လိုတယ်)
ဓာတ်ပုံလေးက အသက်😁😁😁