Wednesday, November 3, 2021

ကိုယ့်ပေါင်ကို လှန်ထောင်းကြအုံးစို့


        မနက်က ထမင်းလျော့ပြီး အသား ငါး နဲ့ ဟင်းသီးဟင်းရွက် ပိုစားကြဖို့ ဆိုလိုရင်း ဖြစ်ကြောင်း တင်လိုက်တဲ့ အခါ ကုန်စျေးနှုံး နဲ့ ဝင်ငွေ အကြောင်း မန့် တာတွေ တွေ့ရပါတယ် ။ 

       မှန်ပါတယ်ဗျာ ကျနော်ပြောချင်တာကလည်း နေ့ချင်း ညချင်း မဆိုလိုပါဘူး မိန့်ခွန်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြချင်ယုံ သက်သက်ပဲ ဖြစ်ပါတယ် ။ 

         ကိုဗစ်ကတမျိုး နိုင်ငံရေးမတည်ငြိမ်မှုက တမျိုး နဲ့ လူအများစု အကြပ်အတည်း နဲ့ ရင်ဆိုင်နေကြရတာလည်း အမှန်တရားပါပဲ ။

      ကျနော်တို့က ဒါကို ဖြေရှင်းဖို့ နစက ကိုချည်း အားကိုးနေလို့ မရပါဘူး ။ ကျနော်တို့ရဲ့ အလုပ်အကိုင် နေထိုင်မှု ပုံစံ နဲ့ ခံယူချက်တွေကိုလည်း တဖက်တလမ်းက ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ လိုမယ်လို့ ယူဆပါတယ် ။ 

          ယနေ့ကာလမှာ အလုပ်အကိုင် အတော်များများ ပြန်လည် စတင်နေပါပြီ ။ အစိုးရ အလုပ်အကိုင် အသစ်တွေ ဖော်ဆောင်ပေးဖို့ဆိုတာ လောလောဆယ် မလွယ်သေးပါဘူး ။ 

        CDM တွေ နေရာမှာ အစားထိုးဖို့ ဝန်ထမ်းသစ် ခေါ်နေတာ မပြောပလောက်တဲ့ ပမာဏ ဖြစ်နေပါတယ် ။ ဆန်နေရာမှာ အစားထိုး စားရမယ့် အသားငါး စျေးကြီးလို့ မစားနိုင်တာထက် ဝင်ငွေ နည်းတဲ့ ပြဿနာက ပိုဆိုးတာပါ ။ 

        ဝင်ငွေ မရှိလို့ အလုပ်လက်မဲ့ ဖြစ်နေသူတွေ ပြန်တွေးကြည့်ပါအုံး ။ ယခင်က ကားမောင်းတယ် ဆိုပါစို့ ။ အခု ကားမောင်းအလုပ် မရှိတော့ဘူး ဆိုပြီး ငုတ်တုတ်ထိုင် နောက်ကားရှာနေကြတာ များမှာသေချပါတယ် ။ 

        ok ကားသမားက ကားမောင်းတဲ့ အလုပ်ပဲ လုပ်ရမယ်လို့ ဥပဒေ ပြဌာန်းမထားပါဘူး ။ ကားမောင်းစရာ မရှိတုန်း ဆိုင်ကယ်တက္ကစီ ဆွဲဖို့ မစဥ်းစားဘူးလား... ? ဂုဏ်ငယ်သွားတယ်လို့ တွေးပြီး ကား မှ ကားလို့ စောင့်ရင်း ငုတ်တုတ်ထိုင်နေသူ များပါလိမ့်မယ် ။ 

        ထို့အတူပါပဲ စက်ချုပ်စားသူတွေ အလှပြင်သူတွေ အလုပ်မဖြစ်ဖူး ။ စျေးရောင်းဖို့ ဆေးလိပ်လိပ်စားဖို့ ၊ စတိုးဆိုင်မှာ နေ့စားလုပ်ဖို့ ရှက်ပြီး ငုတ်တုတ်ထိုင်နေကြတာ မဟုတ်ဖူးလား ။ 

          အိမ်မှာ မိသားစုဘယ်လောက်က အလုပ်လုပ်နိုင်တဲ့ အရွယ်ရှိနေပြီး အလုပ် လုပ်နေတာ ဘယ်နှစ်ဦးရှိပါသလဲ ။ 

        အပိုဖြုန်းငွေ ဖြစ်တဲ့ ကွမ်း ၊ ဆေး ၊ အရက် ၊ နှစ်လုံး သုံးလုံး ဖိုးတွေ ဘယ်လောက် များနေသလဲ ပြန်ပြီး စာရင်းစစ်ကြည့်ပါအုံး ။ 

         မိသားစု ငါးဦးမှာ နှစ်ဦးဝင်ငွေရှိရင် သုံးသိန်း အနည်းဆုံး ရနိုင်ပါတယ် ။ တနေ့ကို ၅ ထောင်မှ ၈၀၀၀ ခန့်ဆိုရင် သင့်တင့်လျှောက်ပတ်တဲ့ အသားငါး စားနိုင်ပါတယ် ။ 

      ဟင်းသီးဟင်းရွက်ဆိုတာ ဝယ်မစားနိုင်ရင် အိမ်ထဲမှာ ရေသန့်ဗူးခွံနဲ့ စိုက်စားတောင် ရပါတယ် ။ မုန်ညှင်း ၊ ကန်ဇွန်းရွက် ၊ ချဥ်ပေါင်ရွက် မုန်လာထုပ် အစရှိတဲ့ အသီးအရွက်တွေက စျေးပေါ ပါတယ် ။ 

......ခေတ်မှီတဲ့ ကျန်းမာရေးစနစ် စားသောက်ပုံက ဟင်းသီးဟင်းရွက် 50 %
ဆန် 25 % အသား ငါး 25 % လို့ ဆိုပါတယ် ။ 

         ဒီတော့ အလုပ်အကိုင်ကိစ္စ ပြန်ပြောရရင် အလုပ်မရှိဘူး ဆိုတာထက် ကျနော့်အမြင် အလုပ်ရွေးနေကြလို့ အလုပ်ရှားနေတာလို့ ရှုမြင်ပါတယ် ။ ကားသမား ရေခဲချောင်းရောင်းရဲရင် အလုပ်ပေါလာနိုင်ပါတယ် ။ 

       နောက် သားသမီးတွေကို အရွယ်လွန်တဲ့အထိ အလုပ်မခိုင်းရက်ပဲ ကျွေးမွေးနေရတာလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ် ။ ရတဲ့ အလုပ် လုပ်ခိုင်းရပါမယ် ဒါမှ သူလည်း ငွေတန်ဖိုး သိလာပါမယ် အလုပ်ရဲ့ ဂုဏ်ကို မြတ်နိုးလာပါမယ် ။ 

       နောက်ထပ် ကျနော်တို့ရဲ့ မကောင်းတဲ့ အကျင့်က ဒီလိုလည်း တွေ့ရတတ်ပါတယ် ။ 

" ဆင် ရောင်းမယ်ဗျို့ ဆင်ရောင်းမယ် ''

"ဟေ အကြွေးရမလား ကွ ''
(အိမ်ပေါ်က လှမ်းမေးတာနော် အောက်ဆင်းမကြည့်ဘူး)

"ရပါတယ်ခင်ဗျာ အကြွေးလည်း ရောင်းပါ့မယ် ''

"သြော် အေး အေး အကြွေးရောင်းခဲ့မယ် ဆိုရင် အိမ်တိုင်ချည်ခဲ့ကွာ ''

      ကဲ ကြည့်ပေတော့ ။ မြန်မာတွေက အကြွေးရောင်းမယ် ဆိုရင် ကိုယ့်အတွက် အသုံးတည့် တည့် မတည့်တည့် ယူထားလိုက်တာပဲ ။ နောက်ပြီး ဆင်က ဘယ်အရွယ်လဲ ၊ ကျန်မာရေးကောင်းလား ၊ အဂ်ါစုံလား ၊ အထီးလား ၊ အမလား ဆိုတာတောင် မကြည့်တဲ့အပြင် စျေးလည်းမမေးနေဘူး အကြွေးဆို တိုင်ချည်ခဲ့ ဆိုတဲ့ လူမျိုးကိုးဗျ ။ 

        ဒီလို အကျင့်ဆိုးတွေလည်း ပြည်သူတွေဖက်က ပြုပြင်ဖို့ လိုလိမ့်မယ်ဗျ ။ ဒါတောင် ကျနော် လျော့ပေါ့ ပြောထားတာ ပြောဖို့ တခုကျန်သေးတယ် ။ 

     မထူးပါဘူး ထပ်ပြောပါ့မယ် ။ မြန်မာ့ယဥ်ကျေးမှုအရ သား သမီးကို ပိုးမွေးသလို မွေးကြတယ် ။ ဆယ်တန်းရောက်တဲ့အထိ အမေက သနပ်ခါးသွေးပေးနေရတုန်း ချက်ပြုတ် လျှော်ဖွပ်ပေးနေရတုန်း ။ တက္ကသိုလ်တက်လည်း မထူးဘူး ။ ဟော ဘွဲ့လည်းရကော တခါတည်း လင်ယူ မယားယူ နဲ့ လုပ်ကြရော ။ 

      မိဘတွေက တခါ အိမ်ထောင်သစ်အတွက် မရှိမဲ့ရှိမဲ့ ပံ့ပိုးရင်း မြေးအထိ ထပ်ကြွေးရသေးတယ် ။ 

        တချို့ကြတော့ အဲလိုမဟုတ်ဖူး ဘွဲ့ယူပြီးတာ နဲ့ ယောကျာ်းမယူဘူး (မစွံတာလည်းပါမှာပေါ့ ) သင်တန်းတွေ တခုပြီး တခုတက် နေတော့တာ ဘဒ္ဒကမ္ဘာ မရှိတောင် သင်တန်းက ပြီးမယ့်ပုံ မမြင်ရဘူး ။ မိဘတွေမှာ အပျိုကြီး လူပျိုကြီး သာသမီး ပညာသင်စရိတ် သင်တန်း စရိတ် မကဘူး ဖိနပ်ကနေ နားကပ်ထိ ဆင်ပေးနေရတုန်း ( တချို့ဆို အလိုက်မသိ ဝင်ငွေမရှိပဲ ဖိနပ်တခါဝယ်ရင် လေးငါးရံ ဝယ်တဲ့သူ ရှိသတဲ့)

      ကဲ ဒီလို မိသားစုဝင်ငွေ လျော့စေတဲ့ အပျိုကြီး လူပျိုကြီးတွေကလည်း နိုင်ငံအတွက် ဓနအင်အား ဖြုန်းတီးရာ ​ရောက်နေတာ သတိပြုမိဖို့ ကောင်းပြီ ။ 

      တော်ပါပြီ ဆက်ရေးနေရင် fri တွေထဲက အပျိုကြီးတွေ ကုန်လိမ့်မယ်😁😁😁

        ကိုရွှေမျိုးဝင်း

(တချို့ကတော့ တရားသဘောကို ရင်တွင်းသိနဲ့ သဘောပေါက်ကုန်ပါပြီ)