Wednesday, November 3, 2021

ASEAN Centrality, UNITY, WAY များအပေါ် ကျော်လွန်ဆောင်ရွက်လာခြင်းသည် မြန်မာနိုင်ငံပေါ်တွင်သာ သက်ရောက်မှာမဟုတ်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံများအပေါ်မှာလည်း အာဆီယံပြင်ပအသိုက်အဝန်းတွေ၏ လိုရာဆွဲ စီမံဆောင်ရွက်ခံရမှု၊ တွန်းအားပေးခံရမှုနှင့် သပ်လျှိုမှုများလည်း အာဆီယံနိုင်ငံများအတွင်း ရောက်ရှိလာနိုင် ကြောင်း န-စ-ကဒုဥက္ကဋ္ဌ ပြောကြား

…………………………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၃ (People Media)

ယခုလို ASEAN Centrality, UNITY, WAY တွေအပေါ် ကျော်လွန်ဆောင်ရွက်လာတာဟာ မြန်မာနိုင်ငံ တစ်ခုတည်းပေါ်မှာသာ သက်ရောက်မှာမဟုတ်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံများအပေါ်မှာလည်း အချိန်ကာလတစ်ခု၊ အခြေအနေတစ်ခုခုတို့တွင် ယခုလိုပဲ အာဆီယံပြင်ပအသိုက်အဝန်းတွေရဲ့ လိုရာဆွဲစီမံ ဆောင်ရွက်ခံရမှု၊ တွန်း အားပေးခံရမှုနဲ့ သပ်လျှိုမှုများကိုလည်း စည်းလုံးညီညွတ်သော အာဆီယံနိုင်ငံများအတွင်း ရောက်ရှိလာနိုင်ပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး မိန့်ခွန်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယနေ့ ASEAN Summit နှင့် PLUS အစည်းအဝေးများမှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တောင်းဆိုမှုတွေဟာ ASEAN ရဲ့ စည်းလုံးညီညွတ်မှု၊ ASEAN Centrality, ASEAN UNITY နဲ့ ASEAN WAY စတဲ့ပုံရိပ်တွေကို ထိ ပါးနေပြီလားဟု သံသယဖြစ်စရာ တွေ့ရပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် လာရောက်ရေးနှင့် ပတ်သက်၍လည်း အမျိုးမျိုးသော ညှိနှိုင်းမှု၊ တောင်းဆိုမှုနှင့် အပြောင်းအလဲများအပြင် တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်လျက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းဆိုချက်များ ကြုံတွေ့ခဲ့ပါတယ်။ မည်သည့်နိုင်ငံမဆို ယခုလိုပဲ တည်ဆဲတရားဥပဒေကို မည်သူကမျှ ကျော်လွန်ခွင့်ပြုပေးနိုင်မည်မဟုတ်ဟု ယုံကြည်ပါတယ်။ နိုင်ငံတော်ပိုင်း ကလည်း တည်ဆဲဥပဒေ ကန့်သတ်ချက်မှလွဲ၍ ကျန်လိုက်လျောနိုင်သမျှ လိုက်လျောခဲ့သော်လည်း အာဆီယံ အထူး ကိုယ်စားလှယ်ဝင်ခွင့်မရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက် စပ်ထိပ်သီး အစည်းအဝေးများမှာ ချန်လှပ်ခဲ့တာဟာ အာဆီယံရဲ့ ပဋိညာဉ်အပိုဒ် ၂၀(၁)၊ အပိုဒ်၈ (၂)(က) နှင့် အပိုဒ် ၂(၂)(က)၊ (င)၊ (စ)တို့နှင့် ဆန့်ကျင်နေတာကိုလည်း ဝမ်းနည်းစိတ်မကောင်းဖွယ် ကြုံတွေ့ရပါတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုအစီအမံတွေဟာ အာဆီယံအသိုက်အဝန်း မျှော်မှန်း ချက် ၂၀၂၅ မှာ ဖော်ပြပါရှိတဲ့ ဦးတည်ချက်များ ပြည့်မီနိုင်ရေး အခြေခံကျတဲ့အတွက် ASEANSAT အနေနဲ့ ဒီမျှော်မှန်းချက်တွေကို လက်တွေ့လုပ်ငန်းရပ်များအဖြစ် ချမှတ်အကောင်အထည်ဖော်ပြီး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုအစီအမံတွေ၊ ပိုမိုတည်ငြိမ်အေးချမ်းဖွံ့ဖြိုးမှုတွေကတစ်ဆင့် အာဆီယံနိုင်ငံသားတွေရဲ့ နေ့စဉ်ဘ ဝတွေမှာ အကျိုးကျေးဇူးတွေ ဖန်တီးပေးပြီး၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေ ခံစားနိုင်စေဖို့၊ ကြံ့ခိုင်မှုနဲ့ လူမှုဘဝမြှင့်တင်ပေးဖို့ လိုပါတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့ကြောင့် ASEANISAI အနေနဲ့ အဖွဲ့အစည်း တည်ထောင်စဉ်က သဘောတူစာချုပ်ပါ အခြေခံဦးတည်ချက်များ ပြည့်မီစေရေး၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများမှာ မှန်ကန်သည့် ဘဏ္ဍာရေးရှင်းတမ်းများ ဆောင်ရွက်နိုင်ရေး၊ အလွဲသုံးစားမှုများ ဟန့်တားရေးနဲ့ လိမ်လည်မှုကင်းတဲ့ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုများကို ဖော်ဆောင်သွားနိုင်ဖို့၊ ကောင်းမွန်သော အုပ်ချုပ်မှုစွမ်းရည် မြှင့်တင်ပေးနိုင်ရေး ဆက်လက် ကြိုးပမ်းသွားကြဖို့ မိမိအနေနဲ့ တိုက်တွန်း လိုပါတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြား လိုက်ပါတယ်။

#PeopleMedia #အာဆီယံ #နစက

(unicode)
ASEAN Centrality, UNITY, WAY များအပေါ် ကျော်လွန်ဆောင်ရွက်လာခြင်းသည် မြန်မာနိုင်ငံပေါ်တွင်သာ သက်ရောက်မှာမဟုတ်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံများအပေါ်မှာလည်း အာဆီယံပြင်ပအသိုက်အဝန်းတွေ၏ လိုရာဆွဲ စီမံဆောင်ရွက်ခံရမှု၊ တွန်းအားပေးခံရမှုနှင့် သပ်လျှိုမှုများလည်း အာဆီယံနိုင်ငံများအတွင်း ရောက်ရှိလာနိုင် ကြောင်း န-စ-ကဒုဥက္ကဋ္ဌ ပြောကြား
…………………………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၃ (People Media)

ယခုလို ASEAN Centrality, UNITY, WAY တွေအပေါ် ကျော်လွန်ဆောင်ရွက်လာတာဟာ မြန်မာနိုင်ငံ တစ်ခုတည်းပေါ်မှာသာ သက်ရောက်မှာမဟုတ်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံများအပေါ်မှာလည်း အချိန်ကာလတစ်ခု၊ အခြေအနေတစ်ခုခုတို့တွင် ယခုလိုပဲ အာဆီယံပြင်ပအသိုက်အဝန်းတွေရဲ့ လိုရာဆွဲစီမံ ဆောင်ရွက်ခံရမှု၊ တွန်း အားပေးခံရမှုနဲ့ သပ်လျှိုမှုများကိုလည်း စည်းလုံးညီညွတ်သော အာဆီယံနိုင်ငံများအတွင်း ရောက်ရှိလာနိုင်ပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး မိန့်ခွန်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယနေ့ ASEAN Summit နှင့် PLUS အစည်းအဝေးများမှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တောင်းဆိုမှုတွေဟာ ASEAN ရဲ့ စည်းလုံးညီညွတ်မှု၊ ASEAN Centrality, ASEAN UNITY နဲ့ ASEAN WAY စတဲ့ပုံရိပ်တွေကို ထိ ပါးနေပြီလားဟု သံသယဖြစ်စရာ တွေ့ရပါတယ်။ 

အာဆီယံအထူးကိုယ်စားလှယ် လာရောက်ရေးနှင့် ပတ်သက်၍လည်း အမျိုးမျိုးသော ညှိိနှိုင်းမှု၊ တောင်းဆိုမှုနှင့် အပြောင်းအလဲများအပြင် တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်လျက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းဆိုချက်များ ကြုံတွေ့ခဲ့ပါတယ်။ မည်သည့်နိုင်ငံမဆို ယခုလိုပဲ တည်ဆဲတရားဥပဒေကို မည်သူကမျှ ကျော်လွန်ခွင့်ပြုပေးနိုင်မည်မဟုတ်ဟု ယုံကြည်ပါတယ်။ နိုင်ငံတော်ပိုင်း ကလည်း တည်ဆဲဥပဒေ ကန့်သတ်ချက်မှလွဲ၍ ကျန်လိုက်လျောနိုင်သမျှ လိုက်လျောခဲ့သော်လည်း အာဆီယံ အထူး ကိုယ်စားလှယ်ဝင်ခွင့်မရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက် စပ်ထိပ်သီး အစည်းအဝေးများမှာ ချန်လှပ်ခဲ့တာဟာ အာဆီယံရဲ့ ပဋိညာဉ်အပိုဒ် ၂၀(၁)၊ အပိုဒ်၈ (၂)(က) နှင့် အပိုဒ် ၂(၂)(က)၊ (င)၊ (စ)တို့နှင့် ဆန့်ကျင်နေတာကိုလည်း ဝမ်းနည်းစိတ်မကောင်းဖွယ် ကြုံတွေ့ရပါတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။