Tuesday, November 23, 2021

လာမည့်ကော်ဖီရာသီတွင် ပြင်ဦးလွင်မှ ကော်ဖီတန်ချိန် ၄၀၀ ခန့် ပြည်ပဈေးကွက်သို့ တင်ပို့မည်


ပြင်ဦးလွင်၊ နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ ကုန်းမြင့်ဒေသမှထွက်ရှိသည့် အရည်အသွေးမြင့် ကော်ဖီ တန်ချိန် ၄၀၀ ခန့်ကို ပြည်ပဈေးကွက်သို့ တင်ပို့မည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် ကော်ဖီသုတေသနနှင့် နည်းပညာပြန့်ပွားရေးဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နှစ်စဉ် ပြင်ဦးလွင်မြို့နယ်မှ နှစ်စဥ် ကော်ဖီတန်ချိန် ၅၀၀ ဝန်းကျင်ခန့် ထွက်ရှိလျှက်ရှိပြီး အထူးတန်းဝင်သည့် Grade-1၊ Grade-2 ကော်ဖီများကိုသာ ပြည်ပသို့တင်ပို့လျှက်ရှိရာ အရည်အသွေးမီ ကော်ဖီ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၀၀ ခန့်ရရှိခြင်းကြောင့် ကော်ဖီစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
#mhfnews

Related Posts: