Monday, November 1, 2021

🍄 " အလွယ်တကူ ထိခိုက်နိုင်သော " 🍄 Vulnerability


စီးပွားရေး
စစ်ရေး
နိုင်ငံရေး
အချုပ်အခြာနဲ့
အရာတော်တော်များများမှာသက်ဆိုင်တယ်၊
အပြောင်းအလဲတခု
သက်ရောက်မှုတခုကြောင့်
အလွယ်တကူမလဲပြိုအောင်
ကြိုတင်စီစဉ်ထားကြဖို့လိုပါတယ်၊

..............

သတင်းမှာ Covid ကြောင့်
ကမ္ဘာ့ခရီးသွားလုပ်ငန်းဟာ
(၁) ထရီလီယမ်ဒေါ်လာတန်ဘိုးနဲ့
အလုပ်အကိုင်ပေါင်း သန်း (၁၀၀) 
ဆုံးရှုံးသွားတယ်၊

အခြားသတင်းတခုမှာ
ဥရောပလေဆိပ်ပေါင်း (၂၀၀) ကျော်
အရှုံးကြီးကြီးပြပြီး ဒုက္ခရောက်နေကြတယ်
ဆိုတဲ့သတင်းကိုလဲဖတ်လိုက်ရပြန်တယ်၊

မနက်က လာကန်တော့တဲ့ တပည့်တွေထဲမှာ
Tourism industry အကြောင်း ကျမ်းပြုစုတဲ့
တပည့်တဦးပါတော့ လုပ်ငန်းတွေရဲ့ Vulnerability နဲ့
ပါတ်သက်ပြီး၊ ဘာတွေသတိထားရမယ်၊
Tourism, hotel biz တွေဟာ High vulnerable biz
ထဲမှာပါဝင်ကြောင်း ပြောပြရသေးတယ်၊
တိုက်တိုက်ဆိုင်ဆိုင်ပဲ အိပ်ယာဝင်တော့မယ်ဆိုပြီး
သတင်းတခုကိုဖတ်မိတော့....
မအိပ်နိုင်သေးပဲ ရေးရပြန်သေးတယ်၊

................

ဆိုဗီယက်ယူနီယံကြီး ပြိုကျလိမ့်မယ်လို့
ဘယ်သူကထင်မှာလဲ ?
ဒါပေမဲ့အပြင်ပန်းနဲ့ တကယ့်အဖြစ်အပျက်က
ကွာတယ်၊ Power structure မှာကိုက Vulnerable 
ဖြစ်နေတာ သတိမထားမိကြဘူး၊
( ခေတ်သစ် တရုတ်မှာလဲ တွေ့နေရတယ် )

ညနေက တပည့်တချို့ရောက်လာတယ်
မလုပ်သင့်လို့ မလုပ်ပါနဲ့လို့တားတဲ့အလုပ်ကို
လုပိခဲ့ပြီး အရှုံးပေါ်ကြောင်း၊ ဘယ်လိုနောက်ဆုတ်
ရမလဲဆိုတဲ့အကြောင်းမေးပြောပြောတယ်၊
တကယ်ဆိုရင်
ကိုယ်အင်အားနဲ့ကိုယ်ချိန်ကြရပါလိမ့်မယ်
ဘယ်လောက်အဆုံရှုံးခံရင် အခြေပျက်-မပျက်
စသဖြင့်ပေါ့၊

* အခြေအနေ
* Economic growth.
* sector wise spending.
* timing.
* vulnerability 
စသဖြင့်ပေါ့။

ရှုထောင့်တခု၊ နှစ်ခုထဲနဲ့ကမလုံလောက်ဘူး
Key aspect တွေအားလုံး ခြုံငုံနိုင်ရပါ့မယ်၊

..............

အစိုးရတွေ အားလုံးနီးနီးလောက်
State building ဖက်အာရုံစိုက်ကြတယ်
Nation building ကိုမတည်ဆောက်နိုင်ရင်
နိုင်ငံရဲ့ vulnerability မြင့်လာတယ်ဆိုတဲ့
အသိဘာကြောင့်မရကြတာလဲ?

မနေ့ကမှ ထရမ့်ပြောတဲ့စကား...
“ You should put your country first,
    I put America first and of course
    I’m nationalist “ တဲ့။

အဲ့ဒါ Nation building တည်ဆောက်မယ့်သူဆိုတာကို
ကွက်ကွက်ကွင်းကွင်းပြောလိုက်တာ။
ဘေမာင္တို့က...
" ဒီခေတ်မှာ အမျိုးသားရေး အလုပ်မဖြစ်တော့ဘူး"
ပြောလိုပြော၊ လစ်ဘရာယ်ဆိုတာကို
တကယ်မသိပဲ ပလုပ်ပလောင်းဆိုလိုဆိုနဲ့
အတော်စိတ်ပျက်စရာကောင်းတယ်၊

..............

အစ္စရေးလ်ရဲ့
ပထဝီအနေအထားကိုကြည့်
တကယ် vulnerable တည်ရှိမှုပဲ
ဒါပေမဲ့ လူတွေရဲ့ 
( National spirit + Leadership + Tech + IR ) နဲ့
ပေါင်းပြီး ကာကွယ်ထားတာတွေ့ရလိမ့်မယ်၊

မြန်မာ အခြေအနေဟာ
တဖြည်းဖြည်း High vulnerability ဖြစ်လာပြီ
ဘယ်နေရာတွေမှာလဲ ?
မြင်ကြပါလား ?

ပါတီတွေရော ?
တစည ကိုလေ့လာရင်
ထိပ်ကိုသာပြန်မရောက်တယ်
Low vulnerable ဖြစ်တာတွေ့ရလိမ့်မယ်၊
NLD လား ?
Highly vulnerable ဖြစ်တယ်လို့မြင်တယ်
တစည လို နှစ် (၃၀) တောင့်ခံနိုင်ဖို့မမြင်ဘူး

ရခိုင်နဲ့ ကော့သောင်ကိုစိုးရိမ်တယ်
ကရင်နဲ့ မွန်လည်း ဒုတိယအဆင့်စိုးရိမ်တယ်၊
အဲ့သလိုပဲ
စီးပွားရေးမှာ ဘယ်ကဏ္ဏတွေကို
ဘယ်လိုကိုင်တွယ်ဖြည့်ဆည်းပေးရမယ်ဆိုတာ
မသိသေးမျှ ဂရိနဲ့ အီတလီစီးပွားရေးလို
အချိန်မရွေးဖြစ်သွားနိုင်တယ်၊

ဘမောင်ဆေးလိပ်သောက်သလို
မမိုက်ကြနဲ့၊ အဆုပ်ထဲ ဆေးချေးနဲနဲချင်းကပ်လာတာ
ကြာတော့ Vulnerable ဖြစ်လာသလိုမျိုး၊
နောက်လူငယ်တွေ များများလေ့လာကြပါ။
ကျန်တာတော့
ဖြန့်ကျက်တွေးတတ်ကြပါတယ်။

#နေဇင်လတ် ( 27.10.20 ) 🍄

❤️ Nay Zin Latt We Love ❤️ admin team က ပြန်လည်တင်ပြပါသည်။ 😊

https://www.facebook.com/groups/191890793056290/


Related Posts:

  • အလား အလာ နဲ့ အရွေ့           á€€á€ťá€”္ဏ်တိုအတတွ္ စိတ်ပျက်လက်ပျက်နဲ့ နစက ကို ဝေဖန်ခဲ့ကြတာ အတော်ကြာခဲ့ပါပြီ ။ ဒီလိုပြည်သူ့အသံတွေကို နားစွင့်ပြီး နစကအနေနဲ့ လိုက်လံဆောင်ရွက်ပေးကြတာတွေ ရှိသလို ဆောင်ရွက်ပေးခြင်း မရှိတဲ့ ကိစ္… Read More
  • မွန်ပြည်နယ်ရှိ မြို့နယ်များ၌ တပ်မတော် ထောက်ခံပွဲ ပြုလုပ်လျက်ရှိနေ မော်လမြိုင်၊ ဇန်နဝါရီ ၃၁ (People Media) á€‡á€”á€şá€”á€á€Ťá€›á€Ž ၃၁ ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်ရှိ မြို့နယ်များဖြစ်သော သံဖြူဇရပ်၊ ပေါင်၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရောမြို့နယ်များတွင် တပ်မတော်ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသည်။ Webs… Read More
  • မေတ္တာဆိုတာ အလျှားအနံမရှိပေမယ့် အသွားအပြန်တော့ ရှိတယ်ဆိုတဲ့စကားကို လက်ခံတယ်ဗျာ။ ၂၂ပူး အရေးအခင်းဖြစ်တော့ သူတို့နဲ့မတူလို့ ဖိနှိပ်ခံရတယ်၊ Social Punishment အလုပ်ခံရတယ်၊ ဖယ်ကျဥ်ခံရတယ် ကတုံးတုံး တတ်တူးထိုး လူမဆန်အောင် ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေဘက်က ကျွန်တော် ရပ်တည်ပြောဆို ဦးဆောင်ပေးခဲ့တယ်။ ကျွန်တော်ဒါတွေလုပ်… Read More
  • ထမင်းအစစ်ကိစ္စ ရေကူးဝင်လာတဲ့ ဂျွန်ယက်တော á€á€Żá€”á€şá€¸á€€á€œá€­á€Ż အစစ်နဲ့နေချင်တယ်၊အတုနဲ့မနေချင်ဘူးဟု တိုက်ရိုက်မပြောဘဲ ထမင်းအစစ်စားချင်တယ် á€Ÿá€Ż သွယ်ဝိုက်၍ ပြောသောကြောင့်ဝင်္ကဝုတ္တိအလင်္ကာ ဥပမာအလင်္ကာမြောက်ပါသည်။#AungMin  … Read More
  • #နိုင်ငံရေးလေ့လာသုံးသပ်ကျွမ်းကျင်သူ အများစုဟာ ယနေ့#ICJ/အာဆီယံ/Silent strike/NUG/PDF á€…တဲအအကိစယစတွ္ဥပ္ဍ်မသဏ အခြေတည်သုံးသပ် á€„ဟင်းခုန်န္ကဟတဏကိုတွ္အရပဍတယ်။#ကျွန်တော့်ကိုလည်းလာလာမေးပြီးသုံးသပ်ပြ á€–ိုအတ္ဏင်းဆိုကဟပဍတယ်။#တကယ်က ဒီကနေ့အခြေအနေမှာ á€Ąá€•á€ąá€Ťá€şá€€á€€á€­á€…á€šá€…á€Ąá€™á€ťá€Źá€¸á€…á€Żá€Ÿá€Ź(… Read More