Tuesday, January 4, 2022

အိုကြီးအိုမတွေကိုထားခဲ့လိုက်ပါညီငယ်တို့

++++++++++++++++++++++

ဒီနေ့ကတော့ကျွန်တော်လူတန်းစားကြီးတခုရဲ့ဩဘာခံယူမဲ့နေ့ပါခင်ဗျ☺။ကျွန်တော်ပညာရှင်လို့မိမိကိုယ်မိမိမခံယူပါဘူး။ပထဝီနိုင်ငံရေးကိုလေ့လာသူတဦးသာသာပါ။မနေ့ကအကြံပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ရေးထားတာ page နဲ့မလိုက်ဘူးဆိုပြီးတော့ပါ။ကျွန်တော်ဒီအပုပ်နံ့တလှိုင်လှိုင်ထနေတဲ့နိုင်ငံရေးကြီးကိုရေးတာဥပဒေရှင်းချက်ပို့စ် ၂ ခုနဲ့အခြားပို့စ် ၆ ခုပဲရှိပါသေးတယ်။ page ထောင်ပြီးစာရေးတာက ၂၀၁၉ ကတည်းကပါ။အဲ့ကတည်းကဖတ်လာသူတွေတော့ကျွန်တော့်အကြောင်းသိမှာပါ။ဒီနေ့ဒီအချိန်မှာလိုအပ်တယ်လို့ခံယူလို့နဲနဲအဆဲခံနေတာပါ။နောက်ကျရင်တော့ကျွန်တော်ဟာပထဝီနိုင်ငံရေးသမားတယောက်အဖြစ်ပြန်နေမှာပါပဲ။ဒီပို့စ်မှာအဂ္ဂမဟာဗျူဟာဘာကြီးလဲဆိုတာဥပမာပေးထားပါတယ်။ပထဝီနိုင်ငံရေးလဲပါတယ်။မြန်မာ့နိုင်ငံရေးလဲပါပါတယ်။လူကြီးတွေကိုကြိုပြီးမေတ္တာရပ်ခံလိုတာကဒီပိုစ့်မှာရေးထားတဲ့လူတန်းစားဟာသက်ဆိုင်သူအချို့ကိုပဲရည်ရွယ်ပါတယ်။အခြားလူကြီးတွေကိုအ,ဂါရဝလုပ်တာမဟုတ်ပါဘူး။ကြီးသူကိုရိုသေ၊ရွယ်တူလေးစား၊ငယ်သူသနားဆိုတဲ့မူကိုလက်ကိုင်ထားလို့၊လူငယ်လေးတွေအတွက်ကရုဏာနဲ့ရေးလိုက်တာပါ။ပြီးရင်တော့လွတ်လပ်စွာသဘောထားကွဲလွဲကြ၊ဆဲကြ၊ပညာယူကြလေသတည်းပေါ့ခင်ဗျာ😀။

+++++++++++++++++++++++++

မနေ့က
၂၀၂၁ ဩဂုတ် ၁၅ မနက်ပိုင်းမှာအာဖဂန်နစ္စတန်နိုင်ငံမြို့တော်ကဘူးကိုတာလီဘန်တွေသိမ်းလိုက်ပါပြီ။မြို့တော်၊အစိုးရပျက်စီးသွားတဲ့ဖြစ်စဥ်ပါ။

အာဖဂန်ကစစ်တလင်းဖြစ်တာအားလုံးသိကြတဲ့အတိုင်းပါပဲ။၁၉၇၉ မှာရုရှားတွေဝင်လာတယ်။အဲ့တုန်းကလဲရုရှားရဲ့အိပ်မက်ကကျယ်ပြန့်ပါတယ်။အာဖဂန်၊ပါကစ္စတန်ကနေအာရေဗျပင်လယ်မှာခြေဆေးမယ်တဲ့။ပထမကမ္ဘာရဲ့အင်အားကြီးနိုင်ငံတွေအသီးသီးမှာဒီလိုအိပ်မက်တွေရှိကြတာမဆန်းပါဘူး။ရုရှားမှာသဘောကပ်နိုင်တဲ့ဆိပ်ကမ်းကောင်းတော်တော်ရှားတော့လဲအိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရဖို့အတွက်အင်ပါယာချဲ့လိုတာပထဝီနိုင်ငံရေးပေါ့။

သိပ်မကြာပါဘူး။အာဖဂန်ကနေပြန်ဆုတ်ရတယ်။အာဖဂန်စစ်မြေပြင်ဟာဆိုဗီယက်ပြည်ထောင်စု ၁၅ ပြည်ကစစ်သည်တွေအတွက်ဗဟိုရုရှားကြီးကိုမကျေမနပ်ဖြစ်လာစိတ်တွေမွေးပေးလိုက်တာပါ။ဆိုဗီယက်ပြိုကွဲရတဲ့အကြောင်းရင်းတွေထဲမှာဒီအချက်လဲပါသွားခဲ့ရတယ်။

ရုရှားကိုပြန်တိုက်ဖို့အမေရိကန်ကလဲထုံးစံအတိုင်းပဲဘာသာရေးအစွန်းရောက်တွေကိုလှုံ့ဆော်ပြီးလက်နက်တပ်ဆင်၊လေ့ကျင့်မွေးထုတ်ပေးခဲ့တယ်။

ရုရှားပြန်သွားပြီးနောက်ပိုင်းတာလီဘန်တွေအုပ်စိုးနေခဲ့တာအမေရိကန်ကြီးဘာမှမလုပ်ခဲ့ပါဘူး။သူမွေးထားတဲ့မျောက်ကိုး။ဒီလိုနဲ့ဘင်လာဒင်ရဲ့ ၉/၁၁ ဖြစ်စဥ်ကအမေရိကန်တို့ကိုအချက်ပြပေးလိုက်တယ်။

၂၀၀၁ မှာပဲ war on terror ဆိုတဲ့အသုံးအနှုန်းသစ်ကျယ်ပြန့်လာတယ်။အကြမ်းဖက်တွေနှိမ်နင်းတဲ့စစ်ပွဲတဲ့။တာလီဘန်တွေရှုံးပြီးတဲ့အခါမှာတော့အာဖဂန်ဟာအမေရိကန်ကျောထောက်နောက်ခံနဲ့အစိုးရမြဲနေပါတယ်။

သို့ပေမဲ့လဲအာဖဂန်အစိုးရဆိုတာဘာမှအင်အားမရှိသလို၊အစိုးရတပ်တွေဟာလဲဘာအင်အားမှမရှိပဲအမေရိကန်တပ်တွေရှိနေလို့သာတောင့်ခံနေတာပါ။ဒါကိုအာဖဂန်အစိုးရလဲသိတယ်။တာလီဘန်လဲသိတယ်။အမေရိကန်ကလဲသိတယ်။သိရအောင်အန်ကယ်ဆမ်ကြီးကဒီလိုမဖြစ်ဖြစ်အောင်ဖန်တီးထားတာကိုး။

အမေရိကန်မှာဒီမိုကရက်တွေဟာတကမ္ဘာလုံးရဲ့အရေးအရာတွေကိုဝင်ဖြေရှင်းပေးရမယ်ဆိုကိန်းခန်းကြီးတဲ့အမြင်ရှိတယ်။သမ္မတဘုရှ်တို့၊အိုဘားမားတို့ဟာဒီအယူဝါဒကိုလက်ကိုင်ထားပြီးတကမ္ဘာလုံးပတ်မွှေခဲ့တာပဲ။

ထရမ့်က Make American Great Again ဆိုတဲ့ကြွေးကြော်သံနဲ့တက်လာတယ်။သူ့လက်ထက်မှာမက္ကဆီကိုဘက်မှာတံတိုင်းဆောက်တယ်။အာဖဂန်ကတပ်တွေပြန်ရုတ်ဖို့စီစဥ်လာခဲ့တယ်။ကမ္ဘာ့အရေးအရာအရပ်ရပ်မှာဝင်ပါရတာစရိတ်စကသိပ်ကြီးတယ်လေ။

ထရမ့်ပြုတ်ကျပြီးဘိုင်ဒင်တက်လာတော့အရင်သမ္မတအကောင်အထည်ဖော်ခဲ့တာဆက်လုပ်တဲ့သဘောပါ။အာဖဂန်မှာအမေရိကန်ဒေါ်လာ ၃ ထရီလီယံလောက်သုံးခဲ့ပြီးပြီမို့အစိုးရကမိမိဘာသာကာကွယ်ပါပေါ့။

တကယ်တော့သူတို့ပြန်သွားရင်ရက်ပိုင်းအတွင်းတာလီဘန်တွေနိုင်မယ်ဆိုတာသိထားပြီးသားပါ။ဒီအပိုင်းမှာတာလီဘန်တွေဟာဆက်ဆံရေးကောင်းမွန်တယ်(ပညာပါတယ်) လို့ဆိုလို့ရပါတယ်။

အမေရိကန်တွေပြန်ဆုတ်နေစဥ်မှာပဲတရုတ်ကသွားပြီးတာလီဘန်တွေနဲ့ညှိနှိုင်းနေပါပြီ။ဒီမတိုင်ခင်မှာလဲတရုတ်နိုင်ငံထိတာလီဘန်ခေါင်းဆောင်တွေသွားဆွေးနွေးခဲ့ကြပါသေးတယ်။ရုရှားနဲ့လဲညှိနှိုင်းထားပြီးပါပြီ။အမေရိကန်တပ်တွေဟာသူ့ဝန်ထမ်းတွေပြန်ဆွဲထုတ်ဖို့အတွက်အာဖဂန်လေယာဥ်ကွင်းမှာအင်အား ၃၀၀၀ လောက်နဲ့ပဲလုံခြုံရေးယူထားနိုင်ပါတယ်။တာလီဘန်တွေကလေယာဥ်ကွင်းကိုလက်ရှောင်ထားတာပါ။အားလုံးဟာရုရှား၊တရုတ်၊အမေရိကန်နဲ့မတည့်တဲ့နိုင်ငံတွေအပြင်၊အမေရိကန်နဲ့တောင်မှဇာတ်တိုက်ထားနိုင်တဲ့ရိုက်ကွင်းတခုပါပဲ။ရုရှားဆိုရင်သံရုံးတောင်ပိတ်ပြီးမပြန်ပါဘူး။တာလီဘန်နဲ့ချက်ချင်းသံအဆက်အသွယ်လုပ်သွားပါသတဲ့။

သေချာပြန်တွေးကြည့်ပါ။ဘိုင်ဒင်ဟာဒီမိုကရက်။ဒီမိုကရက်တွေရဲ့မူဝါဒကကမ္ဘာပတ်ဝင်ပါဖို့။ဒါပေမဲ့လက်တွေ့မှာတပ်တွေဆုတ်သွားတယ်။

ဒါကိုကြည့်ရင်ဒါဟာအစိုးရရဲ့မူဝါဒမဟုတ်ပဲ၊နောက်ကွယ်မှာချုပ်ကိုင်ထားတဲ့ deep state နဲ့ CIA လက်ချက်ဆိုတာသိသာပါတယ်။ဒီမိုကရက်၊ရီပတ်ဘလီကင်ရယ်လို့ဘယ်လောက်ပဲကွဲကွဲ ဘုံအကျိုးစီးပွား common interest ကိုမတိမ်းစောင်းအောင်ကိုင်ထားနိုင်တဲ့သူတွေရှိနေတာကိုသိဖို့လိုပါတယ်။

မြန်မာမှာလိုအစိုးရတဆက် ၅ နှစ်ရှိရင် ပထမနှစ်ကလေ့လာ၊ဒုတိယ ၂ နှစ်ကိုလုပ်ချင်တာလုပ်၊ တတိယ ၂ နှစ်ကိုရွေးကောက်ပွဲအတွက်ပြင်ဆင်ဆိုတဲ့အရေးမပါတဲ့ပုံစံကြီးနဲ့ကွာပါတယ်။(ဘယ်အစိုးရမကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်၊ရှေ့နှစ်တွေမှာသာဓကတွေအများကြီးပါပဲ)။ ဟိုမှာကနှစ်ရှည်စီမံကိန်းကြီးတွေကိုအစိုးရဘယ်လောက်ပြောင်းပြောင်းလက်ဆင့်ကမ်းအကောင်အထည်ဖော်ပါတယ်။

နိုင်ငံကြီးတွေရဲ့အဂ္ဂမဟာဗျူဟာဆိုတာသိပ်ကြောက်ဖို့၊စိတ်ဝင်စားဖို့ကောင်းပါတယ်။နှစ်ပေါင်းရာနဲ့ချီပြီး၊အနည်းဆုံးအနှစ် ၅၀ လောက်ကစပြီးဆွဲတဲ့စီမံကိန်းတွေပါ။

သမိုင်းမှာပေါ်ခဲ့တဲ့အင်ပါယာတွေဆိုတာနဲနဲသိမ်ငယ်ပါသေးတယ်။Hegemony ဆိုတာကပိုကြီးမားကျယ်ပြန့်တဲ့ကမ္ဘာလုံးဆိုင်ရာထိဖြန့်ကျက်နိုင်တဲ့အင်ပါယာကြီးပါ။

ကမ္ဘာပေါ်မှာ Hegemonic Cycle ၃ ခုပဲပေါ်ခဲ့ပါသေးတယ်။ပထမတခုကဒတ်ချ်ပါ၊ဒတ်အကျမှာနေမဝင်အင်ပါယာလို့ခေါ်တဲ့ဗြိတိန်တို့တက်လာပါတယ်။နှစ်ပေါင်းရာချီပြီးတော့ကမ္ဘာကိုလွှမ်းမိုးခဲ့တာပါ။ဒါကိုကြည့်ရင်မြန်မာနိုင်ငံသူ့ကျွန်ဘဝရောက်တာသိပ်တော့လဲဝမ်းနည်းစရာမဟုတ်ဘူးလို့ဖြေသိမ့်မိပါသေးတယ်။တကမ္ဘာလုံးပတ်သိမ်းတာကိုး😀။

ဒုတိယကမ္ဘာစစ်အပြီးမှာတော့အမေရိကန်ရဲ့ဗိုလ်ကျစိုးမိုးအင်ပါယာပေါ့။ပြောချင်တာကသူတို့နိုင်ငံတွေမှာအနည်းဆုံးနှစ်ပေါင်း ၅၀ ထားပြီးဆွဲတဲ့အဂ္ဂမဟာဗျူဟာတွေရှိတယ်။ဒါတွေကိုလဲအစိုးရအဆက်ဆက်ကလုပ်ချင်ရာလျောက်လုပ်လို့မရအောင်ထိန်းချုပ်ထားတဲ့အင်စတီကျူးရှင်းတွေရှိတယ်။

ဥပမာတရုတ်ရဲ့ ၂၀၃၀၊ ၂၀၅၀ plan တွေ၊BRI project တွေဟာသိပ်ထင်ရှားပေါ်လွင်ပါတယ်။ဒါတွေကအခုမှစတာလားဆိုတော့မဟုတ်ပါဘူး။တိန့်ရှောင်ဖိန်မျိုးစေ့ကြဲချပေးခဲ့တာပါ။ဒါဟာကမ္ဘာ့အဆင့်စီမံကိန်းကြီးတွေ။

ဒီစီမံကိန်းတွေကြောင့်၊ဒီအစိုးရအဆက်ဆက်ကြောင့်၊ထိန်းကြောင်းတဲ့အင်စတီကျူးရှင်းခိုင်မာမှုတွေကြောင့်(အကြောင်းတရားတွေနော်)ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေဖြစ်လာတာပါပဲ။ကျွန်တော်တို့ဆီကသာမန် ၅ နှစ်စာအစီအမံလေးတွေကလက်ညှိုးလေးနဲ့တောက်ချလိုက်ရင်ကိုလွင့်ပါတယ်။

ဆိုတော့ဘယ်မှာလဲ၊ကျွန်တော်တို့နိုင်ငံအတွက်ချမှတ်ထားတဲ့ ၅ နှစ် ၁၀ နှစ်၊ အနှစ် ၃၀၊၅၀ စီမံကိန်းတွေ၊ vision တွေ၊ အကောင်အထည်ဖော်မဲ့အစိုးရတွေ၊ထိန်းကျောင်းမဲ့အင်စတီကျူးရှင်းတွေ?။

အဂ္ဂမဟာဗျူဟာရဲ့ဥပမာတခုပြောပြပါမယ်။

အနောက်အုပ်စုရဲ့လက်သုံးဖြစ်တဲ့ feminism အမျိုးသမီးအခွင့်အရေးဆိုတာဘာကြောင့်ပေါ်လာတယ်လို့ထင်ပါသလဲ။ WHY?

အနောက်အုပ်စု၊အထူးသဖြင့်ခရစ်ယာန်ကမ္ဘာဟာမူဆလင်တွေနဲ့ရာစုတခု(နှစ်တရာ)ကျော်တဆက်တည်းဖြစ်ခဲ့တဲ့ခရူးဆိတ်စစ်ပွဲကိုအခုထိမေ့မယ်လို့ထင်ပါသလား?

ခရူးဆိတ်စစ်ပွဲသင်ခန်းစာကြောင့်မူဆလင်ကမ္ဘာအင်အားကြီးမလာအောင်အရှေ့အလယ်ပိုင်းမှာစစ်မီးအမြဲတောက်လောင်အောင်လုပ်ထားခဲ့တယ်။

တဘက်ကိုကြည့်ရင်လဲမူဆလင်တွေရဲ့လူပိန်းကြိုက်စည်းရုံးမှုဟာသိပ်အောင်မြင်ပါတယ်။ဥပမာရှရီယာဥပဒေမှာမပါတဲ့အချက်ဖြစ်တဲ့ယောကျားတယောက်မှာဇနီး ၄ ယောက်ယူခွင့်ရှိတယ်၊ကလေးဖျက်ချရင်ငရဲကြီးတယ်ဆိုပြီးမူဆလင်လူဦးရေ၊မူဆလင်နိုင်ငံတွေတိုးပွားလာအောင်လုပ်နေတာလဲလက်တွေ့ပါ။၁၉၄၂ နဲ့အခုလက်ရှိ ဘူးသီးတောင်၊မောင်တောမူဆလင်လူဦးရေကိုယှဥ်ကြည့်ပါ။

ပထမအကြိမ်ရခိုင်ကော်မရှင်မှာပါတဲ့ဒေါက်တာရင်ရင်နွယ်အင်တာဗျူးတွေမှာကြည့်ပါ။ဗလီဆရာတွေဟာဘင်အမျိုးသမီးတွေကိုကလေးဖျက်ချရင်ငရဲကြီးတယ်ဆိုတာမွေးကတည်းကရိုက်သွင်းထားခဲ့တယ်။ကျွန်တော်အမှတ်မမှားရင်လက်ထပ်ထိမ်းမြားတဲ့ဥပဒေမှာလူအသီးသီးရဲ့ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံအတိုင်းလက်ထပ်ထိမ်းမြားနိုင်ပါတယ်။ဗမာတွေရဲ့ဓလေ့ထုံးစံအရ ၁၈ နှစ်ပြည့်မှအိမ်ထောင်ပြုခွင့်ရှိပေမဲ့၊ဥပမာချင်းတိုင်းရင်းသားတွေရဲ့ဓလေ့မှာ ၁၆ နှစ်နဲ့အိမ်ထောင်ပြုခွင့်ရရင်တရားဝင်ပါတယ်။အစ္စလာမ်ရဲ့ဓလေ့မှာတော့ဇနီးမယား ၄ ယောက်ယူခွင့်ရှိတယ်ဆိုရင်တရားဝင်မှာပါ။

ဘာသာရေးပြင်းထန်တဲ့မူဆလင်ကမ္ဘာ၊နိုင်ငံတွေမှာအမျိုးသမီးတွေပညာသင်ကြားခွင့်ကအစ၊ဝတ်စားဆင်ယင်သွားလာမှုကအဆုံးကိစ္စအဝဝကိုပိတ်ပင်ထားပါတယ်။ဒါဟာအမျိုးသမီးတွေကိုပညာမတတ်အောင်၊အသိအမြင်ပိတ်အောင်လုပ်တာပဲ။ပညာမတတ်မှဗလီဆရာတွေရိုက်သွင်းတဲ့ကလေးဖျက်ချရင်ငရဲကြီးတာတို့၊ယောကျာ်းတယောက်ဟာမိန်းမအများကြီး၊ကလေးအများကြီးယူတာကောင်းတယ်ဆိုတာတို့ကိုလက်ခံမှာပေါ့။ဒါလဲမူဆလင်ကမ္ဘာရဲ့အစ္စလာမ်အင်အားကြီးရေးအဂ္ဂမဟာဗျူဟာပါပဲ။(အခုအာဖဂန်သိမ်းသွားတဲ့တာလီဘန်ခေါင်းဆောင်ကမီဒီယာမှာပြောခဲ့တယ်၊တကမ္ဘာလုံးမူဆလင်ဖြစ်အောင်လုပ်မှာပါတဲ့။)ဒီစည်းရုံးမှုမျိုးကိုပညာတတ်တဲ့သူတွေယုံကြည်ပါ့မလား။

ဒါ့ကြောင့်မဟာဦးနှောက်ပိုင်ရှင်အနောက်နိုင်ငံတွေဘက်ကနေအမျိုးသမီးအခွင့်အရေးဆိုပြီးစတင်ဖော်ထုတ်လိုက်တာပါပဲ။အဲ့ထဲမှာဘာတွေပါလဲဆိုတော့အဓိကအားဖြင့်အမျိုးသမီးစာသင်ကြားတတ်မြောက်ခွင့်နဲ့၊ Family Planning ဆိုတဲ့မိသားစုပညာပေးအစီအစဥ်တွေပါလာတယ်။

သူတို့အကြောင်းပြတာကတော့အမျိုးသမီးတွေလဲတန်းတူအခွင့်အရေးရသင့်တယ်ပေါ့။သေချာတာကအမျိုးသမီးတွေစာတတ်လာဖို့ပါပဲ။စာတတ်လာတဲ့အစ္စလာမ်အမျိုးသမီးတွေဟာရှရီယာဥပဒေကိုဆန်းစစ်လာမယ်၊အဲ့လိုနဲ့ဥပဒေထဲမပါတဲ့မိန်းမ ၄ ယောက်ယူ၊ကလေးဖျက်ချရင်ငရဲကြီးတယ်ဆိုတဲ့အယူတွေပျောက်လာမယ်။တဖက်မှာလဲ family planning ကနေ၊ကလေး ၂ ယောက်လောက်သာယူပြီးသေချာပြုစုပျိုးထောင်ပေးခြင်းဟာအရင်ကလိုကလေးတပြုံကြီးမွေးတာထက်ပိုကောင်းကြောင်းစတာတွေရိုက်သွင်းတယ်။တဖက်ကလဲဒီလိုကလေးနည်းပြီးသေချာပြုစုနိုင်ရင်စီးပွားတက်လာမယ်၊လူနေမှုအဆင့်အတန်းတွေမြင့်လာမယ်ဆိုပြီးကျောင်းသင်ခန်းစာတွေ၊သုတေသနတွေမှာထည့်သွင်းသင်ကြားလာပါတယ်။ကြီးကြီးကျယ်ကျယ်ပြောရရင် HDI human development index indicators တွေနဲ့ပါတိုင်းတာလာတာမျိုး၊အောက်စ်ဖို့၊ဟားဗတ်တို့လိုတက္ကသိုလ်တွေကနေဌာနအသစ်တွေဖွင့်ပြီးဘွဲ့တွေပါထုတ်ပေးတာမျိုးပေါ့။အကျိုးဆက်ကတော့ချမ်းသာလာတဲ့မူဆလင်နိုင်ငံတွေမှာလူဦးရေတိုးနှုန်းလျော့ကျလာပြီး၊လစ်ဘရယ်ဆန်လာတာပါပဲ။

သေချာစဥ်းစားကြည့်ပါ။ဒီဥပမာတခုနဲ့တင် ခရစ်ယာန်နဲ့မူဆလင်ကမ္ဘာရဲ့အဂ္ဂမဟာဗျူဟာ၊ vision ၊ plans တွေကိုတခါတည်းမြင်လိုက်ရမှာပါ။အခြားဥပမာတွေအများကြီးပေးစရာရှိပါသေးတယ်။စပ္ပန်နဂိုရ်ကနွားမပေါင်ကျိုးတာညောင်ဦးကမ်းပါးပြိုတာနဲ့မဆိုင်ပေမဲ့လဲ၊အဂ္ဂမဟာဗျူဟာရှင်တွေတချက်ယမ်းလိုက်ရင်နိုင်ငံငယ်တွေပျက်စီး၊ပြည်သူတွေဒုက္ခရောက်၊လူမျိုးတွေကွယ်ပျောက်၊ဘာသာတွေပြုန်းတီးခဲ့တဲ့သာဓကတွေသမိုင်းမှာအထင်အရှားရှိခဲ့ပြီးသားပါ။မိမိတို့နိုင်ငံလူ့စွမ်းအားအရင်းအမြစ်တွေအားနည်းရင်ဒီသာဓကဟာဒီနိုင်ငံမဖြစ်ဘူးလို့မပြောနိုင်ပါဘူး။

အခုလဲအမေရိကန်အဂ္ဂမဟာဗျူဟာရှင်ကြီးလက်တချက်ဝှေ့ယမ်းလိုက်ပြီ။လာမဲ့အနာဂတ်မှာအာဖဂန်နစ္စတန်ကြီးဘယ်လိုစုတ်ပြတ်သပ်ပျက်စီးသွားမလဲဆိုတာစောင့်ကြည့်ပြီးသင်ခန်းစာယူကြည့်ပါဦး။ဒါမျိုးကိစ္စတွေကသူများဆီကပဲယူသင့်တဲ့အတွေ့အကြုံတွေ၊ကိုယ်တိုင်ယူဖို့ယောင်လို့တောင်စိတ်မကူးမိပါစေနဲ့ဦး။

နိုင်ငံတွေအားလုံး၊အစိုးရအားလုံးဟာသူ့နိုင်ငံအတွက်အကွက်ချနေကြတာချည်းပါပဲ။သူ့နိုင်ငံအတွက်အကွက်ချတာဟာဘေးနားကနိုင်ငံတွေ၊အခြားနိုင်ငံတွေအတွက်တော့အနည်းနဲ့အများထိခိုက်လာတာပါပဲ။

ဒါကြောင့်အိမ်နီးချင်းကောင်း/ဆိုးဆိုတာတွေဖြစ်လာတာပေါ့။ဒါဟာဓမ္မတာပါပဲ။ထုံးစံပါပဲ။ဒါကိုသွားပြီးတရုတ်ကဘာ၊အမေရိကန်ကဘာ၊ဘင်္ဂလားဒေ့ရှ်ကဘာ၊ထိုင်းကဘာဆိုတဲ့အမုန်းပွားဖို့မဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။

ကျွန်တော်ကဒီအကြောင်းတွေလေ့လာပြီးဒါတွေရေးနေလို့ဘယ်နိုင်ငံကြီးကိုမှအမုန်းပွားတာမဟုတ်ပါဘူး။ဘယ်နိုင်ငံတွေကတော့ဘယ်လိုဗျူဟာနဲ့ဘယ်ခြေလှမ်းလှမ်းနေတယ်၊ငါတို့နိုင်ငံကဘယ်ခြေလှမ်းလှမ်းရမယ်၊ဘယ်လိုကာကွယ်ရမလဲ၊ဘယ်လိုတန်ပြန်ရမလဲဆိုတာကိုဓမ္မဒိဋ္ဌာန်ကျကျမြင်ဖို့ပါ။

အမုန်းပွားနေတာဟာပုဂ္ဂလဒိဋ္ဌာန်ကျကျမြင်တာပါ။ပုဂ္ဂိုလ်စွဲပေါ့၊အမုန်းတရားပါ။ဒီလိုမြင်တာဟာအဖြေမှန်မရစေပါဘူး။တဖြည်းဖြည်းအဖြေမှန်နဲ့ဝေးကွာလာပြီး၊သူများအကွက်ရွေ့တဲ့နောက်လိုက်မျောပြီးကျဆုံးသွားပါလိမ့်မယ်။

ကျွန်တော့်ဆရာပြောဖူးတယ်။လူတယောက်ကိုဆုံးမလမ်းပြနိုင်တာအတိုင်းအတာတခုထိရှိတယ်ပေါ့။အတိုင်းအတာကျော်သွားရင်ပြောမနေနဲ့တော့တဲ့။ဆိုကြပါစို့၊ငယ်စဥ်ကသေချာမသင်ပေးလိုက်ပဲအသက် ၄၀ တဝိုက်ရောက်လာတဲ့လူတယောက်ကိုသွားလမ်းပြပေးလို့ရပါ့မလား။မရဘူးနော်၊ရှင်းရှင်းပြောရရင်ပြုတ်မနူးတွေဖြစ်သွားပြီပေါ့ဗျာ။

ကျွန်တော်ရေးတာကလူတန်းစားအနည်းအကျဥ်းကိုပဲဦးတည်ပါတယ်။ပထမတအုပ်စုကစာဖတ်ဖို့အချိန်မပေးနိုင်တဲ့၊ဗဟုသုတနည်းတဲ့သာမန်လူတန်းစားပြည်သူတွေ။နောက်တအုပ်စုကအနာဂတ်နိုင်ငံ့ခွန်အားဖြစ်လာမဲ့လူငယ်တွေ။

လူငယ်တွေကိုကျွန်တော်သိပ်အလေးထားပါတယ်။ဒီနိုင်ငံကိုအနာဂတ်မှာမောင်းနှင်မဲ့အင်အားမို့လို့ပါ။ဒါဆိုအခုဖြစ်စဥ်ကိုကြည့်ရအောင်။ NUG ထိပ်ပိုင်းကတော်တော်များများဟာ ၈၈ မျိုးဆက်အသက် ၆၀ တန်းတွေဖြစ်ပါတယ်။

သူတို့အခုဘယ်ရောက်နေကြသလဲ။သေချာပါတယ်။အနည်းဆုံးတော့မဲဆောက်ဘက်၊ကျည်လွတ်မြေမှာပါ။အနာဂတ်မျိုးဆက်သစ်တွေဖြစ်လာမဲ့၊ဒီနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်မဲ့မျိုးဆက်သစ်ကလေးတွေကဘယ်မှာလဲ?။သူတို့တွေတိုင်းရင်းသားလက်နက်ကိုင်နယ်မြေထဲစစ်ပညာသင်နေကြတယ်၊မြို့တွင်းမှာလက်နက်ခဲယမ်းဗုံးတွေနဲ့ပြန်ရောက်နေကြတယ်။

NUG လူကြီးတွေဘာနဲ့စားသောက်နေထိုင်ကြသလဲ?။ PDF လူငယ်တွေဘာနဲ့စားသောက်နေကြသလဲ?။

ဒီလူကြီးတွေ ၈၈ တုန်းက၊ရှင်းရှင်းပြောရရင်သူတို့တုန်းကအင်အားအခုလောက်မရှိသေးတဲ့တပ်ကိုနိုင်အောင်တိုက်နိုင်ခဲ့လား။မနိုင်ခဲ့ဘူးနော်၊အချင်းချင်းသတ်ဖြတ်တဲ့ပါဂျောင်ကိစ္စလိုပဲအညှီနံ့တွေထောင်းထောင်းထနေခဲ့တယ်။အဲ့ပြဿနာကိုပဲသူတို့အချင်းချင်းကြားပြေလည်အောင်ရှင်းခိုင်းပါဦး။

ဒါဆို NUG ကလူတွေအခုတပ်ရဲ့တကယ့်အင်အား၊နိုင်ချေရှိမရှိကိုသိကြသလားလို့မေးကြည့်ပါ။သိကြပါတယ်။ရှင်းရှင်းပြောရရင်ဒီလူတွေဟာလူငယ်တွေရဲ့အသိအမြင်မကြွယ်ဝမှုကိုအလွဲသုံးစားလုပ်ပြီးငါလူကြီးဆိုတဲ့ပုံနဲ့ဂုတ်သွေးစုပ်နေတယ်လို့ပဲမြင်တယ်။

သူတို့မှာသာတကယ်ပညာပြည့်ဝခဲ့ရင်တပ်ကိုပါးပါးနပ်နပ်နဲ့နိုင်ငံရေးကဆွဲထုတ်သွားနိုင်ဖို့ ၂၀၁၅-၂၀၂၀ ကြားမှာအကောင်းဆုံးမျိုးစေ့ချပေးနိုင်ခဲ့ရမှာ။အခုတော့တပ်ရဲ့ culture ကိုနားမလည်၊ Goal ကိုနားမလည်၊ Agenda ကိုနားမလည်နဲ့လုပ်ချင်ရာလုပ်ခဲ့ကြတယ်။ ရှင်းရှင်းထပ်ပြောရရင်သူတို့လိုနိုင်ငံရေးသမားတွေပညာမပြည့်ဝလို့အခုလိုပြည်သူတွေဒုက္ခရောက်၊မျိုးဆက်သစ်တွေဒုက္ခရောက်ဖြစ်ကြရတာ။

ဒီနယ်ပယ်(နိုင်ငံရေး)မှာအလုပ်လုပ်စားနေတာ၊ပရော်ဖက်ရှင်နယ်ပေါ့ဗျာ။ဒါလောက်မှပညာနည်းရသလား။ပြည်သူကသူတို့ကိုလွှတ်တော်ထဲထည့်ပြီးတလကိုချွေးနည်းစာ ၁၀ သိန်းပေးထားတာ၊အစိုးရဘက်မှာဆိုလဲအဆင့်ဆင့်သိန်း ၂၀၊၃၀၊၄၀၊၅၀ ပေးထားတာဒီလိုဖြစ်စဥ်တွေမဖြစ်အောင်ထိန်းသိမ်းပြီးဒီနိုင်ငံကြီးကိုရှေ့ဆက်မောင်းနှင်ဖို့မဟုတ်ဘူးလား။စတဲ့မေးခွန်းတွေကိုမေးလိုက်ချင်တယ်။

ဒီနေရာမှာကျွန်တော်အရပ်ဘက်၊တပ်ဘက်ကိုခွဲမပြောပဲအသက်အရွယ်တန်းစားနဲ့ပြောပြမယ်။ရှေ့နှစ်ပိုင်းတွေမှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့လူကြီးပိုင်းတွေဟာသူတို့ခေတ်မှာရှိခဲ့တဲ့နိုင်ငံရေးအာဃာတတွေကိုဒီဘက်လူငယ်တွေခေတ်ထိသယ်လာတယ်။၂၀၁၅-၂၀ ကြားကာလမှာသူတို့လူကြီးချင်းကြားလွှတ်တော်ရော၊နိုင်ငံရေးမှာရောပွတ်တိုက်မှုတွေအများကြီးပဲ။

၂၀၁၀-၂၀ ဟာတကယ်တော့တည်ဆောက်ရမဲ့ကာလပါ။အဲ့ကာလမှာနှစ် ၃၀ ၊နှစ် ၅၀ မဟာဗျူဟာစီမံကိန်းတွေ၊goals တွေချမှတ်အကောင်အထည်ဖော်ရမှာ။ဒါတွေဘာတခုမှမလုပ်နိုင်ခဲ့ဘူး။ကျွန်တော့်လူငယ်အမြင်နဲ့ပြောရရင်ဒီလူတွေကိုပေါပေါပဲပဲလို့ပဲမြင်တယ်။

ဒီနိုင်ငံကြီးကိုဘယ်ခုနှစ်မှာကမ္ဘာ့အဆင့်ဘယ်လောက်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ Strategy၊ Goals ၊ကြားမှာလုပ်ရမဲ့ plans တွေချမှတ်ပြီးအကောင်အထည်ဖော်ရမှာကို။မဟုတ်တမ်းတရားမြန်မာ့စီးပွားရေးဂေါ်ဇီလာတို့၊မြေအောက်မြို့တော်၊မိုးပျံလမ်းတို့အပြောတွေပဲရှိခဲ့ကြတယ်။လက်တွေ့တည်ဆောက်ရမဲ့ကာလမှာလာပြီးအချင်းချင်းပြန်လက်စားချေကြတယ်။နှစ်ဘက်ကြားရင်ကြားစေ့ရေးဆိုတာနိုင်ငံရေးအမုန်းတွေ၊အာဃာတတွေဖက်တွယ်ထားတဲ့ဒီမျိုးဆက်တွေကြားမှာရှာလို့တွေ့နိုင်ပါ့မလား။

ဒီလူကြီးပိုင်းတွေအတွက်ကျွန်တော့်မှာပြောစရာစကားမရှိဘူး။ပြောလဲမရတော့ပါဘူး။လမ်းညွှန်ပြရင်နားလည်မဲ့အသက်အပိုင်းအခြားကိုကျော်သွားပြီလေ။ကျွန်တော်ကလူငယ်တွေကိုပဲပြောချင်တာ။

သေချာဖတ်ပြီးစဥ်းစားကြည့်ပါညီငယ်တို့..

သူတို့လူကြီးချင်း၊ပြုတ်မနူးချင်းဖြစ်ကြတဲ့ပွဲမှာလူငယ်တွေမြေစာပင်ဖြစ်သင့်ရဲ့လား။

ကမ္ဘာပေါ်မှာလူ့စွမ်းအားအရင်းအမြစ်သာတဲ့သူကပဲအုပ်ချုပ်မင်းလုပ်ဗိုလ်ကျနေတာပါ။အခုတောထဲ၊ထောင်ထဲမှာအချိန်ကုန်ပြီးတော့၊အသက်အန္တရာယ်အဆုံးခံပြီးတော့ကိုယ့်အရည်အသွေးကိုဖျက်ဆီးပစ်မှာလား။အေးအေးချမ်းချမ်းပညာသင်၊ကိုယ့်အရည်အသွေးကိုမြှင့်တင်ပြီးအနာဂတ်နိုင်ငံကိုပုံဖော်တဲ့နေရာမှာပါကြမလား။

သူတို့တွေလက်ထက်မှာအချင်းချင်းသွေးကွဲလို့၊ပညာနည်းပြီးဗျူဟာကောင်းတွေမချမှတ်နိုင်လို့တရုတ်ကထိပ်ပုတ်လဲခံရ၊အမေရိကန်ကခေါင်းပုတ်လဲခံရ၊ဘင်တွေကအကွက်ရွေ့လဲခံရဖြစ်ခဲ့တယ်။မိမိတို့ကြီးလာရင်ရောအဲ့လိုအဖြစ်ခံမလား။အစ္စရေးလိုလူ့စွမ်းအားအရင်းအမြစ်ကောင်းလို့အာရပ်အလယ်၊ကမ္ဘာ့အလယ်မှာလက်မထောင်တဲ့နိုင်ငံကိုပုံမဖော်ကြချင်ဘူးလား။

ထွက်ခဲ့ပါ။ဂျန်ဇီတွေဆိုတာတော်ပြီးသားကလေးတွေပါ။သေချာတွေးကြည့်ပါ။မျိုးဆက်အရကြည့်ရင်သူတို့လူကြီးတွေအချင်းချင်းဖြေရှင်းရမဲ့ပြဿနာကိုတို့လူငယ်တွေကြားဝင်မပါသင့်တော့ပါဘူး။ရှင်းရှင်းပြောရရင်သူတို့ဟာဘဝနေဝင်ချိန်ကိုလဲဒိုင်ဗစ်ပစ်ဝင်နေပါပြီ။ဒီတပ်ကိုဒီနိုင်ငံရေးကဆွဲထုတ်ဖို့သူတို့မှာအရည်အချင်းမရှိဘူးဆိုတာသိပြီးနေပြီပဲ။

မိမိတို့လူငယ်လေးတွေလက်ထက်မှာအဲ့လိုဆွဲထုတ်ကြမယ်။အခုတို့လူငယ်တွေအရည်အချင်းပြည့်အောင်ကိုယ်စီ human resource မြှင့်တင်ကြမယ်။ဒီလူကြီးတွေရဲ့အတ္တဗဟိုပြုကိုယ်ကျိုးစီးပွားလွန်ဆွဲပွဲမှာတို့တွေဘေးကနေ critical thinking နဲ့အဖြေရှာနေမယ်။သူတို့ဘာကြောင့်မအောင်မြင်ခဲ့တာလဲဆိုတဲ့အဖြေကိုပညာအခြေခံပြီးရှာကြမယ်။ တို့လက်ထက်တွေမှာပြေလည်အောင်ကြံဆမယ်။

နိုင်ငံရေးအာဃာတတွေကြားမှာမပါခဲ့ကြတဲ့မိဘတွေကလဲသေချာတွေးကြည့်ပါ။
မိမိတို့မျိုးဆက်မှာလဲအရှုံးတွေ၊အမုန်းတွေရင်ဆိုင်ခဲ့ရပြီ။မိမိသားသမီးမျိုးဆက်ကိုရောအခုလိုအရှုံးတွေ၊အမုန်းတွေကြားထဲမှာနစ်ပြီးနောက်အနှစ် ၃၀ ကြာတိုင်းတခါ၊နောက်အနှစ် ၃၀ ထပ်ကြာတိုင်းတခါအခုလိုပုံစံမျိုးသမိုင်းတပတ်လည်ပြီးစုတ်ပြတ်သပ်နေတဲ့နိုင်ငံကြီးအဖြစ်၊အခန့်မသင့်ရင်ပျက်စီးသွားမဲ့နိုင်ငံအဖြစ်ကမ္ဘာတည်သရွေ့လက်ဆင့်ကမ်းပေးကြမှာလား။

ခရစ်ယာန်
မူဆလင်
အနောက်အုပ်စု
အမေရိကန်
တရုတ်
ဘင်္ဂလား
ထိုင်း
ရုရှား

အားလုံးဟာဒီနိုင်ငံဆီကကောင်းမြတ်တဲ့အရင်းအမြစ်တွေကိုခေါင်းပုံဖြတ်စားသုံးဖို့စီမံကိန်းကြီးတွေနဲ့အကွက်ချနေကြတယ်။

ဒီလူကြီးတွေလက်ထက်မှာအကွက်ရွေ့ခံနေရသလား၊ထိပ်ပုတ်ခေါင်းပုတ်လာလုပ်နေကြသလားဆိုတာအားလုံးအမြင်ပါပဲ။ဒီတော့မိမိတို့မျိုးဆက်ရောက်ရင်တို့တွေပြန်အကွက်ရွေ့ကြမယ်လေ။ကြီးကြီးကျယ်ကျယ်ပြောရရင်တို့မြန်မာလူငယ်တွေကြီးလာတဲ့အချိန်ကျရင်ကမ္ဘာ့ဝင်ရိုးကြီးကိုမြန်မာဗဟိုပြုပြီးကိုင်လှုပ်ကြမယ်။ထားခဲ့လိုက်ပါ။

ဘဝမှာနေရဖို့အချိန်သိပ်မကျန်တော့တဲ့အာဃာတမျိုးဆက်ကြီးကို။အခုတို့တွေရဲ့အရည်အသွေးတွေထက်မြက်အောင်သွေးကြမယ်၊လိုအပ်တဲ့ပညာတွေကိုအပြင်းအထန်ဆည်းပူးကြမယ်။

လာမဲ့အနှစ် ၃၀၊၄၀ မှာကမ္ဘာကြီးကိုမြန်မာနိုင်ငံကနေကိုင်လှုပ်ကြရအောင်လား။လာမဲ့အနှစ် ၆၀၊၇၀ လောက်ဆိုနောက်မျိုးဆက်တွေကမ္ဘာကြီးကိုကောင်းကောင်းကစားနေကြတော့မယ်။

#Geopolitics´Admin