Saturday, January 15, 2022

နစကရဲ့(၁၁)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲ၊ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားမှုများမှ ကောက်နုတ်ချက်


၁။ အမေရိကန်ရဲ့ စစ်ရေးစရိတ်နဲ့ ပတ်သက်ပြီး အများဆုံးက NDAA မှာ အင်ဒိုပစိဖိတ်အတွက် ၇ . ၁ ဘီလျံသုံးဖို့လျာထားတယ်။ ဒါက တရုတ်ကိုထိန်းချုပ်ဖို့ ( လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နဲ့ အမေရိကန်ကို ရန်တိုက် ​ပေးသွား 😜)။ 

၂။ အာဆီယံကို မြန်မာဝင်ခဲ့တာစစ်အုပ်ချုပ်ရေးကာလမှာ ဝင်ခဲ့တာ။ အချုပ်အခြာအာဏာကို အသိအမှတ်မပြုရင် နိုင်ငံချင်းပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ အာဆီယံကထွက်မဲ့သဘောပြောသွား။
SAC ရဲ့ ဖြစ်တည်မှုကို လက်ခံတဲ့နိုင်ငံတွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မယ်ပြောသွား။ 

၃။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်သွား။ ၂၀၂၂ ထဲမှာ ငြိမ်းချမ်းရေးကို အဆင့်တစ်ခုရောက်ဖို့ ကြိုးပမ်းမယ်လို့ ပြောသွား။ ဒါပေမဲ့ အကြမ်းဖက် PDF တွေနဲ့ မဆွေးနွေးဘူးလို့ အတိအလင်းထပ်ပြောသွား။ 

၄။ ကိုဗစ်မှာ ပြည်ပပြန်တွေဆီက အိုမိုင်ခရွန်တွေ့နေတာ စုစုပေါင်း ၆၃ ဦး တွေ့ရတယ်။ ထိုင်းမှာ အိုမိုင်ခရွန်မျိုးကွဲကြောင့် စိုးရိမ်မှုအဆင့် ၄ ဖြစ်နေတယ်။ စတုတ္ထလှိုင်းက အိမ်နီးချင်းနိုင်ငံတွေမှာဖြစ်နေတယ်။ အထူးသတိထားဖို့ပြောသွား။ 

၅။ မြန်မာနိုင်ငံဆီဝင်လာတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးမှာ ကိုဗစ်တွေ့တယ်။ ဒီနှစ်ဦးကို ဘယ်သူမှ အသိမပေးဘဲ အမေရိကန်သံရုံးဝန်ထမ်းက ပြန်ခေါ်သွားတယ်။ ဒီလုပ်ရပ်ဟာ မြန်မာ ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေပြီး သံစည်းကမ်းဖောက်ဖျက်တယ်။ ပြင်းပြင်းထန်ထန်သတိပေးတယ်။ ဒါပေမဲ့ ကန်သံရုံးက ဒီကိစ္စမှာ ကန်သံရုံးက ပါးစပ်ပိတ်နေတယ်။ ဒီမိုကရေစီနိုင်ငံကြီးရဲ့စည်းကမ်းမဲ့မှုကို ကမ္ဘာက သိစေခဲ့သလို အမေရိကန်ရဲ့ အပင်းကို ငုံထားတဲ့ ပြည်ဖျက် မီဒီယာတွေကလည်း ဒီကိစ္စကို ရေငုံနှုတ်ပိတ်နေတယ်လို့ ပြောသွား။ 

၆။ အကြ မ်း ဖ က် CRPH NUG PDF တွေက ကျောင်းပေါင်း ၅၀၀ လောက် မီးရှို့ဖျက် ဆီး ခဲ့သလို ပညာရေးဝန်ထမ်း ၂၀ ကို လုပ်ကြံ သသ် ဖြတ်ခဲ့တယ်လို့ ပြောသွား။ ကလေးတွေ ကျောင်းတက်သူ ၄.၂ သန်းရှိပြီး စာမေးပွဲဖြေတာ ၄.၁ သန်းရှိ။ တက္ကသိုလ်တွေဖွင့်တော့ ၄၀၀၀ ကျော် အပ်ပေမဲ့ ၂၀၀၀ ကျော်ပဲ ကျောင်းတက်။ 

၇။ လွတ်လပ်ရေးရပြီးကတည်းက EAOs တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ ဒီလိုတိုက်ပွဲဖြစ်နေတဲ့ EAOs နယ်မြေထဲမှာ ပညာရေး ကျန်းမာရေးဝန်ထမ်းတွေ စာသင်ကုသလို့ရတယ်။ NUG PDF ကတော့ ပညာရေး ကျန်းမာရေးဝန်ထမ်းတွေကို လုပ်ကြံ သထ်ဖြတ်နေတယ်။ 

၈။ လွိုင်ကော်လေယာဥ်ကွင်းကို ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ အဲဒီအတွက် ကား ၇ စီးကိုစစ်ရာမှာ အစစ်မခံဘဲ ပစ်ကျတယ်။ နှစ်ဖက်တိုက်ပွဲမှာ ကားတွေ မီးလောင်တယ်။ တပ်ကကယ်ဖို့ ကြိုးစားပေမဲ့ မကူညီနိုင်ခဲ့။ အဲဒီမှာ BGF လေးဦးကို PDF တွေက လာအကူအညီတောင်းလို့ လေးဦးကအရပ်ဝတ်နဲ့လိုက်သွားတယ်။ အဲဒီမှာ BGF လေးဦးကို လက်ပြန်ကြိုးတုပ် မီးရှို့သထ်တယ်။ PDF နဲ့လိုက်သွားတုန်းက အရပ်ဝတ်နဲ့။ သေမှတွေ့တော့ BGF ဝတ်စုံနဲ့။ တပ်နဲ့ BGF ကို ရန်တိုက်ပေးတယ်။ ဒါကို စုံစမ်းစစ်ဆေးသိရှိခဲ့တယ်လို့ ပြောသွား။ 

၉။ ကွမ်းရွက်ရောင်းသူတွေ သသ်ပြီး သိန်း ၁၀၀ လောက်လုတာ။ ကျောင်းအုပ်ဇနီးမောင်နှံကို သသ်တာ။ ကျောင်းအုပ်ကို ပြန်ပေးဆွဲပြီး သိန်း ၁၀၀ နဲ့ ရွေးခိုင်းတာ။ ဆရာဆရာမတွေကို ဝင်ရိုက်ပြီး ဖုန်းတွေလု၊ ကျောင်းမဖွင့်ဖို့ခြိမ်းခြောက်တာ။ LNG ကားတွေ ဖောက်ခွဲဖျက်ဆီးပြီး ကားမောင်းသူတွေသသ်တာ။ ဆရာ၊ ဆရာမတွေကို သထ်ဖြတ် ရိုက်နှက်လုယက် ပြန်ပေးဆွဲနေတာဟာ NUG . PDF က War Crime တွေ ကျုးလွန်နေတာလို့ပြောသွား။ 

၁၀။ ဇေယျာသော်ရဲ့ထွက်ဆိုချက်ပြောသွား။ NUG ရဲ့ တာဝန်ပေးချက်အရ လူငယ် ၁၀၀ လောက်ကို စစ်သင်တန်းပေးပြီး ရန်ကုန်တိုင်းမှာ ဖောက်ခွဲဖျက်ဆီးမှု ၁၇၈ ကြိမ် လုပ်ခဲ့တယ်လို့ ဇေယျာသော်က ဝန်ခံသွား။ လက်ရှိမှာ NUG . PDF က ဖောက်ခွဲ သသ် ဖြတ်တာကြောင့် သေတာ ပြည်သူ ၁၈၃၀ ရှိပြီ။ လက်ရှိအချိန်အထိ NUG PDF က တစ်နိုင်ငံလုံးကို ဖောက်ခွဲဖျက်ဆီးတာ အကြိမ် ၄၀၀၀ ကျော်ရှိပြီ။ ဒါတွေက NUG PDF တွေရဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာလား မေးသွားပြီး ဒီလိုဖောက်ခွဲဖျက်ဆီးသသ် ဖြတ်မှုတွေကြောင့် ဖမ်းမိထားတဲ့ NUG PDF အဖွဲ့ဝင် ၁၁၅၉၄ ဦးရှိကြောင်းပြောသွား။

#STA