Tuesday, January 4, 2022

မြန်မာနိုင်ငံလွတ်လပ်ရေးကြေညာစာတမ်း


မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြေညာစာတမ်းကို 
၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကမ္ဘာသိ 
ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ့သမိုင်းတွင် 
အလွန်တန်ဖိုးထားအပ်သည့် ကြေညာစာတမ်း ဖြစ် 
သည်။

အောင်စေသတည်း

၁။ မြန်မာသက္ကရ်ာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ 
ရက် (အင်္ဂလိပ် သက္ကရာ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ 
ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာ
အပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာ
ပြည်သည် လုံး၀ လွတ်လပ်သော အချုပ်အချာ 
အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ 
ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်
လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး 
တရားမြတ်တိုတည်ရာ မြေကောင်းမြေမွန်လည်း 
မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာ
အပေါင်းတိုနှင့် ပြည့်စုံသဖြင့် သတ္တဝါအပေါင်းတို့ 
ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်
နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝ​​ပြည့်
စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှ 
ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ 
ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တ
မိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်
ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာ
သော ရာဇ၀င် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီ 
တညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် 
တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ 
မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်း၀၊ ကုန်းဘောင် 
ထို့နောက် မန္တလေးအထိ ငါတို၏ လွတ်လပ်ရေး
သည် နေရောင်လဝါ ပမာကဲ့သို တဖြာဖြာတ၀င်း 
၀င်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ 
သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအသင်္ချေတည်နေ
အပ်သော နေမင်းသူရိယာ လစန္ဒာတိုပင် ဆီးနှင်းမြူ
တိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အဝါ ညှိးလျော်
နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို ငါတို၏လွတ် 
လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် 
နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ် 
လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်
ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့
မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ 
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာ၀တီ-ပဲခူး၊ 
တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံ 
သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူးမြေ
မြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြ
သော ငါတို့၏ လွတ်လပ်ရေးသည် ငါတိုလက်မှ
လွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရ
သည်။ သို့သော် နေမင်း သူရိယာ လစန္ဒာတို့ကို 
ဆီးနှင်း မြူတိမ်တို့သည် မည်သိုပင် ဖုံးလွှမ်းစေကာ
မူ နေလတို၏ အရှိန်အတောက်ကို မခံနိုင်ရကား 
ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေဝါလ 
ရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေ ဘိ
သကဲ့သို ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့
ဝါဒသည် ငါတို၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော 
လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံ
နိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်
သော အခိုက်အတန့် ကလေးမှာပင်အလိုအလျောက် 
ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါ
တို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ် 
မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင် 
ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံး၀ လွတ်လပ် 
သော ဘ၀ထူး ဘဝြမတ်ကို လက်ဆုပ်လက်ကိုင် 
အပိုင်ရရှိကြပြီ။

၃။ ယခု ငါတိုရရှိအပ်သော လွတ်လပ်ရေးသည် ရေ
တွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့ 
သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ် 
လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ 
အမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော 
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး 
ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံလ၊ 
မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပ
အပ်သော ဥာဏ်မျက်စိ၊ ၀ဇီရစိနျသှား ကဲ့သို စူးရှ
သောသတ္တိတိုကြောင့် အဟံမမ သံပကြုံးဝါး အခြား
အခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ 
တခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ 
တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာ
တည်း ဟူသော အာဏာထူးအမြတ်ကို ငါတိုလက် 
ကိုင် အပိုင်ရရှိကြပြီ။

၄။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ 
ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသား
ရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ 
မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတိုဖြင့် 
ကမ္ဘာ့ဓမ္မတာ သဘာ၀ အပိုင်းအခြား ထင်ရှားစွာ 
သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှ
စ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်
သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ 
နေထိုင်ရာ မြန်မာနိုင်ငံတော်တဝှမ်းကို တသွေး တ
သားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်းတည်း
ဟူသော ကြိုးထူး၊ အလိုအလျောက် သဘာ၀ 
အထောက် အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော 
စေတနာတည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါး
ဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင် တည်တံ့အောင် ရစ်ပတ်
ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်
ဆိုက်လက်ကိုင် ငါတို့အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတ
ယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ 
မည်သူ တဦး တယောက် တဖွဲတသင်း၏ ပုဂ္ဂလိက 
အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် 
တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုး
ခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလ
က၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့
သောအနာဂတ်ကာလ၌၎င်း ငါတိုပြည်ထောင်စုကြီး
အတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး 
ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ 
ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ 
ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ 
ကမ္ဘာဦးကာလ လူတို၏စည်းရုံးမှု၌ လူအပေါင်း
တို့၏ သဘောဆန္ဒအရ လူအဝှမ်း၏ အကျိုးကို 
ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို 
ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မ
ဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်
သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ 
သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသော
တရား၊ တူညီသောအခွင့်အရေး၊ တူညီသော
အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် 
သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိက
ဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော 
မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် 
ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် 
ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်
သော လုံး၀ လွတ်လပ်ရေးကို ငါတိုပြန်၍ ယူပြီ။ 
တိုင်းရင်းသားအပေါင်းတို သွေးစည်းညီညွတ်လျက် 
အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည် 
ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည် 
ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတိုနိုင်ငံတော်
ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်
မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်
အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရား 
သဖြင့် ကျင့်ဆောင်အပ်သော ကျင့်၀တ်ကို စောင့် 
ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို 
ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ 
လွတ်လပ်ရေးကိုလည်း ငါတို့လေးစား စောင့်စည်း
မည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်
အညီ ငါတို့ကဲ့သို လိုလားသူများနှင့် လက်တွဲ၍ 
ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး 
တယောက်မကျန် ကြားသိစေသတည်း။

_______
မြန်မာ့လွတ်လပ်ရေးကြေငြာစာတမ်း
-----------------
#KNC