Saturday, January 15, 2022

ဂျေ 🍁


အယူအဆတစ်ခု ကြားဖူးခဲ့တယ်။ "တိုင်းပြည်ပြိုကွဲသွားလည်း စစ်တပ်က ရှိနေတာပဲ။ ဥပမာ - ရုရှားလိုပေါ့။ ရုရှားကြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတယ်ဆိုတာ Soft Power မနိုင်လို့ဖြစ်ရတာ။ တိုင်းပြည်တစ်ခု ခိုင်မာနေဖို့က စစ်တပ်သက်သက်နဲ့ မရဘူး"

ဆက်စပ်ပြီးပြောရရင် ပြီးခဲ့တဲ့တစ်ခေါက် ဟွန်ဆန်ရဲ့ ခရီးစဉ်ကိုပဲပြရမှာပဲ။ ဟွန်ဆန် မြန်မာပြည်ကို လာတော့မယ်ဆိုကတည်းက မြန်မာပြည်က ရှိရှိသမျှသော အရိုင်းအစိုင်းတွေ အုံနဲ့ကျင်းနဲ့ ဟွန်ဆန်ရဲ့ ပေ့ဂ်ျထဲ သွားဆဲကြပြီ။ 
ဒါကို နှပ်ကြောင်းပေးတာက ကမ္ဘောဒီးယားကို မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ်ထင်နေတဲ့ နုဂျီ။ သူတို့ဆွဲယူသွားတဲ့ ပုံစံက ဟွန်ဆန်ရဲ့ ခရီးစဉ်ကို မြန်မာပြည်သူတွေ ဘယ်လောက်ဒေါသထွက်နေပါတယ်ပေါ့။ 

ဒါကို Counter ပြန်ဖို့ဆိုရင် မြန်မာပြည်သူတွေက အာဆီယံလမ်းစဉ်ကို ယုံကြည်ပြီး အပြုသဘောဆောင်တဲ့ ရလဒ်ကိုမျှော်လင့်ပါကြောင်း၊ မလေးမစား ပြောဆိုသူတွေကိုယ်စား ဝမ်းနည်းပါကြောင်း သွားပြောဖို့ပဲ။ 
အစကတော့ ကျွန်တော်လည်း မသိလိုက်၊ မသိဘာသာ နေမလို့ပဲ။ ဒါပေမဲ့ နုဂျီရဲ့ကြေညာချက်ကို တွေ့တဲ့အခါ သူတို့ခင်းတဲ့လမ်းကို မြင်တယ်။ ဒါကြောင့်လည်း အပြုသဘောဆောင်တဲ့ Comment တမင်ဝင်ရေးပြီး အဲဒီစာပိုဒ်ထဲက တချို့နဲ့ ပို့စ်တောင် ရေးဖြစ်ပါတယ်။ 

ဘာလို့လဲ။ 

ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ အသံတွေကို သူတို့ နားလည်တဲ့ ဘာသာစကားနဲ့ သူတို့တွေ ကြားနိုင်အောင်ပြောဖို့ဖြစ်တယ်။ 

ရပ်တည်ချက်တူပေမဲ့ ဘာသာစကား အခက်အခဲကြောင့် မပြောနိုင်သူတွေအတွက် ပြောစရာရဖို့ဖြစ်တယ်။ 

တစ်ပိုင်းတစ်ကြောင်း မီးကျိုးမောင်းပျက် အင်္ဂလိပ်စာနဲ့ ဆဲဆိုနေကြတဲ့လူအုပ်ကြီးနဲ့မတူ အဆင့်အတန်းရှိပြီး အပြုသဘောဆောင်တဲ့ ပုံရိပ်ကို ပြနိုင်ဖို့ဖြစ်တယ်။ ဘယ်လိုလူတွေက ဘယ်လိုအဖွဲ့ကို ထောက်ခံနေတာပါလား - ဆိုတာကို ပြရာလည်း ရောက်တယ်။ 

ဒီနေရာမှာ တူညီတဲ့စကားကိုပဲ စစ်သားကပြောတာနဲ့ အရပ်သားကပြောတာ မတူဘူး။ စစ်သားကပြောရင် သူ့အဖွဲ့အစည်းရဲ့မူဝါဒကို သူထောက်ခံတာသာဖြစ်ပြီး အရပ်သားတွေကပြောမှသာလျှင် နုဂျီနဲ့ ယှဉ်ထိုးစရာဖြစ်မှာဖြစ်ပါတယ်။ 

ကျွန်တော်ရည်ရွယ်တာက အစိုးရရဲ့မူဝါဒကို အထောက်အပံ့ပေးပြီး ကစားပေးရုံပဲ။ ဒီလိုထောက်ပံ့ပေးလိုက်တာဟာ ဟွန်ဆန်ရဲ့ ခရီးစဉ်အလွန်မှာဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေအတွက်လည်း လမ်းခင်းရာရောက်ပါတယ်။ 
အခုဆိုရင် ဂျပန်၊ အိန္ဒိယနဲ့ စင်ကာပူအပါအဝင် အရှေ့အုပ်စုက ပါဝါတွေက ဟွန်ဆန်ရဲ့ ခရီးစဉ်ကို ချီးကျူးကြတယ်။ အပြုသဘောဆောင်တဲ့ ရလဒ်တွေကို မျှော်လင့်ကြတယ်။ ကျွန်တော်တို့တွေ ရေးခဲ့ကြသလိုပေါ့။

Reuters/ The Guardian လို သတင်းဌာနတွေကတော့ ဟွန်ဆန်ရဲ့ခရီးစဉ်ကို မြန်မာတွေ ဘယ်လို ဆန္ဒပြတယ်ဆိုတာကို ဇောင်းပေးပြောကြတယ်။ 

ကျွန်တော်တို့က အဲဒီလိုအရာတွေအတွက် ဆူဆူညံညံ ပြောပေးနေကြတာပါပဲ။ ကျွန်တော်တို့ရဲ့ အမှန်တရားတွေကို လူများများသိဖို့ နည်းလမ်းတစ်ခုထက်မနည်း ကျွန်တော်လုပ်ခဲ့ဖူးတယ်။ ဒါကြောင့် စစ်တပ်ရဲ့ ဗျူဟာအမှားကြောင့် ပြည်သူ‌တွေ ထိခိုက်ရရင်လည်း ဝေဖန်ခွင့်အပြည့်ရှိတယ်လို့ ကျွန်တော်ခံယူတယ်။ 

ကျွန်တော်က ထောက်ပံ့ရတော့မယ့်ကိစ္စလို့မြင်ရင် ကျွန်တော် အထောက်အပံ့ပေးပါမယ်။ ဝေဖန်စရာရှိရင် ဝေဖန်မယ်။ မျက်စိမှိတ်ပြီး ဘုန်းတော်ဖွဲ့ရအောင် စစ်တပ်က ကျွန်တော့်ကို တစ်ပြားတစ်ချပ် ပေးကျွေးပြီး လော်ဘီငှားထားတာမဟုတ်ကြောင်း သိစေအပ်ပါတယ်။ 

ဒါကြောင့် ကျွန်တော်အဓိကပြောချင်တာက - 
- ဗျူဟာအချမှားရင် တိုင်းပြည်နာပါတယ်။ ရုရှားစစ်တပ်ကြီး အင်အားကြီးနေလည်း ဆိုဗီယက်ရုရှားကြီးကတော့ အစိတ်စိတ်အမွှာမွှာ ကွဲပြီးသွားပါပြီ။ 

- အခြေအနေတစ်ခုမှာ မလွှဲသာမရှောင်သာ အာဏာထိန်းလိုက်ရတာကို လက်ခံတဲ့အတွက် အစိုးရရဲ့ မူဝါဒကို တတ်နိုင်သလောက် ထောက်ပံ့ပါမယ်။ ထို့အတူ မှားနေရင်လည်း ဝေဖန်ပါမယ်။

- ဒါဟာ အပြီးတိုင်အာဏာသိမ်းတဲ့ စစ်အစိုးရကို ထောက်ခံနေတာမဟုတ်ကြောင်း သိစေအပ်ပါတယ်။ တိုင်းပြည်သိပ်မနာဖို့ ရွေးကောက်ပွဲပြန်လုပ်မှာကို ကြိုဆိုပါတယ်။ 

- တပ်ချုပ် ဘာလုပ်လုပ် အကွက်တွေလှတယ် လုပ်နေတဲ့ အစွန်းရောက်တွေကိုလည်း ပြောချင်ပါတယ်။ ခင်ဗျားတို့ စွတ်စက် အကွက်တွေလှနေတုန်းမှာ ခင်ဗျားတို့တပ်ထဲက စစ်သားတွေ မသေသင့်ဘဲ သေကုန်ကြပြီ။ ခင်ဗျားတို့ကို ယုံကြည်ခဲ့တဲ့လူတွေ ဒုက္ခရောက်ကုန်ပြီ။ ဒါတွေကိုမြင်ပါလျှက် အကွက်တွေသိပ်လှတယ် လို့ ချီးမွမ်းနေတာဟာ.. သေကုန်တဲ့လူတွေကို "သေသင့်တယ်" လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ 

ဒီတော့....

ကျွန်တော်တို့လိုလူတွေ ဝေဖန်တာကိုမကြိုက်ရင် ခင်ဗျားတို့ကိုယ်တိုင် ထိန်းကျောင်းအကြံပြုပါ။ နိုင်ငံတကာမှာ သံခင်းတမန်ခင်း အားပိုကောင်းလာအောင် ခင်ဗျားတို့ရဲ့ထောက်ခံမှုကို ပြနိုင်ရင် ပြလိုက်ကြပါဦး။ 

နုဂျီရဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီးလောက်ပဲ ခင်ဗျားတို့တာဝန်ကျေကြရင် ကျွန်တော်တို့က အေးအေးဆေးဆေးနေပေးမယ်။ 

ပညာရှင်တွေနဲ့ လူငယ်တစ်ယောက်ကို ယှဉ်ထိုးမယ့်အစား ခင်ဗျားပဲ ကျွန်တော့်အရွယ်မှာ ဘယ်လောက် တိုးတက်နေပြီလဲ... အရင်စဉ်းစား။ တိုးတက်ချင်ရင် Mindset ကို အရင်ပြင်ရတယ်။

သူတပါးရဲ့ဗျူဟာကို မတိုက်ဖျက်နိုင်တိုင်း ကိုယ့်အချင်းချင်း လာရိ‌တဲ့လူတွေကိုမြင်ရတာ... 
"စိတ်ကုန်တယ်....." 

သန့်နေစိုး (14. Dec. 2022)
*
*
*

Related Posts:

  • နိုင်ငံတိုင်းမှာ တပ်မတော်ကို ထောက်ခံမှ တိုင်းပြည်လုံခြုံ မည် 25-10-2021အီရတ် တပ်မတော်ကို ပြည်သူတွေမထောက်ခံဘူးလို့ ကျမတို့ စုံစမ်းထောက်လှမ်းသိရှိရတာမို့ အီရတ်ကို ဝင်တိုက်ဖို့ ဆုံးဖြတ် လိုက်ပါတယ် á€€á€˝á€”á€şá€’á€­á€Żá€œá€Žá€‡á€Źá€›á€­á€Żá€€á€şá€…á€şCondoleezza Riceအမျိုးသား လုံခြုံရေးကောင်စီအထူးအကြံပေးအရာရှိ ၊ပထမ ဂျော… Read More
  • #အောက်တန်းစားနိုင်ငံရေး!👠#ပြည်သူကိုခုတုံးလုပ်ပြီးအာဏာရအောင်      လုပ်တဲ့နိုင်ငံရေးဟာ အောက်တန်းစားနိုင်ငံရေး            ပဲဖြစ်တယ်။#အခြားမည်သူလုပ်သည်ဖြစ်စေ!--      အမေစု နှင့် "NLD" သည်မလုပ်အပ်ပေ။            အကြောင်းမူ "#ပြည်သူသာအဓိက" ဟူသော            … Read More
  • ကဲ ဒီလိုတော့ တွေ့ပြီနော်.....တိုင်းပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာအောင်...... ပညာသင်နေတဲ့ ဆရာ ဆရာမများ နဲ့ ကျောင်းသူကျောင်းသားများကိုပါ ရန်ရှာနေတဲ့ PDF........မွေးကင်းစကလေးကနေ သံဃာတွေအထိ ရက်စက်စွာ သတ်ဖြတ်နေတဲ့ PDF........ရပ်ကျေး အုပ်ချုပ်ရေးမှူးကနေ … Read More
  • ယုတ်မာကုန်ကြပြီမကွေးတိုင်း ဂန့်ဂေါခရိုင်အတွင်းထီးလင်း ဆော ဂန့်ဂေါ ကျောက်ထု ဒေသတွင်း PDF များက နိုင်ငံ့ဝန်ထမ်းများအား နိုဝင်ဘာလ ၅ရက်အတွင်း အလုပ်က နှုတ်ထွက်ခြင်းမပြုပါက အသက်အန္တရာယ် အတွက် အာမ မခံဘူးဟု စာထုတ်ပြန်ကာ လိုက်လံဝေငှနေသည်ဟု သတင်းအတိ… Read More
  • စာတစောင်ရဲ့ ရာဇဝင်        မနေ့က လိုင်းပေါ်မှာ ကလော PDF တွေရဲ့ အိမ်ရှင်အတွက် ရေးပေးခဲ့တဲ့ စာတစောင် နဲ့ ဇောင်းထပြီး အပြန်အလှန် ဟားတိုက်နေကြတာ တွေ့ပါတယ် ။      á€á€Ťá€’တိုက်ပွဲပဍပဲ ။ တခုရှိတာက အဲသလို ပြည်သူ့အပေါ် ပြုမူရမယ် ဆိုတဲ့ မူကို ပထမဆုံး ဥပဒေကဲ့… Read More