Monday, January 3, 2022

ချစ်စရာကောင်းတဲ့ မိသားစုစိတ်ဓါတ်ရှိတယ်။အတူတူ ဆင်းရဲကြတယ် အတူတူ ပင်ပန်းကြတယ်။အတူတူ မျှော်လင့်ကြတယ်။


ပြိုင်ဆိုင်စရာ သူတို့မှာ ဒဏ်ရာပဲရှိတယ်။
ကြွားဝါစရာ သူတို့မှာ စစ်သက်ပဲရှိတယ်။

တစ်မိသားစုလုံး စည်းစိမ် အကုန်ပေါင်းရင်တောင် 
ဆယ်သိန်းမကျော်သူတွေပေါ့။

ဒါပေမယ့် တချက်ကလေးမှ မညည်းညူ၊
အထက်ကို မျက်စောင်းလေးတောင်မထိုးဘူးတဲ့ 
သူတွေရယ်ပါ။

ဘယ်ကိုသွား ဘာကိုလုပ် 
အမိန့်မှန်သမျှ မငြင်းဆန်ခဲ့ပါဘူး။

သေမယ်ဆိုတာ သိတယ် ဒါပေမယ့် ဆက်တိုးတယ်၊

ပြတ်မယ်ဆိုတာ သိတယ် ဒါပေမယ့် ဆက်လျှောက်တယ်၊

ရဲဘော်ရဲဘက်တွေကျဆုံးခဲ့ရင် မျက်လုံးအိမ်က 
မျက်ရည်စကို အသာသုတ် ဝဋ်ကျွတ်တာပေါ့ကွာလို့ 
စနောက်နိုင်သူတွေရယ်ပါ . . .။

မိသားစုဝင်တွေလား???
အာဂမိန်းမတွေနော်....

ခယောင်းမြေမှာ စပါးစိုက်၊
နွေမှာရေထမ်း၊ ရိက္ခာစိုနေလှမ်း၊ စားနိုင်သူတွေပေါ့ ။
ဒါပေမယ့် အခွင့်အရေးတောင်းဖို့ဆိုတာ 
ဘယ်တုန်းကမှ စိတ်မကူးဖူးဘူး . . .။

ညနေဘက် တပ်တွင်းဘုံဆိုင်လေးမှာ 
ခင်ဗျားသွားနားထောင်ကြည့်၊
တစ်ပြားမှတစ်ထောင်တန် ရမ်လေးကို
 လေးယောက်လောက်မျှသောက်ပြီး၊
တိုက်ပွဲအတွေ့အကြုံတွေ အာကျယ်ကျယ်နဲ့
 ပြောကြပါလိမ့်မယ်....။

ငမူးတွေဆိုပြီး အထင်တော့မသေးလိုက်နဲ့နော်....
တချိန်ကဆို သူတို့ဟာ လက်ရှိ ထိပ်ပိုင်းက 
လူကြီးတွေနဲ့ လက်တွဲပြီး သေသေကြေကြေ 
တိုက်ပွဲဝင်ဖူးတဲ့ သူတွေချည့်ပဲ။

ဘယ်ဂွင်မှာ ဘာစစ်ဆင်ရေး
ဘယ်ဂွင်မှာ ဘယ်လို
ဘယ်သူတွေတော့ ကျကျန်ခဲ့တာ စသဖြင့်
လွမ်းမောဖွယ်ရာလေးတွေ
ဆံပင်ဖြူတွေကို လက်နဲ့ဖွရင်းပြောပြတတ်တယ်....။

ဆန္ဒပြဖို့လား အစိုးရမကောင်းကြောင်းလား
သွားမပြောနဲ့ ထိုးခံရမယ်ဗျ သိလား . . .။

လူမှန်းမသိအောင် မူးနေပေမယ့်၊
အလံချခရာမှုတ်ရင် သတိကိုမတ်နေအောင် 
ဆွဲနိုင်တုန်းပါပဲ၊

နောက်တနေ့ နောက်တရက် ဘာဖြစ်မယ်မသိ၊
လက်ရှိဘဝမှာ ပျော်သလိုနေ၊
ကြီးကြီးကျယ်ကျယ် သိပ်မပြောတတ်တဲ့၊
တိုင်းပြည် နဲ့ တပ်မတော်ကို အသက်ထက်ချစ်တဲ့၊
လူကြီးတွေကို ချစ်ခင်လေးစားတဲ့၊
ဒီလို လူတွေ အမာခံအင်အားအဖြစ် 
ပိုင်ဆိုင်ထားတဲ့ အဘ
သိပ်ကံကောင်းတဲ့ ဒို့အဘ...

လွတ်လပ်ရေးနေ့အမှတ်တရ
မသေကျန်တိုက်ပွဲပေါင်းများစွာ
ပါဝင်ပါတယ် ဒုအရာခံဗိုလ်၂ဦး 
ထာဝစဉ် နူပျိုနေသောတပ်မတော်ဟုခေါ်တယ်
#LN