Tuesday, January 4, 2022

၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ


ဇန်နဝါရီ ၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင်( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲ၊ အာလူးကောက်၊ မုန့်စားပြိုင်ပွဲ၊ ဂုံနီအိတ်စွတ်ပြိုင်ပွဲများအား ကျင်းပခဲ့ရာ ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များက ပါဝင်ယှဉ်ပြိုင်ကြခဲ့ကြပါသည်။  

အားကစားပြိုင်ပွဲများကို ၂၉-၁၂-၂၀၂၁ ရက်နေ့မှ ၄-၁-၂၀၂၂ ရက်နေ့အထိ ဘောလုံးအသင်း ၅ သင်း၊ ဘော်လီဘောအသင်း ၅ သင်း၊ ပိုက်ကျော်ခြင်းအသင်း ၈ သင်းနှင့် မိသားစုဝင်များ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ 

ဆုရရှိသော အသင်းများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးမြင့်လှိုင်၊ ဌာနချုပ်မှူး ဦးသောင်းရွှေ နှင့် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။