Tuesday, January 4, 2022

“လွတ်လပ်ရေးနေ့ မေတ္တာပို့သလွှာ”


 ယနေ့သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးအတွက် ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့် လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။ 

 တိုင်းတစ်ပါးတို့၏ ဗိုလ်ကျစိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး ကိုယ်ပိုင် ရေ၊ မြေပိုင်နက် နယ်နိမိတ်များ တည်တံ့ခိုင်မြဲစွာဖြင့် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ရောက်ရှိခဲ့သည်မှာ (၇၄) နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ဘိုးဘွားအစဉ်အဆက် အသက်သွေးချွေးပေါင်းမြောက်များစွာရင်းပြီး ခက်ခက်ခဲခဲ ရယူခဲ့ရသည့် လွတ်လပ်ရေးအား ထာဝစဉ်တည်မြဲစေရေးအတွက် အစဉ်ထာဝရ ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်းနှင့် အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးကို ထိပါးလာမည့် မည်သည့်အရေးကိစ္စ ဟူသမျှကိုမဆို စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ ဖြေရှင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ 

 မိမိတို့ ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံသော တိုးတက်ခေတ်မီသည့် အနာဂတ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အဓိဋ္ဌာန်ပြုအပ်ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့
ပြည်သူ့ရှေ့ဆောင်ပါတီ

Related Posts:

  • ဒေါက်တာနိုင်ဆွေဦးနှင့်အင်တာဗျူး အပိုင်း ၁ + ၂ #MHTNews … Read More
  • Maung Maung (31.10.21) ထန်းတလန်နှင့် nug ဘာလဲ ဘယ်လဲ၊ နစက ဘာလဲဘယ်လဲ။ … Read More
  • 🍄 " အလွယ်တကူ ထိခိုက်နိုင်သော " 🍄 Vulnerability စီးပွားရေးစစ်ရေးနိုင်ငံရေးအချုပ်အခြာနဲ့အရာတော်တော်များများမှာသက်ဆိုင်တယ်၊အပြောင်းအလဲတခုသက်ရောက်မှုတခုကြောင့်အလွယ်တကူမလဲပြိုအောင်ကြိုတင်စီစဉ်ထားကြဖို့လိုပါတယ်၊..............သတင်းမှာ Covid ကြောင့်ကမ္ဘာ့ခရီးသွားလုပ်ငန်းဟာ(၁) ထရီ… Read More
  • ဖင်ကျယ် & ဖယ်ကြဥ်           ကျနော့် ပို့စ် ရဲ့ မန့်ထဲမှာ မိတ်ဆွေကြီး U Zaw Lunn က လာမန့်သွားတာလေးပါ ။ ဖင်ကျယ်ရင် ဖယ်ကြဥ် ကြမှာပါ ဆိုတဲ့ စကားလေးကို သဘောကျလို့ပါ ။           ဟုတ်ပါရဲ့ မိတ်ဆွေကြီး မန့် ထားသလိုပါပဲ ကျနော်တို့ ဝန်းကျင်မှာ တွေ့ခဲ့ရ… Read More
  • ၅၉(စ) နဲ့ ဒေါ်စုကြည်....Oct 28 ရက်နေ့မှာ ဂျပန်တော်ဝင်မိသားစုရဲ့သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်... ဂျပန်ဘုရင် နာရူဟီတိုရဲ့ တူမတော်အကြီးဆုံးနန်းမွေစံမင်းသမီး မာကိုရဲ့ မဂ်လာပွဲသတင်းပါ...ဂျပန်တော်ဝင်မင်းသမီးမာကိုဟာ သူ့ချစ်သူ သာမာန်အရပ်သား ကိုင်ကိုမူရို နဲ့ … Read More