Tuesday, January 4, 2022

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ၇၄ နှစ်မြောက် င်္လတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာ


  ရက်စွဲ။ ၄-၁-၂၀၂၂
 ယနေ့သည်ကား ဗြိတိသျှကိုလိုနီလက်အောက်တွင် နှစ်ပေါင်းရာချီ၍ သူ့ကျွန်ဘဝအဖြစ်မှ လွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့သည့် (၇၄)နှစ်မြောက် နှစ်ပတ်လည်အခါသမယအချိန်အခါ ဖြစ် ပါသည်။ သူ့ကျွန်ဘဝမှလွတ်မြောက်ရေးအတွက် ခေတ်အဆက်ဆက်မှ ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင် များ၏ ကြိုးပမ်းအားထုတ်ခဲ့မှုများ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့နိုင်ငံရေးသမားများ ၏ ကြိုးပမ်းခဲ့မှုများ၊ တိုင်းရင်းသားများအားလုံး၏ ပူးပေါင်းပါဝင်မှု၊ သွေးစည်းညီညွတ်မှုတို့ဖြင့် ပြန် လည်ရရှိခဲ့သော မြန်မာ့လွတ်လပ်ရေးသမိုင်းသည် ထာဝရကမ္ဗည်းတင်နေမည်သာ ဖြစ်ပါသည်။
 ယနေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးအခါသမယနေ့မှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားအ ပေါင်းတို့သည် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံပြီး ဒီမိုကရေစီစနစ်ရှင်သန်ကာ သွေး စည်းညီညွတ်သော ဖက်ဒရယ်အမျိုးသားနိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါစေကြောင်း ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီက ဆုမွန်ကောင်း တောင်းအပ်ပါသည်။
 ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေး အကြပ်အတည်းများကြောင့် လူမှုစီးပွားရေးဘဝများ ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူများအနေဖြင့် ယခု ၂၀၂၂ နှစ်ဦးအခါ သမယမှစ၍ စိတ်နှလုံးရွှင်လန်းစွာဖြင့် လူမှုစီးပွားရေးဘဝများကို အောင်မြင်တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်ပါစေကြောင်း ထပ်လောင်းဆုတောင်းအပ်ပါသည်။
 လွတ်လပ်ရေးနှင့်အတူ နိုင်ငံရေးသဘောထားကွဲလွဲမှုများ၊ ကိုလိုနီအမွေဆိုးများ၊ ပထဝီနိုင်ငံ ရေးအခြေအနေနှင့် ပြည်ပ ပယောဂများကြောင့် မြန်မာတိုင်းရင်းသားအချင်းချင်းကြား သွေးကွဲ သွေးခွဲခံခဲ့ရပြီး ယနေ့တိုင် မငြိမ်းသတ်နိုင်သေးသော ပြည်တွင်းစစ်မီးကား ဆက်လက် တောက် လောင်နေဆဲပင် ဖြစ်နေသည်။ ဤစစ်မီး ငြိမ်းသတ်နိုင်ရေးအတွက် မြန်မာတိုင်းရင်းသားအားလုံးနှင့် အတူ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး တို့ ညီညီညွတ်ညွတ်ပူးပေါင်း၍ ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်မှသာလျှင် မြန်မာ့နိုင်ငံရေး အနာဂတ် ကောင်းကို ရှာတွေ့နိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထိုနိုင်ငံရေးရလဒ်ကောင်းတစ်ခု ထွက် ပေါ်လာရေးအတွက် အချင်းချင်းကြား သဟဇာတရှိရှိ ဆောင်ရွက်နိုင်ပါစေကြောင်း ကျွန်ုပ်တို့ အမျိုး သားဒီမိုကရေစီအင်အားစုNDFပါတီမှ ရိုးဖြောင့်သောစိတ်ထား၊ မှန်ကန်သောနိုင်ငံရေးသစ္စာတရား ဖြင့် ဆုမွန်ကောင်း တောင်းအပ်ပါသည်။
 မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း စိတ်နှလုံးချမ်းမြေ့သာယာကြပါစေ။

     ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီ