Tuesday, January 4, 2022

နောက်ထပ်တစ်ကြိမ် တိုင်းတပါးသားကိုသခင်မခေါ်ရစေဖို့ လွတ်လပ်ရေးနေ့သမိုင်းကပေးတဲ့သင်ခန်းစာ🌷


(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက်စာတစ်ပုဒ်။🌷

မြန်မာ့လွတ်လပ်ရေးကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲစေဖို့ခေတ်သစ်ကိုလိုနီစနစ်သစ်neo-colonialismကို တိုင်းရင်းသားနိုင်ငံသားမိဘပြည်သူတစ်ရပ်လုံးက တပ်မတော်နှင့်အတူတူ လက်တွဲပူးပေါင်းတိုက်ဖျက်ကြပါစို့လို့ ချစ်ခင်စွာ မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါရစေရှင်။

နောက်ထပ်တခါ ကျွန်မဖြစ်ချင်ပါနှင့်။
စိတ်ဓာတ်တွေကျွန်မဖြစ်ဖို့အရေးကြီးတယ်။

ဒီနေ့ ဇန်နဝါရီ( ၄ )ရက် လွတ်လပ်ရေးနေ့မှာ
ဒီနေရာကနေ မေးချင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀ကျော်က ကိုလိုနီကျွန်ပြုခဲ့တာ ၁၉ရာစု ဒီမိုကရေစီလား။
ကိုင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဘယ်တိုင်းပြည်ကအာမခံပါသလဲ။
ဒီမိုကရေစီအတွက် အတွက် ရိုးသားစွာ ဝင်ရောက်ကူညီနေတာပါဆိုရင် အီရတ် ဆီးရီးယား အာဖကန် ကိစ္စကို ထွက်ရှင်းပြပါ ။သမိုင်းက သက်သေဘဲ။
ယနေ့သူတပါးတိုင်းပြည်နိုင်ငံကို ပြည်တွင်းစစ်မီးမွှေးပေးနေတာ လောင်စာအမျိုးမျိုးထည့်ပေးနေတာ ရှို့နေတာ ၂၁ ရာစုရဲ့ ကိုလိုနီလား ။
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်က ဇန္နဝါရီလ ၁ ရက်နေ့မှာ သူတို့နိုင်ငံရဲ့ဧကရီ မအတွက် ကျွန်မတို့လူမျိုး ဘိုးဘွာ့းတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို နှစ်သစ်ကူးလက်ဆောင် ပေးခဲ့တဲ့စိတ်ရင်းနှင့် သမိုင်းကြောင်းရှိတဲ့
သူတွေကို ဒီမိုကရေစီအတွက် ယုံကြည်ထောက်ခံနေတာ အသိဥာဏ်ပိုင်း အတွေးအခေါ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေရှိနေပြီ။အင်မတန် စိုးရိမ်ဝမ်းနည်းစရာပါ။

ဒီမိုကရေစီလူ့အခွင့်အရေးအော်ပြီး ခေတ်သစ်ကိုလိုနီစနစ်သစ်ကို ပြဌာန်းနေပြီ။
ဒါ အမျိုးသားရေးအန္တရာယ်ဘဲ။
မြန်မာနိုင်ငံသမိုင်းမှာ တစ်ခုတည်းသော အောင်မြင်တဲ့ လက်နက်ကိုင်တော်လှန်ရေးက တစ်ခုတည်းဘဲရှိပါတယ်။ အဲဒီတော်လှန်ရေးကတော့ ကိုလိုနီနယ်ချဲ့ကို
တိုက်ထုတ်ခဲ့တဲ့ လွတ်လပ်ရေးနေ့ပေါ်ပေါက်လာတဲ့ဒီနေ့ ဒီအဖြစ်ဘဲ ရှိပါတယ်။ဒီတော်လှန်ရေးအောင်မြင်တဲ့အကြောင်းက တပ်မတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး တစ်သားတည်း တစ်သွေးတည်း ရှိနေလို့ပါဘဲ။
တော်လှန်ရေးတစ်ရပ်ဆင်နွှဲဖို့ 
နှစ်ပေါင်း ၁၀၀ ကျော် သူတပါးတိုင်းပြည်က
ကိုလိုနီကျွန်ပြုတာကို လွတ်မြောက်လိုစိတ် 
လူထုလိုလား ချက် နိုင်ငံရေးရေချိန်နှင့် သမိုင်းကတောင်းဆိုနေချိန် မှာ ပေါ်ပေါက်လာလို့ဖြစ်ပါတယ်။

ယနေ့
လူထုအသက်ကို ထိုးကျွေးအသုံးချ လူထု
အနစ်နာခံမှုတွေကို အာဏာအတွက် မရိုးမဖြောင့်အသုံးချခဲ့တဲ့တော်လှန်ရေးကတော့ လုံးဝ လုံးဝ အောင်မြင်လိမ့်မည်မဟုတ်ပါ။
နောက်ထပ်တခါ ကျွန်မဖြစ်ချင်ပါနှင့်။
စိတ်ဓာတ်တွေကျွန်မဖြစ်ဖို့အရေးကြီးတယ်။

သမိုင်းကို အပေါ်ယံသိရုံတင်မကဘဲ ဒိထက်အမြင်ကျယ်ကျယ်နှင့် ဖြန့်ကျက်တွေးခေါ်စဉ်းစားဆင်ခြင်သုံးသပ်နိုင်
ဖို့သင်ခန်းစာထုတ်နှုတ် ယူတတ်ဖို့ရာ အရေးကြီးပါ တယ်။
သမိုင်းသိရင် မအဘူး။
သမိုင်းမသိရင်'အ'မှာဘဲ။
ခေတ်စကားနှင့်ပြောရင် ဂျင်းထည့်ခံရမှာပါဘဲ။

ဒီနေ့ဟာ ဇန်နဝါရီ( ၄ )ရက် 
လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာတာကိုက တိုင်းတပါးကိုလိုနီက ကျွန်ပြုခဲ့လို့ ဒို့ ဘိုးဘွားတွေရဲ့အသက်သွေးချွေးတွေ ရင်းနှီးစိုက်ထုတ်ပြီး သူ့ကျွန်ဘဝက ရုန်းကန်ခဲ့ကြရလို့ပါဘဲ။
ဒါကို ယနေ့မျိုးဆက်တွေ သိမြင်လက်ခံကြဖို့အရေးကြီးပါတယ်။
လွတ်လပ်ရေးကို 
တန်ဖိုးထားသိမြင်ပြီး
ကမ္ဘာတည်သရွေ့ရှိနေဖို့ဆက်လက်ကာကွယ်ထိန်းသိမ်းဖို့ မြန်မာမှန်သမျှ မှာ မျိုးဆက်တာဝန်ရှိနေပါတယ်။

ဘယ်သူ ဘယ်တိုင်းပြည်က ဒို့လူမျိုး ဒို့နိုင်ငံကို ကျူးကျော်ကျွန်ပြုခဲ့တယ်ဆိုတာ သမိုင်းမှာ အထင်အရှား မှတ်တမ်းတင်ထားပါတယ်။

အတိတ်သမိုင်းကို မှန်မှန်ကန်ကန် သိမြင် တွေးခေါ်သုံးသပ်တာတွေ မလုပ်နိုင်သေးသ၍ ယနေ့
စစ်မရှုံးဘဲ ကျွန်ဖြစ်နိုင်တယ်။ယနေ့မျိုးဆက်တွေက ဒါကို အမြစ်ကဖြုတ် သုတ်သင်ရှင်းလင်းပစ်ဖို့ရာ ယနေ့နိုင်ငံရေးသမိုင်းက ပေးလာတဲ့ အမျိုးသားရေးတာဝန်တစ်ရပ်ဘဲ။ဒီတာဝန်ကို နောင်မျိုးဆက်တွေအတွက် အရိုးကြေ အရည်ခမ်းခမ်း မျိုးဆက်တာဝန်အဖြစ်ထမ်းဆောင်ကြရမှာပါ။

ယနေ့ ဖြစ်နေတာက တစ်ကြိမ်တခါတုန်းက သခင်လို
ဝပ်ထွားခစားခဲ့ရတော့ သခင်လို့ဘဲ
အသိအမှတ်ပြု ကျိုးနွံ နေတာပါဘဲ။
ဒီလို စိတ်ဓာတ်နှင့်လူတွေ တိုင်းပြည်ကို ခေါင်းဆောင်မှတော့ တိုင်းပြည်ပျက်မတတ်ဖြစ်တာ ဘာထူးဆန်းပါသလဲ။
ဒီအတွက် ခေတ်သစ်အနော်ရထာပေါ်ထွက်လာတာလည်းဘာထူးဆန်းပါသလဲ။
နိုင်ငံရေးမှာ တိုက်ဆိုင်တာမရှိပါဘူးရှင်။

နန်းမြမြမီမီဇော်🌷
၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၄ ရက်။