Saturday, January 15, 2022

မငြိမ်အောင်လုပ်တာကျွန်တော်တို့မဟုတ်ဘူးဆိုတာသိပါတယ်၊ငြိမ်အောင်တော့ကျွန်တော်တို့လုပ်ရပါလိမ့်မယ်။


၅၀၅နဲ့ တရားစွဲခံထိတဲ့
သူတွေရဲ့ ပိုင်ဆိုင်မှုကိုချိတ်ပိတ်ပြီး
အဲ့ဒါတွေကို ရောင်းမှာလား နိုင်ငံပိုင်
သိမ်းမှာလား ဆိုတော့ ခင်ဗျားဝယ်မလို့လား။

ဖိအားတွေပေးတိုင်းသာ မြန်မာနိုင်ငံက ပိပြားရမယ်ဆိုရင် မြန်မာနိုင်ငံက လွတ်လပ်ရေးတောင်ရခဲ့မှာမဟုတ်သလို မြန်မာနိုင်ငံရဲ့မြေပုံကလည်း ဒီနေ့အခြေအနေတိုင်း ရှိနေမှာမဟုတ်ဘူး။

ကာလုံ ကို အခြေအနေတင်ပြပြီး သက်တမ်းတိုးနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အလှည့်ကျသက်တမ်းအတွင်း မျှမျှတတလုပ်ဆောင်မယ်လို့ ယုံကြည်တဲ့အကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံကိုလာခဲ့တဲ့ ခရီးစဉ်ကနေ ရလာဒ်ကောင်းတွေ ထွက်ခဲ့ တယ်။မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားပေးတာ လျော့ကျ မသွားသေးပေမယ့် အဲဒီဖိအားတွေကို အလျှော့ပေးသွားမှာ မဟုတ်ဘူး။

NLD ပါတီမှ ပေါက်ဖွားလာပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတဲ့ PDF, NUG တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ အစီအစဥ်မရှိပါကြောင်းနှင့် လက်နက်များကူညီတပ်ပေးနေသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA လမ်းကြောင်းပျက်ပျယ်မည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘာဖြစ်ဖြစ် ကြေညာချက်တစ်စောင်လောက်ထုတ်လိုက်ရမှ ကျေနပ်တဲ့ အဲ့ အမေရိကန်သံရုံးကြီးက covid ကိစ္စမှာ ဘာမှမထုတ်ပြန်ပဲ ငြိမ်နေတဲ့အတွက် ကျေးဇူးတင်ပါကြောင်း။

ဘာသာရေးမှာ ကပြားမရှိဘူး ။
ဘယ်နိုင်ငံ မှာ မရှိတဲ့ အတိုင်ပင်ခံရာထူး အကြောင်း ။အားစိုက်ဖျတ်စရာမလိုဘူး။သူအလိုလိုပျက်သွားမှာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း
ပြည်တွင်းမှာ နိုင်ငံတဝန်း အစိုးရတပ်တွေကို ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၄,၀၀၀ ကျော်ရှိခဲ့ပြီး 
 PDF ၁,၄၀၀ ကျော်ကိုဖမ်းမိခဲ့တယ်။
ဖောက်ခွဲတိုက်ခိုက်မှုတွေကြောင့် နိုင်ငံဝန်ထမ်း ၁၉၂ ဦးနဲ့ပြည်သူ ၁၅၃၈ ဦး စုစုပေါင်း ၁၈၃၀ ယောက်သေဆုံးခဲ့တယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ
ဖမ်းဆီးရမိခဲ့တဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ရဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီးဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၁၇၈ ကြိမ်လုပ်ခဲ့တယ်လို့ ထွက်ဆိုချက်တွေပါဝင်တဲ့ ရုပ်သံကိုထုတ်လွှင့်ပြသခဲ့ပါတယ်။    

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၆ရက်နေ့ကစပြီး နိုင်ငံအတွင်း ပြန်လည်ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များသို့ ကျောင်းလာအပ်သူအရေအတွက် ၄၄၀၉ ဦးရှိခဲ့သည်။လက်ရှိကျောင်းတက်နေသူမှာ ၂၂၈၁ဦးရှိသည်။.
PR စနစ်ကို သွားတော့မယ်လို့ အာမခံတယ်။
ကာလုံ ကို အခြေအနေတင်ပြပြီး သက်တမ်းတိုးနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၄ ရက် တွင်ပြုလုပ်ခဲ့သော 
နိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီ(၁၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ၌ နစကပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၏ထိထိမိမိ ပွင့်ပွင့်လင်းလင်း ရိုးရ်ုးရှင်းရှင်း ပြတ်ပြတ်သားသား ဖြေကြားချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

နန်းမြမြမီမီဇော်
၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၄ ရက်။

edit::ဒီနေ့ နစက သတင်းစာရှင်းလင်းပွဲနှင့် ပါတ်သက်၍ လူမှုမီဒီယာပေါ်က တွေ့ရှိသမှ ကို တင်ပေးထားခြင်းဖြစ်ပါတယ်။ မူရင်းများအားလုံးကို crd ပေးပါတယ်။