Saturday, January 15, 2022

မင်္ဂလာနံနက်ခင်းပါရှင်🙏စကားနည်းနည်းပြောပါမယ် 🙏 ယနေ့လိုမျိုး ဖြစ်နေတာတွေ တရားဥပဒေစိုးမိုးမှု ကျဆင်းနေတာတွေ လူအသက်တွေသေကြေပျက်စီးနေတာတွေ ဒီလိုအခြေအနေတွေအတွက် အစိုးရကိုဘဲ လက်ညှိုးထိုးနေမယ့်အစား

ဒီအခြေအနေတွေက လွန်မြောက်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ကိုယ်စီရှိနေပါတယ်။🙏အမျိုးသားရေးတာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့တပ်မတော်ကို နိုင်ငံသားတိုင်းက အမျိုးသားရေးတာဝန်ရှိတယ်လို့ ခံယူပြီး ပူးပေါင်းကူ
ညီလုပ်ဆောင်ကြပါလို့ ချစ်ခင်စွာ အကြံပြုတိုက်တွန်းချင်ပါတယ်ရှင်။🙏ဒါမှ တရားဥပဒေတွေစိုးမိုးရေး
အားကောင်းပြီး အများပြည်သူတွေ မိမိသဘောဆန္ဒအလျောက် လွတ်လပ်စွာရပ်တည်သွားလာ ရှာဖွေစားသောက်နိုင်မှာပါ။
အခုက ရပ်တိုင်းရွာတိုင်းမှာသူဌေးကစ ဆင်းရဲသားအထိ တော်လှန်ရေးခေါင်းစဉ်အောက်က ဆတ်ကြေးကောက်တာကို အသက်ဘေး အကြောက်တရားကြောင့် အငတ်ခံ ထည့်ဝင်နေရပါတယ်။
အစိုးရက သူ့ကိုမထောက်ခံလို့ မဖမ်းဘူး။မနှိပ်စက်ဘူး။
တစ်ဖက်က သူတို့ကိုမထောက်ခံရင် လူ့အသက်ကို သေဆုံးသည်အထိ လုပ်ဆောင်တယ်။ခြိမ်းခြောက်နှိပ်စက်တယ်။

ကောင်းပြီ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ တပ်မတော်က အခြေခံဥပဒေကပေးအပ်ထားတဲ့ တာဝန်ကို မထမ်းဆောင်ခဲ့ရင် မြန်မာ့သမိုင်းမှာ တပ်မတော်က အမျိုးသားရေး တာဝန်ပျက်ကွက်သူ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရန် အဓိက တာဝန်ပျက်ကွက်သူ အဖြစ် မှတ်တမ်းဝင်သွားပါမယ်။
ဒါက အခြေခံဥပဒေအပိုင်းပါ။ ဒီstatus မှာ ကျွန်မအဓိက ပြောချင်တာက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်အရေးပေါ်အခြေအနေ မကြေညာခဲ့ရင်ကော ယနေ့ လိုအခြေအနေမျိုး 
ထက်ပိုဆိုးဝါးတဲ့အခြေအနေမျိုး ကြုံနေရနိုင်တယ်
ဆိုတာ ပြောပြချင်ပါတယ်။
ဒီနေ့တပ်မတော်သည် သူ့ရဲ့အဓိကတာဝန်ဖြစ်တဲ့ line of defense ကို step by step လုပ်ဆောင်နေတာလို့ မြင်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနီးတော့nld က ပွဲသိမ်းတိုက်ပွဲ ဆိုပြီးရန်ကုန်မြို့ နေရာအနှံ့မှာ စတင်ချိတ်ဆွဲ ရန်စခဲ့ပါတယ်။ဇာတ်လမ်းကအဲဒီကစပါတယ်။
ပွဲသိမ်းဆိုတဲ့ အဓိပ္ပါယ်ကိုက အင်မတန်ရှင်းလင်းပါတယ်။ငါနှင့်မတူ ငါ့ရန်သူ ။အပြုတ်တိုက်လမ်းစဉ်ကို ရွေးကောက်ပွဲနှင့်အတူ ချိန်ကိုက် စတင်လုပ်ဆောင်ခဲ့ပါတယ် လို့ ရိုးသားစွာ ထင်မြင်ယူဆပါတယ်။

တပ်မတော်ကသာ အခြေခံဥပဒေကပေးအပ်ထားတဲ့တာဝန်ကို ရှောင်လွှဲခဲ့မယ်ဆိုရင် သူတို့ကို မထောက်ခံတဲ့ မိတ်ဆွေတို့ရဲ့ စီးပွားရေး လူမှုရေး တွေကို ချမ်းသာပေးမယ်ထင်ပါသလား။
ဒီနေ့ ဖြစ်စဉ်တွေကိုကြည့်ပါ။
မိတ်ဆွေတို့ခေါင်းဆောင်တွေကို ပြင်းထန်တဲ့ရာဇဝတ်ကြောင်း ဥပဒေပုဒ်မတွေနှင့် စွဲဆိုခံရပြီး အခုလောက်ဆို သူတို့က ရာသက်ပန်အာဏာရပါတီဖြစ်ဖို့
သူတို့ခေါင်းဆောင်ကို ရာသက်ပန် အဓိပတိကြီး ဆိုပြီး တင်မြှောက်ပြီးလောက်ပြီ။
ယခင်သက်တမ်း အတပခဥပဒေကို ဖြည့်စွက်ပြဌာန်းပြီး ပါတီစုံရွေးကောက်ပွဲအောက်က ရာသက်ပန် အာဏာရှင်ကို ဖန်တီးပြီး ဒီမိုကရေစီယန္တယားရဲ့မောင်းနှင်အားတွေဖြစ်တဲ့ ပြိုင်ဖက် နိုင်ငံရေးပါတီတွေကိုရေနွေးဖြောပြီးလောက်ပြီ။
သူတို့က လေနဲ့သဘောထားပေးထားတဲ့ဖက်ဒရယ်အတွက်ဆို ပုဒ်မ ၂၆၁ ကို ပယ်ချခဲ့တာမမေ့ပါနှင့်။
ချောင်းဆုံတံတားကိစ္စပြန်သတိရပါ။
ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကို မှတ်သားထားပါ။
တိုင်းရင်းသားတွေရဲ့ တန်းတူရေး လွှတ်တော်အတွင်းကိုယ်စားပြုမှုအတွက်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ မှာ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ် မဲဆန္ဒနယ် ၄၀ ကျော် မှာ ရွေးကောက်ပွဲမကျင်းပပေးတာ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားတွေရဲ့ကိုယ်စားပြုမှုကို ဖိနှိပ်ဖယ်ချခဲ့တာ မမေ့ပါနှင့်။
၂၀၂၀ရွေးကောက်ပွဲမှာ
တိုင်းရင်းသားပြည်သူ တစ်သန်းကျော်မဲပေးခွင့်ကို လျစ်လျူရှုခဲ့တာမမေ့ပါနှင့်။
ယခင် သက်တမ်းတုန်းက ရခိုင်ပြည်သူတွေရဲ့ ကိုယ်စားပြုရွေးကောက်ခံအမတ်ဒေါက်တာအေးမောင် ကိုတရားစွဲဆို နှစ်ရှည် ထောင်ဒဏ်တွေနှင့်ထောင်ထဲ ထည့်ခဲ့တာသမိုင်းသက်သေဆိုတာ သိထားပါ။
၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတတဲ့ရွေးကောက်ပွဲလား ဆိုတာ ကြိုတင်မဲ ကိစ္စကြောင့် ကျောက်မဲမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကိစ္စရှောသွားတာကို ပြန်သတိရကြပါ။
တပ်မတော်ကသာ အခြေခံဥပဒေအညီတာဝန်မထမ်းဆောင်ခဲ့ရင်၁၃၆ မျိုးဖြစ်အောင် လွှတ်တော်ထဲကနေ ဥပဒေတွေ ပြဌာန်းပြီးနေလောက်ပြီ။
နိုင်ငံတော်အဆင့် လဝတွေကို စိတ်ကြိုက် သူလျို လုပ်နိုင်တဲ့နိုင်ငံခြားသားအကြံပေး ၉၀ကျော်ကနေ ၂ ဆ ၃ ဆ ခန့်ထားပြီးလောက်ပြီ။
လူများစု ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာရေးဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်တွေကိုကျော်လွန်လုပ်ဆောင်ပြီးလောက်ပြီ။
သူတို့တက်လာတာနှင့်နိုင်ငံပိုင်သတင်းစာမျက်နှာဖုံးကိုဘာတွေ လုပ်ခဲ့တယ်ဆိုတာ ပြန်သတိရပါ။
ဒီနေရာကနေ မေးချင်တာက ဒါတွေကို နိုင်ငံလူဦးရေ ၈၉ ရာခိုင်နှုန်း(ခန့်မှန်းချက်)လက်ခံနိုင်ပါသလား။

သက်တမ်း ၅ နှစ်မှာ အဖျက်လက်နက်တွေဒီလောက်
စုဆောင်းထားရင် ရှိနေရင် သက်တမ်း၂ ခု
သာဆိုရင် ဒီနေ့ ဖြစ်နေတာတွေထက် အဆပေါင်းများစွာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကိုကျူးလွန်မှာ မြေကြီးလက်ခတ်မလွဲပါ။
အိုင်စီဂျေ ကိစ္စကို အကြောင်းပြု၍ war crime လို့ဝန်ခံထွကိဆိုထားတာတွေ အတွက် ဘာတွေရည်ရွယ်နေတယ်ဆိုတာ မိတ်ဆွေတို့စဉ်းစား ဖို့ လိုအပ်ပါတယ်။

သူတို့ဆက်လက်အာဏာရသွားပြီး သူတို့ရဲ့ ချမှတ်ထားတဲ့ ပွဲသိမ်းတိုက်ပွဲကို လုပ်ဆောင်မယ်ဆိုရင် ဒီနေ့ ကျွန်မတို့နိုင်ငံမြေပုံ ပြောင်းလဲနေလောက်ပါပြီ။
သူတို့ကိုမထောက်ခံသူပြည်သူရဟန်းရှင်လူတွေအားလုံး ကို ဒိထက်ပိုမိုဆိုးဝါးစွာ နှိပ်ကွပ် သုတ်သင်ရှင်းလင်းခံနေရလောက်ပါပြီ။
သူတို့နှင့် ခေတ်ပြိုင် နိုင်ငံရေးပြိုင်ဖက်တွေအားလုံး နရသိန်မှာ ပြင်းထန်တဲ့ရာဇဝတ်ကြောင်းဥပဒေတွေနှင့် စံနေရလောက်ပါပြီ။
ဒီအချက်တွေအရ နိုင်ငံက ဒီနေ့ထက်ပိုဆိုးတဲ့အခြေအနေကိုတွေ့ကြုံရမှာပါဘဲ။

အဓိကကတော့ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသောတပ်မတော်သည် ဒါတွေကို လက်ပိုက်ကြည့် ငုံ့ခံနေမှာတော့မဟုတ်ပါဘူး ။
သေချာတာက တပ်မတော်ကတော့ ဒီလိုအခြေအနေကို ရှောင်လွဲမျက်ကွယ်ပြုနေဖို့ မြန်မာ့သမိုင်းက ခွင့်မပြုခဲ့ပါဘူးရှင်။
ဒါကြောင့် မိတ်ဆွေတို့အနေဖြင့် ယနေ့ဖြစ်နေတာတွေက အင်မတန်ခက်ခဲကြမ်းတမ်းတယ် တပ်က ဒါတွေလုပ်လို့ ဖြစ်နေတာလို့ ယူဆနေတယ်ဆိုရင်တော့ တပ်က ဒါတွေသာမလုပ်ခဲ့ရင် နိုင်ငံရော မိတ်ဆွေတို့ ကျွန်မတို့တွေ ပြည်သူတွေဘဝ ဒိထက်အဆပေါင်းများစွာ ခက်ခဲကြမ်းတမ်းတာတွေ ခံစားရမှာ ပေးဆပ်မှုတွေ ထိခိုက်နစ်နာမှုတွေ ဒိထက်များပြားမှာ ဆိုတာကို ရိုးသားစွာ သုံးသပ်ပေးလိုက်ပါတယ်ရှင်။

တပ်မတော်က အချိန်မှီချုပ်လို့ တိုင်းပြည်အစုတ်သက်သာတယ်လို့ ရေးသားရင်း ဒီစာကို အဆုံးသတ်ပါတယ်ရှင်။🙏မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအောင်မြင်ပါစေ။🙏
ပြည်သူများအားလုံးရေလိုအေး ပန်းလိုမွှေးပါစေရှင်။🙏

လေးစားလျက်🙏
နန်းမြမြမီမီဇော်🙏
နိုင်ငံတကာဆက်ဆံရေးပညာ
ဂုဏ်ထူးတန်းဘွဲ့
၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၄ ရက်။