Tuesday, January 4, 2022

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားသမ္မတ ဗလာဒီမာပူတင်က လွတ်လပ်ရေးနေ့သဝဏ်လွှာပေးပို့...


ရုရှားသမ္မတ ဗလာဒီမာပူတင်၏ သဝဏ်လွှာတွင် 
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ 
လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် 
အဆွေတော်ထံသို့ နှုတ်ခွန်းဆက်သ အပ်ပါသည်။ 

မြန်မာ - ရုရှား ဆက်ဆံရေးသည် 
အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုတိုဖြင့် 
ဖော်ကြူးထားပါကြောင်း၊ ဒေသတွင်း
တည်ငြိမ်ရေးနှင့် လုံခြုံရေး ခိုင်မာစေရေးကို 
ရှေးရှု၍ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်း
အားထုတ်မှုများမှတစ်ဆင့် မိမိတို့ပြည်သူများ၏ 
အကျိုးစီးပွားအတွက် နိုင်ငံရေး၊ ကုန်သွယ်ရေး၊ 
စီးပွားရေး၊ သိပ္ပံနည်းပညာနှင့် နှစ်နိုင်ငံကြား 
အခြားသော ပူးပေါင်းဆောင်ရွက်မှုများကို 
ယခုထက် ပိုမို တိုးမြှင့် ဖော်ဆောင်သွားနိုင်
လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ 

အဆွေတော်ကျန်းမာ၍ အောင်မြင်မှုများ 
ရရှိပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားအပေါင်း 
ငြိမ်းချမ်းသာယာ ဝပြောပါစေကြောင်း 
ဆုမွန်ကောင်း တောင်းအပ်ပါသည်။" ဟု 
သဝဏ်လွှာ ပေးပို့ထားသည်။
Credit