Wednesday, August 18, 2021

Afghanistan အရှုပ်တော်ပုံ 🍁


မြန်မာနိုင်ငံလိုပါပဲ။ ငါးနှစ်စာ အုပ်ချုပ်ဖူးတဲ့ တာလီဘန်တွေ အာဏာပြန်ရရေး ကြိုးပမ်းနေတဲ့ အာဖဂန်ကတော့ ပွဲကြီးပွဲကောင်းပါပဲ။ တာလီဘန်တပ်တွေ မြို့တော်ကိုကပ်လာတဲ့အချိန်မှာ ထောင်နဲ့ချီတဲ့ အစိုးရတပ်တွေက လက်နက်တွေစွန့်ပြီး ထွက်ပြေးကြသတဲ့။ ပြဇာတ်မဆန်ဘူးလား။ 

တကယ်တော့ တာလီဘန်ဆိုတာ သာမန် အကြမ်းဖက်အဖွဲ့မဟုတ်ပါဘူး။ ထောက်လှမ်းရေး အဖွဲ့အစည်းတွေက စနစ်တကျ လေ့ကျင့်ပေးခဲ့ပြီး အခုထိလည်း ထောက်လှမ်းရေးတွေ ကျောထောက်နောက်ခံကိုရနေတဲ့ တိုက်ခိုက်ရေးသမားအုပ်စုပါ။ CIA က အခါပေးပါတယ်။ ထို့အတူ တာလီဘန်တွေကို ပါကစ္စတန်ထောက်လှမ်းရေး (Inter Service Intelligence - ISI) က ထောက်ပံ့ပေးနေပါတယ်။ 

India Today မှာ ဖော်ပြထားတဲ့ "Pakistan's ISI supports Taliban offensive : former Pak- Senator Afrasiab Khattak" ဆိုတဲ့ ဆောင်းပါးမှာ ပါကစ္စတန် ဗိုလ်ချုပ်ကြီးတွေဟာ အကြမ်းဖက်ဆဲလ်တွေကို အပြည့်အဝ ထောက်ပံ့ပေးထားတယ် လို့ ပါကစ္စတန် အမတ်ဟောင်းက စွပ်စွဲထားပါတယ်။ 
အာဖဂန်ကနေ ရုရှားတပ်တွေကို တိုက်ထုတ်ဖို့ တာလီဘန်ကို ISI က လက်နက်တပ်ဆင်ပေး၊ အမေရိကန်က ငွေကြေးထောက်ပံ့ပေး နဲ့ မွေးခဲ့ကြတာပါ။ အာဖဂန်ကနေ အမေရိကန်တပ်တွေလည်း ဆုတ်သွားရော၊ ISI က အဲဒါကို အခွင့်အရေးတစ်ခုလို မြင်လာတယ်။ 

အစကတည်းက အာဖဂန်နစ္စတန်မှာ သူတို့ရဲ့ ဩဇာခံ အစိုးရကိုတင်ချင်တဲ့ ပါကစ္စတန်ဟာ  အမေရိကန် ကျောထောက်နောက်ခံနဲ့ အစိုးရကို တရားမဝင်ဘူးလို့ကို ယူဆခဲ့ကြတာ။ အခုလို တာလီဘန်တပ်တွေ ထိုးစစ်အားကောင်းလာတာကို ပါကစ္စတန်က အကျေနပ်ဆုံးဖြစ်ပါသတဲ့။ 

ထပ်ပြောရရင် တာလီဘန်တွေက တရုတ်နဲ့ ရုရှားနဲ့လည်း အကြောင်းအပေါင်းသင့်ပါတယ်။ တရုတ်ကလည်း အာဖဂန်ရဲ့ မတူးဖော်ရသေးတဲ့ မြေရှားသတ္တုသိုက်ကြီးတွေကို မျက်စိကျနေတယ်။ The Wall Street Journal ရဲ့ အဆိုအရ တာလီဘန်တွေကလည်း သူတို့ကို တရားဝင်အသိအမှတ်ပြု ခံရဖို့ တရုတ်က အကြီးမားဆုံး ကျောထောက်နောက်ခံဖြစ်လိမ့်မယ် လို့ မျှော်လင့်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ အာဖဂန်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ဘာသာရေး အစွန်းရောက်ပြဿနာကို အဖြေရှာဖို့ တရုတ်နဲ့ ရုရှားတို့ ပိုပြီး နီးကပ်သွားကြလိမ့်မယ် လို့လည်း သုံးသပ်ထားတယ်။

ဒီနေရာမှာ ကျွန်တော် သတိထားမိသလောက် ကမ္ဘာတစ်လွှားက အကြမ်းဖက် အုပ်စုတွေနဲ့ ပတ်သက်ရင် ထောက်လှမ်းရေးတွေနဲ့ ကင်းတာမရှိဘူး။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အိုင်အက်စ်ကိုတောင် မော့ဆက်အေးဂျင့်က ဦးဆောင်တာ ဆိုတဲ့ သတင်းတွေထွက်ခဲ့ဖူးတယ်။ Proxy ကစားဖို့ အုပ်စုတွေကို ထောက်လှမ်းရေးတွေက မွေးမြူပေးကြတာချည်းပဲ။ ပါကစ္စတန်ထောက်လှမ်းရေးက ကျွန်တော်တို့ အနောက်တံခါးက အုပ်စုတွေနဲ့တောင် မကင်းဘူး။ 

သို့သော်လည်း ဒီ အာဖဂန်ကိစ္စမှာကျတော့ ပါကစ္စတန် ထောက်လှမ်းရေးကိုယ်တိုင်က တာလီဘန်တွေကို ပြန်ထိန်းနိုင်ဖို့ မသေချာပါဘူး။ စွန့်စားမှု တအားကြီးတယ်။ အဲဒီလို စွန့်စားမှုကြီးလို့လည်း စီအိုင်အေက အာဖဂန် အစိုးရတပ်တွေကို တမင် ဟ ပေး ခိုင်းတာလား လို့ တွေးစရာရှိပါတယ်။ လိုချင်တာက တရုတ်ရဲ့ စီးပွားရေး အခြေစိုက်ဒေသမှာ စစ်ပွဲဇုံကြီးတစ်ခု ဖန်တီးဖို့ပဲလေ။ 

မြန်မာနိုင်ငံနဲ့ တူတဲ့အချက်က တာလီဘန်ဟာ အာဖဂန်မှာ အစိုးရဖြစ်ဖူးတဲ့ အကြမ်းဖက်အဖွဲ့ကြီး ဖြစ်နေတာပါပဲ။ အစိုးရဖြစ်ဖူးတဲ့အတွက် သူတို့ဟာ နိုင်ငံရေးအရ ဩဇာတစုံတရာ ကြီးပါလိမ့်မယ်။ နိုင်ငံရေး နည်းလမ်းအရ ထောက်ခံမှု ဘယ်လိုယူရမလဲဆိုတာကိုလည်း နားလည်တယ်။ အိုင်အက်စ်နဲ့ ဆင်တယ်။ အီရတ်ကို အမေရိကန်ဝင်တိုက်တော့ တပ်ပျက်သွားတဲ့ ဆက်ဒမ်ရဲ့ ဗိုလ်ချုပ်တွေ အိုင်အက်စ်ထဲ ရောက်သွားတဲ့အခါ သာမန်ထက်ပို ဗျူဟာမြောက်တဲ့ တိုက်ပွဲတွေ ဆင်နိုင်သလိုပေါ့။ ထိန်းချုပ်ရ ပိုခက်တယ်။ မြန်မာမှာလည်း အစိုးရဖြစ်ဖူးတဲ့ နီပိန်းဆဲလ်တွေဟာ အစိုးရယန္တရားထဲမှာ စိမ့်ဝင်နေပြီး ထိန်းချုပ်ရ ပိုခက်နေတာမျိုးပါ။ မြင်တတ်ရင် နားလည်ပါတယ်။

လက်နက်နဲ့ ငွေကြေးထောက်ပံ့မှုတွေ၊ ခြေထိုးမှုတွေဟာ အမြင်ထက်ပိုနက်တယ်။ ပမာဏလည်း ပိုကြီးမားတတ်ကြပါတယ်။ ထောက်ခံသူ အင်အားစုကပါ အဆင်သင့်ရှိနေတတ်တယ်။

ဒီတော့ ကျွန်တော် ပြောချင်တာက - 

- စီအိုင်အေကတော့ အာဖဂန်မှာ စစ်ပွဲနယ် အကြီးကြီးတစ်ခု ဖန်တီးဖို့အတွက် တမင် ဟ ပေးလိုက်ပါပြီ။ အကျိုးစီးပွားတွေနဲ့ တရုတ်က ရေရှည် ထိန်းနိုင်မှာလား။ 

- အာဖဂန်မှာ တာလီဘန်တွေ အင်အားကြီးလာတာကို ပါကစ္စတန် ထောက်လှမ်းရေးတွေက နောက်ကနေ ပံ့ပိုးပေးနေတယ်။ မြန်မာလည်း သူတို့ လက်ချက် မကင်းဘူး။ အာဖဂန်မှာ အခြေကျရင် မြန်မာထိ စိမ့်ဝင်ကူးစက်မလာဘူးလို့ မပြောနိုင်ပါဘူး။ 

- အစိုးရဖြစ်ခဲ့ဖူးသူတွေက အကြမ်းဖက်အဖြစ် အသွင်ပြောင်းသွားတဲ့အခါ ထိန်းချုပ်ရ ပိုခက်တတ်ပါတယ်။ 

- နိုင်ငံတိုင်းရဲ့ အကျိုးစီးပွားတွေကို လိုက် ဖော်ပေးတဲ့နေရာမှာ ထောက်လှမ်းရေးတွေက သိပ်ကို အရေးပါတယ်။ စစ်တပ်ကိုသာ စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူလို့ရတာပါ။ ထောက်လှမ်းရေး အဖွဲ့တွေကတော့ ဘယ် စွပ်စွဲမှုကိုမဆို ခပ်တည်တည်ပါပဲ။ ဝန်လည်းမခံပါဘူး။ အဖက်လည်း မလုပ်ပါဘူး။ ထို့အတူ မလုပ်ရဲတာလည်း မရှိပါဘူး။ 

ရေရှည် အကျိုးစီးပွားအတွက် ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံလည်း အရာရာမှာ စစ်တပ်ကိုချည်း အားကိုးနေလို့မဖြစ်ပါဘူး။ ထောက်လှမ်းရေးအေဂျင်စီ လိုအပ်ပါတယ်။ မဖြစ်မနေ လိုအပ်တာပါ။ Facebook ပေါ်က သတင်းလောက်ကို စိစစ်တင်ပြတာက ထောက်လှမ်းရေးမဟုတ်ပါဘူး။ ထောက်လှမ်းရေးဆိုတာ အဲဒီထက် အများကြီး ကြီးမားကျယ်ပြန့်တယ်။ စွမ်းဆောင်ရည်မြင့်တယ်။ နိုင်ငံချင်းယှဉ်တဲ့ မဟာဗျူဟာတွေကို လွတ်လွတ်လပ်လပ် ဖော်ဆောင်ကြရတဲ့လူတွေ ဖြစ်ပါတယ်။ 

ထောက်လှမ်းရေးမရှိသရွေ့ ရှုံးနေဦးမှာပါပဲ။

အစိုးရတစ်ရပ် ပြိုလဲသွားတဲ့အခါ သူတစ်လူ ငါတစ်မင်းနဲ့ အားလုံးပြိုဆင်းကုန်တာ သဘာဝပါ။ တချို့ကိစ္စတွေက စိတ်ကူးယဉ် မျှော်လင့်လို့ ကောင်းတဲ့အရာမဟုတ်ပါဘူး။ အကုသိုလ်ကြီးပါတယ်။ 

အာဖဂန်အတွက်တော့ တကယ်ကို စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးလည်း မသူတော်ဘေး စစ်ပွဲတွေဘေးကနေ ကင်းဝေးပြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။ 

သန့်နေစိုး (15. Aug. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is about Afghanistan Crisis on International media. It is only a current affairs and nothing violates the community standards of Facebook. 

Reliable sources are as follows, 

https://www.indiatoday.in/amp/world/video/pakistan-isi-supports-taliban-offensive-former-pak-senator-afrasiab-khattak-1840681-2021-08-14

https://www.npr.org/2021/08/14/1027375958/taliban-afghanistan-takeover-the-world-humanitarian-china-pakistan

https://www.aninews.in/news/world/asia/pakistans-isi-supports-taliban-offensive-says-afghan-govt20210731085703

https://www.aspistrategist.org.au/pakistans-taliban-monster/