Tuesday, August 17, 2021

ဒီခေတ်မှာ ဖြတ်၄ဖြတ်မလိုဘူး။ ဖြတ်၁ဖြတ်ပဲ လိုတယ်။


အင်တာနက်ဖြတ်လိုက်ပါ။ 

အတိုင်းအတာ တစ်ခုအထိ

အလှူခံလည်း ဒီကအလှူခံတယ်။ 

မဟုတ်မမှန် သောသတင်းအချက်
အလက်ကောလဟာလ 
သတင်းမှန်သမျှ ဒီကစီးဆင်းတယ်။ 

လူထု စိုးရိမ်ပူပန်မှု ဖြစ်လာအောင်
ဒီကလုပ်တယ် 

Fb ကြည့် YouTube ကြည့် tictokကြည့်

ဖျော်ဖြေရေးဆိုတာထက်ပိုပြီး
မဟုတ်မမှန်သော သတင်းတွေကသာ
နေရာယူထားတယ်။ 

ကောင်းတာတွေ လည်း ရှိတယ်။  

သို့သော်အရမ်းရှားတယ်။ 

အကြမ်းဖက်မှုတွေ ဒီကအခြေခံတယ်။ 

နိုင်ငံနဲ့ပြည်သူလောက်အရေးကြီးတာ
ဘာရှိလည်း။ 

လူဦးရေ ၅၄ သန်းမှာ ၅၃ ကျော်က
တည်ငြိမ် အေးချမ်းတဲ့ ဘဝကို လိုချင်ကြတယ်။ 

VPN လောက်နဲ့ အလုပ်မဖြစ်တာကို
အခုထိ အိမ်စောင့်အစိုးရက မသိရှာသေး
တာလား အဲ့VPN ဘယ်သူဂျင်းထည့်လိုက်
တာလည်း မသိ။ 

တည်ငြိမ်ရင် လူတွေ အသိမှန် အမြင်မှန်ရ
လာရင် သို့တည်းမဟုတ် ထိန်းချုပ်နိုင်ရင်
ပြန်ဖွင့်ပေးပေါ့။ 

ဆန့်ကျင့်ဘက်အဖွဲ့အစည်းက လူထု ကို
အစွန်းရောက်လမ်းကြောင်းပေါ်ကို
ဒါနဲ့ တွန်းတင်နေတာ သိသိနဲ့
ဘာကြောင့် ထိတွေ့မှု ပေးနေမှာလည်း
စဉ်းစားပေါ့ ဆရာတို့ရာ။ 

အကြမ်းမဖက်ပဲ ဖြတ် တစ် ဖြတ်တည်း နဲ့
ပြီးနိုင်သော လမ်းကြောင်း ပါ။ 

ဖြစ်နိုင်တာတွေ ကြိုတင်ရေးသားခဲ့တာ 
အများကြီးပဲ စီပင်ရိပ်သာထဲက လူတွေကို
လွှတ်ပေးလိုက်ကတည်းက ပြည်ပြေးအစိုးရဖွဲ့လိမ့်မယ်
တိုင်းပြည်တော့ ဒုက္ခရောက်ပါပြီ လို့
ငြီးတွား မိခဲ့ ပါတယ်။ 

အဲ့လို လုပ်လို့မရဘူးလို့လည်း ကြိုရေးခဲ့ပါတယ်။ 

အခုလည်း ပြည်ပ ကပြည်ပြေးတွေနဲ့
ပြည်တွင်းက အစွန်းရောက် တွေ
တောထဲက pdf နဲ့ မြို့ပေါ်ကအကြမ်းဖက်
သမားတွေ  အစွန်းရောက်တွေ
ဘာနဲ့ ထိတွေ့ နေသလဲ။ 

သာမန်ဖုန်း one callဟာ လူတစ်ယောက်ပဲ
ထိ တွေ့ နိုင်ပါတယ်။ 

Social media တွေ နဲ့ တခြားစီပါ။ 

ဒါကိုအခြေခံ ပြီးဖြစ်လာတာ
သိသိနဲ့ ဒါကို မထိန်းချုပ်ပဲ ထားမှတော့
မိုက်မဲလှချည်လားလို့ပဲ မှတ်ချက်ပေး ပါတော့မယ်။ 

ကျုပ်တို့ မသုံးရရင် အိပ်နေမယ်။ 

တိုင်းပြည်လောက် အရေးကြီးတာ ဘာမှ
မရှိပါဘူး။ 

သူများနိုင်ငံတွေမှာ ရုံးခွဲလာမဖွင့်ရင်
ဒါတွေကို ပိတ်ပြစ်တာပါပဲ။ 

ကျုပ်တို့ ဆရာတွေ ဥပဒေ နဲ့ အညီ လုပ်ချင်
တယ်။ အကြမ်းဖက်မှု အနည်းဆုံးနဲ့
အမြန်ဆုံးတည်ငြိမ်အောင်လုပ်ကိုင်ဖို့
ဒီနည်းလမ်းဟာ အကောင်းဆုံးပါပဲ လို့
ပြောလိုပါတယ်။ 

Kyaw Swar

Related Posts:

  • 😤 #မေးခွန်းပြန်ထုတ်ပါ #ကြေငြာချက်လဲထုတ်ပါ12.10.21  မှာအာဆီယံကိုယ်စားလှယ်နဲ့နိုင်ငံရေးပါတီ (၇) ဖွဲ့ တွေ့ဖို့လုပ်ထားတယ်၊13.10.21  ကိုရွေ့တယ်လို့Short notice နဲ့သိရတယ်၊မနက်ဖန်မှာ လုပ်မဲ့ စည်းဝေးကမဖြစ်တော့ပြန်ဘူးတဲ့၊ကစလ ကိုမေးခွန်းပြန်ထုတ်ပါလူတွေ အားအားယားယားတယောက်မှမရှ… Read More
  • ပရဟိတမျက်နှာဖုံးတပ်အမြတ်ထုတ်နေကြသူများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြတ်ပြတ်သားသား ပြောလိုက်ပြီရန်ကုန်၊ အောက်တိုဘာ ၁၀ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ဦးနေဝင်းလက်ထက်ကတည်းက ပိတ်သိမ်းထားတဲ့ မြေနေရာကို ပရဟိတအမည်ခံ အကြံအဖန်လုပ်လိုတဲ့ လူတစ်စုက မြေယာရှင်းလင်းရယူရန် လုပ်ဆောင်နေမှုအပေါ် မြောက်ဥက္ကလာပမြို့နယ်… Read More
  • " ဓမ္မတိုက်ပွဲတဲ့လား "သံပုံးကြီးမ တီးကြသူတွေတရားသံကြား နားခါးသလေရဟန်းသတ်ပြ အားရကာနေအလှူပေး ဆဲရေးမဆုံးပေ…။လမ်းပေါ်စုပေါင်း သုံးချောင်းထောင်တွေဘုရာဖူးတော့ မေးငေါ့သလေဗုံးထောင်လူသတ် ကျေနပ်ကာနေကုသိုလ်ရေး မနှေးရှုတ်ချပေ…။ဓမ္မတိုက်ပွဲ ဆင်နွှဲအော်နေအကုသို… Read More
  • UN ဆိုသည်မှာမြောက်ကိုးရီးယားက ညူကလီးယားလက်နက်တွေပစ်လွှတ်ချင်သလောက်ပစ်လွှတ် UN နဲ့ US ကဘာမှမပြောရဲဘူး။မြောက်ကိုးရီးယားနောက်မှာ တရုတ်လက်မဲကြီးရှိလို့။အစ္စရေးက ပါလက်စတိုင်းတွေကို လေယာဉ်နဲ့ဘယ်လောက်ပဲ ဗုံးကြဲ ဗုံးကြဲ UN နဲ့ တရုတ်ကြီးကဘာမှမပြေ… Read More
  • တရုတ် + အာဆီယံ + NUGမင်းကိုနိုင်နဲ့ ဒေါတ်တာဇော်ဝေစိုးကPDF တွေကို အိမ်ပြန်ခိုင်းနေတယ်။နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်လို့ဆိုတယ်။ဒါက တရုတ်နဲ့ အာဆီယံရဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအပေါ်အခြေခံတဲ့ ပုံစံပါ။ခက်တာကတရုတ်က မြန်မာကို ငယ်နိုင်ပုံစံနဲ့အနိ… Read More