Tuesday, August 17, 2021

စစ်ခွေးလို့ပြောခဲ့တဲ့သူတွေက ခွေးပြေးဝက်ပြေး ပြေးနေရတယ်


ခြင်းကျားလွယ် ငှက်ပျောအူစုပ်တယ်လို့ ပြောတဲ့သူတွေက
ထမင်းကြမ်းခဲနဲ့ဖန်ခါးသီးကိုက်နေရတယ်

စစ်သားတိုက်ပွဲကျတာမဆန်းဘူးလို့ပြောခဲ့တဲ့သူတွေက သူတို့မတရားတဲ့တိုက်ပွဲမှာ ကျဆုံးတော့ အော်ငိုကြတယ်

အာဏာရှင်ကို မုန်းတယ်လို့ပြောခဲ့တဲ့သူတွေက မိုက်ကြေးခွဲလူရမ်းကားတွေဖြစ်နေတယ်

တရုတ်ကိုပထွေးတော်တယ်လို့ပြောတဲ့သူတွေက နိုင်ငံတကာကိုပထွေးတော်ချင်နေကြတယ်

စစ်သားနဲ့အပြစ်မဲ့ပြည်သူ သေတော့ ပျော်ကြတယ်
သူပုန်သေတော့ ငိုခြင်းချကြတယ်

တပ်စည်းကမ်းကျ အာဏာရှင်ဆန်တယ်လို့ပြောတယ်
စည်း/ဥပဒေ မရှိတဲ့ သူပုန်ကျ အသံတောင်ထွက်ပြီး မဝေဖန်ရဲ

အလှုခံပြီး အစိုးရတစ်ခုကိုတည်ဆောက်တယ်ပြောပြီး အဖျက်အမှောင့်လုပ်တယ်

အဓမ္မ ခံယူချက်မတူတာကိုဇွတ်ထောက်ခံခိုင်းပြီး
မထောက်ခံသူကို Boycott,SP,Blame လုပ်နေတာကို ဓမ္မလို့ဆိုပြန်တယ်

ပြောတော့လက်နက်မရှိတဲ့အပြစ်မဲ့ပြည်သူပါတဲ့ ဖမ်းမိတဲ့လက်နက်က တပ်မ တစ်မစာလောက်ရှိ

ဝဋ်မှာအမြဲ ငရဲမှာအပ
ဝဋ်ကြွေးက မသိချင်ဟန်ဆောင်မနေတတ်ဘူးကွဲ့

အိမ်ကြက်ချင်းအိုးမဲသုတ် ခွပ်ခိုင်းနေတဲ့ တရားခံကိုမမြင်မချင်း
ချမ်းသာရာရကြဖို့လမ်းမမြင်

အဆဲတစ်လိုင်းနဲ့ပဲအုတ်မြစ်ချတည်ဆောက်ထားတဲ့ ဆဲကောင်စီ အဖွဲ့သားတို့ရေ

တစ်ခွန်းပဲမေးချင်တယ်
မရှက်ကြဘူးလားလို့

ဗက် ဟတ် ဟတ် 😆...။...။

#ရွှေရူပါဦး