Tuesday, August 17, 2021

ဘယ်သူလဲ ပြည်သူ့ပါတီ ဘယ်သူလဲ ပြည်သူ့အစိုးရ


ဒေါ်အောင်ဆန်းစုကြည်အစိုးရခေတ်မှာ 
ဝေဖန်ရင် တရားစွဲတယ်၊
မှန်တာပြောရင် ထောင်ချတယ်၊
အာဏာရှင်လို့ပြောရင် ဖမ်းဝရမ်းထုတ်တယ်
သတင်းလွတ်လပ်ခွင့်မရှိခဲ့ဘူး
ပြည်သူတွေ Fbလေးတောင် လွတ်လပ်စွာ
သုံးစွဲခွင့်မရခဲ့ကြဘူး။

ခင်ဗျားတို့မုန်းတဲ့
USDPဦးသိန်းစိန်အစိုးရခေတ်မှာ
ဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲတာ
(၁၁)မှုသာရှိခဲ့တယ်။

ပြည်သူ့အစိုးရအမည်ခံ ဒေါ်စုအစိုးရခေတ်မှာ
ဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲထောင်ချတာ
(၁၅၃)မှုထိရှိခဲ့တယ် 
ဒါ ဆက်သွယ်ရေးပုဒ်မတစ်ခုတည်းပဲရှိသေးတယ်။

တခြားပုဒ်မမျိုးစုံဖြင့် 
အမျိုးသားရေးအင်အားစုများ
ဆရာတော်များ နိုင်ငံရေးပါတီများ
တိုင်းရင်းသားခေါင်းဆောင်များနှင့်
NLDကိုမကြိုက်သော ပြည်သူလူထုကို
မတရားဖမ်းဆီးထောင်ချမှု များစွာရှိခဲ့ဖူးတယ်။ 

ပြည်သူလူထုဆန္ဒပြမှုမှာ....
USDPအစိုးရခေတ်မှာ ပြည်သူတွေဆန္ဒပြမှု
(၁၀၀)မပြည့်ဘူး။

NLDအစိုးရခေတ်မှာ ပြည်သူတွေဆန္ဒပြမှု
(၂၅၀၀)ကျော်ရှိခဲ့တယ်။

7Julyအထိမ်းအမှတ်နေ့
ရန်ကုန်ကျောင်းသားသမဂ္ဂဆန္ဒပြပွဲကို
NLDအစိုးရဖြိုခွဲပြီး
ကျောင်းသားများကို အကြမ်းဖက်ဖမ်းဆီးခဲ့ကြတယ်။

ရန်ကုန်တက္ကသိုလ်ထဲသို့ရောက်ရှိလာသော
ဒေါ်အောင်ဆန်းစုကြည်ကို
ကျောင်းသားများသပိတ်မှောက်
ဆန္ဒပြတောင်းဆိုကြတယ်။ 

ဒေါ်အောင်ဆန်းစုကြည်၏
တဖက်သတ်ဆုံးဖြတ်ခဲ့သော
မတ်လထိပညာရေးသင်ကြားချိန်
လိင်ပိုင်းဆိုင်ရာသင်ရိုးညွှန်းတန်းစာ
ထည့်သွင်းသင်ကြားစေမှုနှင့်
ပညာရေးစနစ်ပြောင်းလဲမှုများကို
ပညာရေးဝန်ထမ်းများ ဆရာ/မများ
ကျောင်းသား/မိဘများက
သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

အနောက်ဘက်တံခါးကိုဖွင့်ပေးရန်
ကိုဖီအာနန်ကိုဖိတ်ခေါ်ပြီး ကုလားအရေးကို
ကမ္ဘာ့အရေးဖြစ်အောင်
ဒေါ်စုကူညီအားပေးဆောင်ရွက်ခဲ့တယ်။

နိုင်ငံတော်အတွင်းအပြင် လုံခြုံရေးစည်းများကို
ချိုးဖောက်ရန်  ပြည်ပဩဇာခံပညာရှင်များကို
နိုင်ငံတော်ဘတ်ဂျက်များစွာ ကုန်ကျ ခံဖိတ်ခေါ်ပြီး
အတွင်းစည်းကိုဖွင့်ပေးခဲ့တယ်။

ငါ့ပါတီငါ့အစိုးရ ငါစွဲအတ္တနဲ့
တိုင်းပြည်ကိုသစ္စာဖောက်ခဲ့သော
ဒေါ်အောင်ဆန်းစုကြည်အစိုးရသည်
ဘယ်တုန်းကမှ ပြည်သူ့အစိုးရမဖြစ်ခဲ့ဘူး
တစ်ပါတီအာဏာရှင်အစိုးရအဖြစ်သာ
ရပ်တည်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်သည်NLDပါတီကို
ပြည်သူ့ပါတီ ပြည်သူ့အစိုးရအဖြစ်
လိမ်ညာဝါဒဖြန့်ရန် နိုင်ငံတော်ဘတ်ဂျက်
သန်းပေါင်း(၆၀၀၀)ကျော်အကုန်ကျခံပြီး
fbကိုထိန်းချုပ်ကာ
ဒေါ်လာစားလော်ဘီနီပိန်းများကိုအသုံးချခဲသည်။

စစ်မှန်သောပြည်သူ့ပါတီသည်
ဘယ်တော့မှ အာဏာရှင်မဆန်ဘူး
မဲမခိုး အာဏာမရူးဘူး
ပြည်သူကိုသေတွင်းထဲဆွဲမချဘူး။ 

Photo/ The VOICE Daily



Related Posts:

  • သတင်းထုတ်ပြန်ချက်( ၂၂-၁၀-၂၀၂၁ ရက် ၊ နေပြည်တော် )အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်နေ့ တွင် ကျင်းပခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊  ဘရူနိုင်းနိုင်ငံသည် အဆိုပါ အစည်းအဝေး နှင့် ပတ်သက်၍ ကြေညာချက်ကို ၁၆-၁၀-၂၀၂၁ ရက်န… Read More
  • မေရိကန် မြန်မာကိုအကြံပက်စက်နေပြီ NUG, PDF ပြိတ္တာဘဝရောက်မယ်ကြာရင်။Maung Maung … Read More
  • #ဝသုန်မြေကိုချစ်သူများ"၁၈-နှစ်ကလေးက မဲပေးခွင့်ရလာရင် သူတို့ဘာလုပ်မလည်း?ပြည်နယ်တောင်းမယ်၊ပြီးရင် ဘာလုပ်မလည်း?ပြည်သူ့ဆန္ဒခံယူပွဲခေါ်မှာ၊ခေါ်ပြီးရင် ဘဂ်လားဒေ့ရှ်နဲ့ ပေါင်းမှာလား,အာဖကန်နစ္စတန်နိုင်ငံတစ်ခု ထူထောင်မလားဆိုတာ သူတို့ဆုံးဖြတ်တော့မှာ၊အဲဒီအခါ… Read More
  • * Mine Clear Up ပေးပါ *ဒီနေ့ မရန်းကုန်းမြို့နယ် လျှပ်စစ်မီတာရုံးသို့ နေ့လည် ၁နာရီ ၁၀မိနစ်ချိန်ရောက်ရှိပြီး မီတာဆောင်ရန်တန်းစီနေစဉ် EPCမှဝန်ထမ်းတစ်ဦးမှ ဝင်ပေါက်ရှိ လက်ဆေးဘေစင်အောက်တွင် လက်ဆွဲအိပ်(အဝါရောင်) ၁လုံးထားရှိသည်ကို တွေ့ရသဖြင့် မီတာခလာရောက်ပ… Read More
  • ဦးနိုင်စိုး (22.10.2021) Read More