တနေ့တုန်းက စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ထဲက အိမ်ဖျက်နေတဲ့ video ကြည့်လိုက်ကြရမှာပါ ။
အဲဒါ ကျနော်ရေးဖူးတဲ့ ကာပေါင်းကျ ကျေးရွာပါပဲ ။ ရွာကနေ မိသားစု ၁၂ စု ထွက်ပြေးနေကြရပြီး ဘုန်းကြီးတပါးက ကူညီစောင့်ရှောက် ကျွေးမွေးထားရတာ သုံးလ ရှိသွားပါပြီ ။
ဘုန်းကြီး အပါအဝင် လူတွေကော အားလုံး ဖျားနာကြတာ အနံ့ပျောက် ချောင်းဆိုး နေကြလို့ ဆေးနည်း ပြောပြလိုက်ပါတယ် ။ အဆင်ပြေ ပြောက်ကင်းသွားကြလို့ ဝမ်းသားရပါတယ် ။
အိမ်စောင့်အစိုးရ အဖြစ် ပြောင်းသွားလို့ ထူးခြားမှာလား ဆိုပြီး ဘုန်းကြီးက မေးမြန်းလို့ ထူးမှာပါ ဘုရား တိုင်းဝန်ကြီးချုပ် အသစ်က အလုပ် လုပ်ပြမှာပါ လို့ လျှောက်ထားခဲ့ပါတယ် ။
နောင်တော်လေး တင်တဲ့ ကာပေါင်းကျ ပို့စ်ကို စစ်ရုံးဆီ တင်ပြပေးလိုက်ပါတယ် ။
ယနေ့ စစ်ကိုင်ဝန်ကြီးချုပ်အသစ်က ဘုန်ကြီးဆီကို ဆက်သွယ်လာပါတယ် ။ ကာယကံရှင် မိသားစုတွေနဲ့ တွေ့ဆုံ ကူညီချင်လို့ စီစဥ်ပေးပါလို့ ပြောလာသတဲ့ ။
ဘုန်းကြီးက ဝမ်းသာအားရ ဒကာမျိုးရေ ဒီလိုတော် ဆက်သွယ်လာပြီ အားလုံးလည်း ဝမ်းသာနေကြတယ် ဒကာကြီးကိုလည်း ကျေးဇူးတင်တယ်တဲ့ ။
တပည့်တော်မတင်နဲ့ဘုရား နောင်တော်လေးကို ကျေးဇူးတင်ပါဘုရား သူရေးတာ ပြည့်စုံလို့ တပည့်တော်က သူ့ပို့စ် တင်ပြပေးတာပဲ ရှိတာပါ ဘုရားလို့ လျှောက်တင်ခဲ့ပါတယ် ။
ဘာပဲပြောပြော စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အသစ် ဘာတွေ လုပိပေးနိုင်မလဲ စောင့်ကြည့်ကြပါအုံးစို့ ဗျာ ။
ကိုရွှေမျိုးဝင်း