Wednesday, August 18, 2021

CDM ဝင်နေတဲ့ လက်ထောက်ဆရာဝန်တယောက် ဖုန်းဆက်လာပါတယ်။


ကိုနဲ့လည်းသိကျွမိးခဲ့တဲ့ ကလေးဆိုတော့
ငါလည်းပြောမယ် ပြောမလား မေးလိုက်ဆိုတော့
ပြောမယ်ဆိုလို့ ပြောလိုက်ပါတယ်။
"ဆရာကြီး ကျွန်တော်တို့ နိုင်မှာပါနော် " တဲ့
"ဘယ်သူကနိုင်မှာလဲ CDM ကလား CDM
မလုပ်တဲ့သူကလား"
လို့မေးလိုက်ပါတယ်
"ကျွန်တော်တို့ CDM ကလေ" တဲ့
"အခု တပ်က အာဏာထိမ်းထားတာ ၅ လရှိတော့
မယ်။ဘယ်ဌာနတွေ ပျက်ဆီးသွားလဲ။ ဌာနထဲက
ဝန်ထမ်းတွေဘဲ ပျက်ဆီးတယ်လေကွာ၊ အစိုးရ
ဌာနက ဘယ်ဌာနမှ မပျက်ဘူး"

"မဟုတ်ဘူးလေဆရာ၊ NUG ကနိုင်မှာမဟုတ်လား"

(တကယ်စိတ်မကောင်းပါဘူး။
ဒီကလေး ဘာကိုမှ သေချာ မသိဘူး။
ဝါဒဖြန့်မီဒီယာတွေနဲ့ဘဲ ဘဝက အမှောင်မိနေတာ
သူ့မျှော်လင့်ချက်က ဖြစ်လာစရာမှမရှိတာ)

"ဆရာကြီး ကုလသမဂ္ဂကလည်း အရေးယူဘီတဲ့.
စစ်ခွေးတွေ မျိုးပြုတ်တော့မယ်လို့တော့ ယုံကြည်
တယ်ဆရာ"

ဒါကတော့ တကယ့်ဂျင်းအကြီးစားကြီးပါ
ပြောချင်စိတ်ကုန်ပေမယ့် အသက်ကြီးသူ
ဖြစ်နေတာရယ် စီနီယာဖြစ်နေတာရယ်
အသိတရား ရလိုရညားဆိုပြီး ပြန်ပြောဖြစ်
တယ်။

"ကေလး ၊ကုလတို့ အီးယူတို့ ၊ ကမၻာ့ဘဏ္တို့
ဆိုတာ တဖွဲ့ထဲဘဲ။ကိုတို့ ဆရာဝန်ပေါက်စ
ဘဝက အမေရိကန်က အခုဘဲဝင်တိုက်တော့
မလိုလို ထိုင်းမှာတောင် F16 တွေပျံနေခဲ့ကြ
ဖူးတယ်။
နောက်တခါ ပြင်သစ်က စစ်သင်္ဘော ၂ စီး
မြန်မာရေပိုင်နက်ထဲဝင်လာမယ်လုပ်လို့ မြန်မာက
ဝင်မလာနဲ့၊ ဝင်လာရင် ပစ်မယ်ဆိုပြီး သတိ
ပေးတယ်၊ 
ကာလသမဂ္ဂမှာ အရေးပေါ်အစည်းအဝေး
ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။
မြန်မာက တကယ်ဆော်မယ်ဆိုတာသိတော့
ပြန်လှည့်ပြေးတယ်။
မြန်မာနဲ့ပက်သက်ပြီး အမေရိကန်၊ဥရောပ၊
ကုလသမဂ္ဂ၊ အမ်နက်စတီအင်တာနေရှင်နယ်
စတဲ့အဖွဲ့တွေနဲ့ အမေရိကန်သမ္မတ၊လွှတ်တော်
အမတ်၊နိုင်ငံခြားရေးဝန်ကြီးဆိုတဲ့ကောင်တွေ
လူ့အခွင့်အရေးကိုယ်စားလှယ်ဆိုသူတွေ၊မဟာ
မင်းကြီးဆိုသူတွေက ခြိမ်းခြောက်ဖိအားပေး
ခဲ့တာ အကြိမ်ရေ ထောင်ချီ မကတော့ဘူး။
အဲ့ဒီအချိန်က စစ်အစိုးရ စစ်စစ်နော်၊
အခြေခံ ဥပဒေမရှိဘူး
၁၉၉၀ ရွေးကောက်ပွဲဆိုတာကြီးကို ကိုင်ကိုင်
ပြီးတော့
'ချက်ချင်းလွှတ်ပေးရန်"
"ချွင်းချက်မရှိလွှတ်ပေးရန်"
"အမြန်ဆုံးဆွေးနွှေးရန်"
"အနိုင်ရပါတီကိုအာဏာလွှဲပေးရန်"
စတာတွေကို ပြောခဲ့ကြ ခြိမ်းခြောက်ခဲ့ကြပြီး
နှစ် ၃၀ လောက်ကြာလာတာဘဲ။

အခုက အခြေအနေ ဘာမှမတူဘူး
အခြေခံဥပဒေရှိတယ်
စစ်အုပ်ချုပ်ရေးအပြည့်မဟုတ်‌ သေးဘူး
အနိုင်ရပါတီဆိုတာမရှိဘူး
အာဏာရပါတီ မရှိဘူး
NLD အစိုးရသက်တမ်းအကုန်
နောက်ထပ်အစိုးရ သက်တမ်း
ပြန်မတိုးခင် ၂၀၂၁ ခု ဇန္နဝါရီလ (၃၁) ရက်
ညအကျော် ဖေဖော်ဝါရီလ (၁)ရက်အစ
လွှတ်တော်အသစ်မခေါ်မှီ စပ်ကြား

ဥပဒေအရ အာဏာသက်တမ်းကုန်တာ
အဲ့ဒီည ၁၂ နာရီတိတိ
သက်တမ်းပြန်တိုးမှာက လာမယ့်မနက်
၉ နာရီ၊
တပ်မတော်က အဲ့ဒီကြားကာလ
NLD သက်တမ်းအကုန် နောက်ထပ်သက်တမ်း
မတိုးမှီမှာ အာဏာထိမ်းထားလိုက်တာ

ရှေ့နေတွေပြော တဲ့ NLD နဲ့ ကမ္ဘာ့နိုင်ငံတွေပါ
ငုတ်တုတ်မေ့ ခဲ့ကြတဲ့ လုပ်ကွက်
အရမ်းသေသပ်တယ် ကလေး

အာဏာလွှဲပေးပါလို့ ဘယ်သူကပြောမလဲ
ဘယ်သူ့ကိုလွှဲပေးရမလဲ
နောက်ဆုံးကွာ
NLD မဲခိုးခိူး မခိုးခိုး
မဖြေရှင်းကထဲက 
မတရားတဲ့နည်းလမ်းဆိုတာ
ဥပဒေနဲ ညှိ နေဘီ
တပ်မတော်ရဲ့တာဝန်က အဲ့ဒါကို
ကာကွယ်တားဆီးရမှာဘဲ။

ဒါက ဥပဒေပိုင်းပေါ့ကွာ

၁၉၈၈ နောက်ပိုင်း လက်နက်ကိုင်သူပုန်က
အခုထက်ပိုဆိုးတယ်။
ကချင်
ကရင်
မွန်
ရှမ်း
ဗကပ
DAB
ABSDF စတဲ့
 အဖွဲ့တွေ အကုန်လုံးက ဒီတခါ အခွင့်ကောင်းဘဲ
ဆိုပြီး ဝိုင်းတိုင်ခဲ့ကြတာဘဲ။..

အဆိုးဆုံး စုဖွဲ့မှု့က ကရင် ပြည်နယ်
မာနယ်ပလော
မဲသဝေါ
မော်ဖိုးကေ
စတဲ့ စခန်းကြီးတွေဘဲ။

ကရင်လည်း အဲ့ဒီလိုခြေလှမ်းမှားပြီး
ခွေကျသွားခဲ့တာ

၈၈ တွေဗုံးခွဲတယ်
တပ်ကိုလွှဲချတယ်

အခုလိုဘဲ
အတူတူဘဲ
မတူတာက ၈၈ ကကောင်တွေက အခုကောင်တွေနဲ့
ဘာမှ မဆိုင်ဘူး
၈၈ ကစာသင်ကျောင်းတွေဗုံးမခွဲဘူး
အခုကောင်တွေက တိရိစ္ဆာန်တွေ
လူထုထောက်ခံမှု့ဆိုတာ 
အာပလာဘဲကျန်တော့တယ်

၈၈တုန်းက NLD ကမြေပေါ် မြေအောက်
၂ဖွဲ့ခွဲလှုပ်ရှားတာ
မြေအောက်လှုပ်ရှားတဲ့ကောင်အများစုကို
မြေအောက်ပို့တယ်
မြေပေါ်လှုပ်ရှားတဲ့ကောင်ကို ထောင်ထဲပို့တယ်

အခုကောင်တွေက အကုန်အကြမ်းဖက်
တွေဘဲ။အကုန် ခပ်ကြမ်းကြမ်း အဆော်ခံရ
မှာဘဲ။
မင်းတပ်ကိုကြည့် အကုန်နီးပါးသေတာဘဲ.
ကယားကိုကြည့်
အကုန် ကားယားကြီးဘဲ

အခုစစ်တပ်က ဘာအင်အားမှ မသုံးသေးဘူး
အရမ်းကို ပျော့ပျော့လေးကိုင်နေတာတောင်
ရက်နဲ့ချီမခုခံနိုင်တဲ့ PDF
ဘယ်လို နိုင်မလဲ
အကြမ်းဖက်သမားကို သတ်လို့
ဘယ်သူအော်မလဲ

ငါပြောတာ ဟုတ်မဟုတ် လက်တွေ့လေ့လာ
လို့ ပြောလိုက်တော့

စိတ်ဓာတ်ကျသွားရှာတယ်

"ဒါဆိုကျွန်တော်တို့က သွားဘီပေါ့ဆရာကြီး"

"မသွားပါဘူး၊မင်းကိုယ်တိုင်သွားမှ သွားဘီ"

ဒေါက်တာ စိုးဝင်းကျော် 
နှလုံးအထူးကု
ပြည်သူ့ဆေးရုံအုပ်ကြီး