Saturday, August 7, 2021

NLDပျက်စီးရခြင်း၏ အကြောင်းရင်းတစ်ရပ်


မကြာမီ NLDပါတီသည် ဥပဒေကြောင်းအရဖျက်သိမ်းခံရမည်ဖြစ်ပြီး မြန်မာ့နိုင်ငံရေးလောကမှ
အပြီးတိုင်ပျောက်ကွယ်သွားမည်ဖြစ်သည်။ အလားတူပါတီမျိုး ဆက်လက်ထွက်ပေါ်ရှင်သန်လာနိုင်ရန်လည်း မျှော်လင့်စရာမရှိပေ။

ယင်းပါတီပျက်စီးရခြင်းအကြောင်းရင်း သောင်းခြောက်ထောင်ရှိသည့်အနက် အဓိကတစ်ချက်မှာ နိုင်ငံရေးနှင့်ဘာသာရေးကို ခွဲခြားမသိ၊သမိုင်းကြောင်းနှင့်တကွ တွဲစပ်မမြင်တတ်သောကြောင့်ဖြစ်သည်။

☉နိုင်ငံရေးထဲမှ ဘာသာရေးစနစ်
-----------------
ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာက ဘာသာရေးကို ဤသို့ ရှုမြင်၏။

(ဘာသာရေးသည် နိုင်ငံတကာစနစ်ထဲတွင် နိုင်ငံတစ်နိုင်ငံ၏ပြုမှုပုံကို အကျိုးသက်ရောက်စေသော အကြောင်းတစ်ရပ်အဖြစ်ပါဝင်သည်။

ဘာသာရေးကိုနိုင်ငံရေးနှင့်တွဲစပ်ပြီး စည်းရုံးရေးလက်နက်အဖြစ် မွတ်ဆလင်နိုင်ငံများက အသုံးပြုလေ့ရှိသည်။

တစ်ဘက်တွင် ဥရောပ လစ်ဘရယ်နိုင်ငံများက ဘာသာရေးကို နိုင်ငံရေးနှင့်သီးသန့်ခွဲထားပြီးလောကီသက်သက်
နိုင်ငံရေးဝါဒ Secularism အဖြစ်ကျင့်သုံးသည်)

မည်သို့ရှိစေ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံကြသည့်အခါ အဆိုပါနိုင်ငံ၏
ကိုးကွယ်ယုံကြည်မှုဘာသာရေးစနစ်
သမိုင်းကြောင်းမည်သို့ရှိသည်ကိုဦးစွာကြည့်ကာ
အလေးအနက်ထားသုံးသပ်ကြသည်။

ပြီးမှ ယဉ်ကျေးမှုဒိုင်ယာလော့ဂ် လုပ်နိုင်မည့်
နည်းလမ်းများရှာကြံကာ ဆက်သွယ်ဆောင်ရွက်တတ်ကြသည်။

အထက်ပါရှုမြင်ချက်မှာ ပြည်ပမှ လှမ်းမြော်ရှုမြင်ချက်ဖြစ်သည်။

☉ ပြည်တွင်း၌မှု
အစိုးရသည် လူမျိုးစုများအရေးနှင့်
ဘာသာရေးကို
မည်သို့ ကိုင်တွယ်မည်နည်းဟူသောအချက်မှာ
အရေးကြီးထည့်သွင်းစဉ်းစားရမည့်အချက်ဟု
သတ်မှတ်သည်။

ယင်းအချက်ကို
နိုင်ငံရေးသိပ္ပံပညာက
ဤသို့ ရှင်းပြ၏

( နိုင်ငံဖွ့ံဖြိုးတိုးတက်ရေးအတွက်
တိုင်းရင်းသားများအရေး၊
မျိုးနွယ်စုများအရေးနှင့်
ဘာသာရေးသည်
အဓိကသော့ချက်ဖြစ်သည်။
ထိုအချက်သည်
တိုင်းပြည်ကိုကောင်းအောင်လုပ်နိုင်သကဲ့သို့
ဆိုးဝါးပျက်စီးသွားအောင်လည်းလုပ်နိုင်သည့်
အင်အားပြင်းထန်လွန်းသော
အချက်များဖြစ်သည်)

အရှင်းဆုံးဆိုရသော်
လူမျိုးရေးနှင့်ဘာသာရေးစုစည်းညီညွတ်သောနိုင်ငံသာလျင် ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းမှန်ပေါ်ရောက်နိုင်မည်ဖြစ်သည်။

☉ NLD အစိုးရသည် စတက်လာကတည်းက
အစိုးရအဖွဲ့တွင် နိုင်ငံခြားသားများ ကွက်ပြည့်ချကာ

လစ်ဘရယ်နှုန်းစံတန်ဖိုးများနှင့်ညှိပြီး
ယဉ်ကျေးမှုဒိုင်ယာလော့ဂ်ကို တစ်ဖက်သတ်ဇာတ်ညွှန်းရေးခဲ့သည်။

ပြည်ပမှ OIC နှင့် CIA က ဂဏန်းလက်မသဖွယ်
မြန်မာပြည်ကို
ဘာသာရေးနှင့် အမျိုးသားရေးနှစ်ဖက်ညှပ်၍ဖြတ်ရန်ကြိုးစားသည်။

ပြည်တွင်းမှ NLDသည်
နိုင်ငံခြားသားအကြံပေးများ၏ဇာတ်ညွှန်းအတိုင်း
ဗုဒ္ဓဘာသာနှိပ်ကွပ်မှုကို တစ်လျှောက်လုံးလုပ်လာခဲ့၏။

ဗုဒ္ဓဝါဒနှင့် ဗုဒ္ဓသာသနာအပေါ်အခြေခံသည့်
မြန်မာ့အမျိုးသားရေးကိုယ်ပိုင်စရိုက်လက္ခဏာ
(National Identity)
နှင့်
အမျိုးသားရေးတွေးခေါ်မြော်မြင်မှုသဘောတရား
(National Ideology)
တို့ ကို ဖျက်ဆီးရန်ကြိုးပမ်းခဲ့ကြ၏။

မဘသကိုဖျက်ခြင်း ၊ ဘုန်းကြီးကျောင်းများ ဖျက်ခြင်း၊ မဟော်သဓာလို အခမဲ့ကျောင်းများ ပိတ်ခြင်း ၊ ဘက ကျောင်းများဖျက်ရန် လွှတ်တော်တွင် NLD အမတ်က အဆိုတင်သွင်းခြင်း ၊

ဘာသာတန်းညှိခြင်း၊ဗုဒ္ဓဘာသာတစ်ခုတည်းကြီးစိုးနေသည်ကိုလက်မခံနိုင်ဟုဆိုခြင်း၊ဘာသာခြားများကိုနေရာပေးပစားလွန်းခြင်း၊ ဗုဒ္ဓဘာသာအင်အားချိနဲ့သွားစေရန် NLD လော်ဘီများကဝိုင်းရံတိုက်ခိုက်ခြင်း၊

ရဟန်းသံဃာများကိုဆဲရေးတိုင်းထွာခြင်း၊ဗုဒ္ဓဘာသာကိုပုံစံမျိုးမျိုးဖြင့်ထိပါးစော်ကားခြင်း၊
အမျိုးဇာတ်ပျက်ယွင်းခြင်းဥပဒေကိုဖျက်သိမ်းခြင်း မွေးစာဥပဒေပြဌာန်းရန်ကြိုးပမ်းခြင်း

တိုင်းရင်းသားများကို မတူမတန်သဘောထားကာဥပေက္ခာပြုခြင်း
အစရှိသည်တို့လုပ်ဆောင်ခဲ့သည်ကို ၅နှစ်သက်တမ်းတစ်လျောက်လုံးစိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ခဲ့ကြရပြီးဖြစ်သည်။

ယင်းလုပ်ရပ်မျာကြောင့် မြန်မာပြည်သူတို့ စိတ်နှလုံးညိုးချုံးလျက်မခံချိမခံသာဖြစ်ခဲ့ရသည်

အမျိုးသားရေးသမားတို့ မကျေနပ်၍ထပြောလျင်ထောင်နန်းစံရသည်။fbအကောင့်များဖျက်ချပစ်ခံရသည်။

☉မြန်မာနိုင်ငံတွင်
ရှည်လျားသည့်သမိုင်းကြောင်းနှင့်

ခိုင်မာသည့်အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ

မြင့်မားသည့်် လူမှုနှုန်းစံတန်ဖိုးများသည်
ဘာသာသာသနာနှင့်ယှဉ်တွဲဖြစ်တည်လာခြင်းဖြစ်ရာ

ယင်းတို့ကို
ထန်းသိမ်းစောင့်ရှောက် ထောက်ပံ့မြှင့်တင်ခြင်း
မပြုသည့်အပြင်
မထေမဲ့မြင်၊မလေးစား၊ဂရုမပြု၊လစ်လျူရှုခဲ့ခြင်းကြောင့် NLD ကျရှုံးပျက်စီးရ ခြင်းဖြစ်ပေသည်။

☉နိုင်ငံရေးစကားဖြင့် ပြောရလျင်
NLD ပါတီသည်
အမျိုးသားရေးစရိုက်လက္ခဏာများကို
ပစ်ပယ်ခဲ့သဖြင့်ကျရှုံးရခြင်းဖြစ်၏။

လွှတ်တော်တွင်ကျမ်းကျိန်ပြီးတက်လာသောNLDအမတ်များသစ္စာပျက်ယွင်းသဖြင့် ကျမ်းစူးခံကြရ၏။

☉အရပ်စကားဖြင့် ပြောရလျင်
ဗုဒ္ဓဘာသာကိုအမျိုးမျိုးစော်ကားခဲ့သောကြောင့်
ဘုရားစူးပြီး မြေမြိုခံရကာ
NLDပျက်စီးရခြင်း
ခြင်းဖြစ်ပါကြောင်း.......

ကိုကို (Political Nationalism)