Thursday, August 19, 2021

ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးထိမှန်ခဲ့သော်လည်း မပျက်ဆီးခဲ့သော တန်ခိုးကြီး #မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်ကြီး

#တည်နေရာ - စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်။

#အလှူရှင် - မြန်မာ သက္ကရာဇ် ၁၃ဝ၁ ခုနှစ် ဒုတိယဝါဆို လဆန်း (၅) ရက်နေ့ ကြာသပတေးနေ့တွင် မိုးညှင်းဆရာတော်ကြီး ကိုယ်တိုင် အုတ်မြစ်ချ တည်ထား၍ ၁၃၁၄ ခုနှစ်တပေါင်းလဆုတ် ၃ ရက်နေ့တွင်လုံးဝပြီးစီးအောင်မြင်ခဲ့လေသည်။ ထိုခေတ် ကုန်ကျငွေပေါင်း ၁၁ သိန်းကျော်မျှ ကုန်ကျလေသည်။

#ဗိသုကာပညာရှင် - မိုးညှင်းဆရာတော်ကြီးပင် ပုံစံပေးကြီးမှူး၍ ပြသသည်။ ဗိသုကာ ပညာရှင်မှာ အမြင့်မြို့မှ ဆရာဟံကြီး ဦးဆောင်၍ ပန်းရံအဖွဲ့ပေါင်း ၄၀ ကျော်မျှဖြစ်သည်။

#စေတီတော်ကြီးအတိုင်းအတာများ - စေတီတော်ကြီး၏ဖိနပ်တော်မှာစတုရန်းဖြစ်၍အလျား ၁၁၁ တောင်နှင့်အနံ ၁၁၁ တောင်စီရှိရာ အလယ်ဗဟိုတွင်ဉာဏ်တော် ၈၈ တောင်ရှိရွှေရောင်ဝင်းသော သမ္ဗုဒ္ဓေမဏ္ဍိုင်စေတီတော်ကိုတည်ထားသည်။ စေတီတော်၏တစ်ဖက်တွင်အလျား ၁၁၁တောင်၊ အနံ ၅၂ တောင်၊ အမြင့်ဉာဏ်တော် ၃၆ တောင်ရှိအာရုံခံတန်ဆောင်းကြီးတစ်ခုနှင့် ယင်းနှင့်စပ်၍အလျား ၅၇ တောင် ၊အနံ ၅၂တောင်နှင့်အမြင့် ၃၆ တောင်ရှိ၍စောင်းတန်းတစ်ခုရှိသည်။  

#စေတီရံများ - စေတီတော်ကြီး နှင့်တကွ စောင်းတန်းအာရုံခံတို့ အပေါ်ရှိ စေတီရံပေါင်းမှာ ၈၆၄ ဆူရှိသည်။

#ရုပ်ပွားတော်ပေါင်း - ရုပ်ပွားတော်ပေါင်း မှာ အတွင်းအပြင် ၅၈၂၃၆၃ ဆူရှိသည်။

#အတွင်းအခန်းအရေအတွက် - 
အခန်းငယ် ပေါင်း ၁၂၄ ခန်းရှိ၍ အခန်ကြီး ၈ဝ ရှိပါသည်။

#တံခါးပေါက်များ - တံခါးပေါက်၂၂ ပေါက်ရှိ၍ ရိုး⁠ရိုးတံခါးပေါက် ၂ဝ ရှိသည်။

#နှစ်စဉ်ပွဲတော် - မြန်မာသက္ကရာဇ် ၁၃၂ဝခုနှစ်တွင် သမ္ဗုဒ္ဓေ စေတီတော်ကြီး ရွေချပြီးအထိ အလုံးစုံ ပြီးစီး အောင်မြင်သည်။ ထိုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် အထူး အနေကဇာတင်ပွဲ ပြုလုပ် ပူဇော်ကြသည်။ စျေးပွဲ ဇာတ်ပွဲ ဆွမ်းလောင်းပွဲ ပျော်ပွဲရွင်ပွဲတွေ စုံလင်စွာဖြင့် ပွဲတော်ကြီးအဖြစ် ကျင်းပသည်။ ထိုနှစ်မှစ၍ နှစ်စဉ် ထိုရက်များတွင် ပွဲတော်ကြီးအဖြစ် ကျင်းပသည်မှာ ယခုတိုင်ဖြစ်သည်။

#ထူးခြားမှုများ

ဒုတိယကမ္ဘာစစ်အတွင်းက
တစ်နေ့တွင် ပဋ္ဌာန်အဓနပတိဓမ္မာရုံကြီးပေါ်၌ မိုးညှင်းဆရာ‌တော်ကြီးနှင့် သံဃာတော်များသည် ယောဂီပရိသတ်တို့အား အေးငြိမ်းစွာ တရား‌ဟောကြား ပြသနေ၏။ ထိုအချိန်တွင် ကောင်းကင်မှ ဖြတ်သန်းသွားသော လေယာဉ်တစ်စင်းသည် ရုတ်တရက် ဗုံးသုံးလုံးကြဲချလိုက်သည်။ မြင်သူတို့မှာ အသက်ထွက်သွားပြီထင်ရလောက်အောင် ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ သို့သော် ထိုဗုံးများသည် ပေါက်ကွဲခြင်းမရှိဘဲ သမ္ဗုဒ္ဓေစေတီတော်မြတ် တည်ထားရ
န်ပုံထားသော သဲပုံထဲ၌ စုပ်ခနဲ နစ်မြုပ်သွားသည်။ အသံမမြည်သဖြင့် အနီးရှိလူ အကုန်ပင်မသိလိုက်ကြ။ တရားပွဲကား ဟောမြဲဟောလျက်ပင်ရှိသည်။ အကယ်၍ ထိုဗုံးသုံးလုံးသာ‌ ပေါက်ကွဲလိုက်ပါက တည်ဆဲ သမ္ဗုဒ္ဓေ စေတီတော်မြတ်ကြီးနှင့် အနီးရှိ ပရိသတ်တို့အတွက် မ
တွေးရဲအောင်ပင် ရှိပါတော့သည်။ ထိုထက် အံ့ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုမှာ မိုးညှင်းဆရာတော်ဘုရားကြီးကို ဗုံးမှန်သော ကိစ္စကြီးဖြစ်ပါသည်။ အနီးအပါးမှာ ကျခြင်းလည်းမဟုတ်၊ အဝေးမှကျခြင်းလည်းမဟုတ်၊ လူကို တည့်တည့်မှန်ခြင်းဖြစ်ပါသည်။ ထိုဖြစ်ရပ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး တစ်ခုသောနေ့ကဖြစ်၏။ ထိုနေ့ နေ့လယ် တစ်နာရီအချိန်တွင် မိုးညှင်းအရှင်မြတ်သည် တရားဆင်ခြင်ရင်း စင်္ကြံလျှောက်လျက်ရှိနေ၏။ ထိုအချိန်တွင် အုပ်အုပ်ဆိုင်းဆိုင်း ညိုမှိုင်းလျက်ရှိသော မိုးညှင်း သမ္ဗုဒ္ဓေကျောင်းတိုက်အနီး၌ ဂျ
ပန်စစ်တပ်များ ခိုအောင်းနေမည်ထင်သဖြင့် တစ်ဖက်စစ်တပ်မှ စစ်အမြောက်ကြီးများဖြင့်လှမ်း၍ပစ်လိုက်ရာ တစ်ခုသောအမြောက်ဆန်သည် မိုးညှင်းအရှင်မြတ်ကြီး သီတင်းသုံးလျက်ရှိသော ကျောင်းတိုက်ကြီးဆီသို့ တစ်ဟုန်ထိုးဝင်လာကာ ဒိုင်းခနဲ ဝုန်းခနဲ ပေါက်ကွဲ
သွားလေသည်။ မိုးညှင်းအရှင်မြတ်သည် ရပ်လျက်စင်္ကြံလျှောက်ရာမှ ပုံ့ခနဲထိုင်လျက်သားဖြစ်သွားရ၏။ မိုးညှင်းဆရာတော်ကြီးမှ “လူက မကြောက်ဘဲ သွေးက ဘာလို့ကြောက်ရတာလဲဟု အားခဲ
ကာ ကုန်းထလိုက်စဉ် အကာအရံတွေပေါက်ပြဲ၍ အလင်းရောင်တွေ ဝင်းနေသည်ကို မျက်စိဝါးနေသည့်ကြားမှ မြင်လိုက်ရသဖြင့် မိမိဘာမှမဖြစ်သည်ကို သိစေလိုသည့်အတွက် ကပ္ပိယဒကာတို့ လာကြပါကွယ်လို့ လှမ်း၍ခေါ်လိုက်ရသည်။” ကပ္ပိယနှင့် ဒကာအားလုံး ပရိသတ်တို့မှာ မီးခိုးလုံးကြား၌ ဝိုးတဝါးဖြစ်နေသော အရှင်မြတ်ကို ရုတ်တရက်မြင်ရသော် ဆရာတော်ကြီးတော့ ထိမှန်ပြီထင်ပါရဲ့ ဒီတစ်ခါတော့ ခက်တာပါဘဲ ပျံလွန်တော်မူမှာလေလားဟု ညည်းတွား အော်ဟစ်လျက်ပြေးလာကြသည်။ အနီးသို့ရောက်၍ သေသေချာချာကြည့်သောအခါ သစ်စ သံစ ဘာမျှ မထိမှန် မရှဘဲ မားမားကြီးရပ်နေသော အရှင်မြတ်ကြီးအား တွေ့မြင်ရသဖြင့် ဝမ်းသာအားရ မ,ချီ၍ ကျောင်းသို့ ပို့ကြရသည်ဟု ဆိုပါသည်။

#Ref;
▪️Wikipedia
▪️Shwelinmaung>blog
▪️sambuddhe.org

#SitNyeinLu