Thursday, August 19, 2021

တာလီဘန် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ .. ( တာနီဘန်တို့ထက် လိမ်မာသွားသော တာလီဘန်များ .. )


၁ ။ သူတို့ဟာ ဘယ်သူနဲ့မှ မတိုက်ခိုက်လိုဘူး ၊ အာဖဂန် ရဲ့ တရားဥပဒေ စိုးမိုးရေးကိုပဲ လိုလားတယ် ။  မည်သူတဦးတယောက် မှ ကြောက်ရွံ ထိတ်လန့်မှု မရှိစေရ ။

၂ ။ အမျိုးသမီးတွေ ကျောင်းတက်ခွင့်ပေးမယ် ၊ တကသိုလ် တက်ခွင့်ပြုမယ် ။
 အမျိုးသမီး အရေးဟာ အရေးကြီးကြောင်း ပြောသွားတယ် ။
အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ပေးမယ် ။
အစလာမ် ဘာသာက ပေးအပ်းထားတဲ့ အမျိုးသမီး အခွင့်အရေးတွေကို အသိအမှတ် ပြုမယ် ။

၃ ။ သတင်းထောက်က အမျိုးသမီး သတင်းသမားတွေကို အရင်အစိုးရလိုပဲ လွပ်လွပ် လပ်လပ် လုပ်ကိုင်ခွင့် ပြုမလား ဆိုတဲ့ မေးခွန်းကိုတော့ စောင့်ကြည့်ရမယ် လို့ သာ ပြောသွားတယ် ။

၄ ။ မည်သည့် နိုင်ငံ ခြားသားကိုမှ အန္တရာယ် ပေးမှာ မဟုတ်သလို ၊ ထွက်ပြေးသွားသူတွေ ကိုလည်း
ခွင့်လွတ်မယ် ။ မနာကျဉ် စေရဘူး ။

၅ ။ အားလုံးကို ခွင့်လွတ်ပြီး လွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ် ။

၆ ။ မည်သည့် အိမ် တခါးမှ အကြောင်းမဲ့ ခေါက်ခြင်း ၊ ဖမ်းဆီးခြင်းတွေ မလုပ်ဘူး ။

၇ ။ မည်သူကိုမှ အငြိုး  အာဂါတ(grudge) မထားဘူး 

ဂ ။ နိုင်ငံခြား အစိုးရအတွက် အလုပ်လုပ်ခဲ့ သူ မည်သူ့ကို မဆို ခွင့်လွတ်တယ် ။ (translators or contractors)

၉ ။ နိုင်ငံ တည်ငြိမ်သွားရင် စီးပွားရေး ဖွံ.ဖြိုးအောင် လုပ်မယ် ။

crd.   ရဲသူရိန်မင်း