Friday, August 6, 2021

💚 #မုဒိတာထားကြပါ Appreciative joy.


ဗုဒ္ဒက မေတ္တာ၊ စေတနာ၊ မုဒိတာပွားခိုင်းတယ်
ဝမ်းနည်းစရာကောင်းစွာနဲ့ အများစုဟာ
အကုသိုလ်စိတ်မှာ အပျော်လွန်ကြပြီး
မုဒိတာမပွားနိုင်ကြဘူး၊
မေတ္တာ၊ စေတနာကတော့ ပိုဝေးပြီ။

................

#မေးငေါ့တတ်တာစရိုက်ဖြစ်လာပြီ

တိုးတက်တဲ့နိုင်ငံတွေမှာ
အိမ်ဘေးက ကားသစ်တစီး ဝယ်ရင်
" ဟယ်လှလိုက်တာ
ကွန်ဂရက်ကျူလေးရှင်း "... လို့
မုဒိတာပွားနိုင်ကြပေမဲ့၊ မြန်မာမှာကျတော့

" ဟိုဟာတွေလေ... ဘာတွေမဟုတ်တာလုပ်လို့
ကားသစ်ဝယ်စီးနေနိုင်သလဲမသိဘူး "
... ဆိုပြီး မေးငေါ့ချင်ကြတယ်၊

ဗုဒ္ဓရဲ့ တန်ဘိုးရှိလှတဲ့
အဆုံးအမတွေကို နှမြောလိုက်တာ။

ကိုယ်တွေအလုပ်မဖြစ်တာ
ဘာကြောင့်လဲဆိုတဲ့အပေါ် ဆန်းစစ်ရမှာထက်
သူများအလုပ်ဖြစ်တဲ့အပေါ် အကုသိုလ်စိတ်
ထားတာဟာ... ကိုယ်ဖါကို အကုသိုလ်မှာပျော်တာပါ။

.................

#လူတော်လူကောင်း

ညတိုင်းတရားတပုဒ်လောက်နာပြီးမှ
အိပ်လေ့ရှိတော့၊ ခေတ်သစ်စီမံခန့်ခွဲမှု
အတော်များများကို ဗုဒ္ဓက လွန်ခဲ့တဲ့
နှစ် (၂၆၀၀) လောက်ထဲက ဟောထားခဲ့တာတွေ့ရတယ်၊

လူကောင်းဖြစ်ဖို့ ဗုဒ္ဓက အရင်ကြိုးစားခိုင်းတယ်
ကံ (၅) ပါး၊ ဗြဟ္မစ်ုရ်တရား (၄) ပါးလောက်ကို
လက်ကိုင်ထားနိုင်ရင်ပဲ လူကောင်းဖြစ်ပြီ၊
အဆင့်မြင့် လူကောင်းဖြစ်ဖို့ ...
- မတ်ေတာ
- စေတနာ
- မုဒိတာ
- ဥပက္ခာ .... ဆက်ထားနိုင်ဖို့လိုမယ်၊

အနည်းဆုံး
လူတိုင်းအပေါ် မုဒိတာပွားနိုင်ရင်ကိုပဲ
ပိုက်ဆံမကုန်တဲ့ ကုသိုလ်ကိုရနေပြီ၊
ဒါပေမဲ့ အဘိဓမ္မာအရ စိတ်ဆိုတာ
အကုသိုလ်မှာ ပျော်မွေ့တဲ့ သဘာဝရှိလေတော့
အများစုက မထိမ်းချုပ်ကြတော့ပဲ
စိတ်ကိုလွှတ်ထားရာက... မုဒိတာမပွားနိုင်ကြတော့ဘူး၊

သက်မွေးဝမ်းကြောင်းမှန်မှန်၊ မမှန်မှန်က သူ့ကိစ္စ
မုဒိတာပွားခြင်း၊ မပွားနိုင်ခြင်းက ကိုယ့်ကိစ္စလို့
ခွဲခြားနိုင်ရင်ကိုပဲ မြန်မာတွေ ကုသိုလ်
အတော်ရနိုင်ခွင့်ရှိကြပါလိမ့်မယ်၊

................

#လူကောင်းမှလူတော်သို့

လူကောင်းဖြစ်ဖို့က
တရားသဘောသိဖို့၊
ကုသိုလ်၊ အကုသ်ုလ်ကိုနားလည်ဖို့ပဲလိုတယ်၊
ကိုယ်ပိုင်တဲ့စိတ်ကို ကိုယ်ထားတတ်ဖို့ပဲလိုတယ်၊

လူတော်ဖြစ်ဖို့ကျတော့ ပိုခက်လာပြီ
အိုင်းစတိုင်းလို လူတိုင်းမဖြစ်နိုင်ကြသလို
ဘီဂိတ်လိုလဲ လူတိုင်းမဖြစ်နိုင်ကြပြန်ဘူး၊
အတိတ်ကံ၊ ပစ္စုပ္ပာန် လုပ်ရပ်တွေနဲ့ဆိုင်သလို
​ပေးထားတဲ့အခြေအနေတွေရဲ့ထောက်ပံ့မှုနဲ့လည်း
သက်ဆိုင်လာတယ်၊

ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်
စိတ်ထားတတ်ရင် လူကောင်းဖြစ်နိုင်တယ်
ဖြစ်ခွင့်ရှိနေတယ်၊
လူတော်ကျတော့... အခြေအနေ၊ ပေးထားချက်
ကျိုးစားခွင့် စတာတွေနဲ့သက်ဆိုင်လာတယ်၊

တချို့ကမေးကြတယ်
" လူတော်ပြီး မကောင်းရင်ရော " ဆိုတဲ့မေးခွန်း၊
လူတော်တွေ မကောင်းရင် တည်ဆဲဥပဒေရှိတယ်
ဥပဒေနဲ့ထိမ်းကြောင်းလို့ရတယ်၊

တွေးကြည့်ရင်မြင်သာပါတယ်
အများစုက ကွက်ကွက်လေးလောက်ပဲတွေးကြလို့ပါ

" သူခိုးမိရင် ခိုးမှုနဲ့အပြစ်ပေး "
မခိုးရဲတော့ဘူး ( ကောင်းအောင်လုပ်ပေးတာ )
လူတယောက်မတော်ရင် ဘာဥပဒေနဲ့မှ
အရေးယူလို့မရဘူး၊

ဒါကြောင့်တော်ပြီး မကောင်းရင်ရော ... ဆိုတဲ့မေးခွန်းမျိုး
မရှိသင့်တော့ဘူး၊

..............

#ဘာကြောင့်မုဒိတာမပွားနိုင်ကြသလဲ

အကုသိုလ်အလွန်ကြီးလို့ပဲ လို့သာဖြေရလိမ့်မယ်၊
ဒီနေ့ မြန်မာနိုင်ငံဟာ အထွေထွေစိန်ခေါ်မှုတွေနဲ့
ရင်ဆိုင်နေရတဲ့ကာလ၊

ကိုဗစ်စင်တာကို ဗုံးခွဲတယ်
ဆေးထိုးပေးနေတဲ့နေရာကိုဗုံးခွဲတယ်
PPE ဝတ်စုံဝတ်ပြီး၊ ပရဟိတဟန်ဆောင်
သေနတ်နဲ့ပစ်ကြတယ်...
စတဲ့သတင်းတွေကြားရတော့
ဗုဒ္ဓအဆုံးအမထွန်းကားတဲ့ မြန်မာနိုင်ငံ
ရေစုံမျောပြီလားလို့ ယူကြုံးမရဖြစ်ရတယ်၊
အတော့်ကို အကုသိုလ်ကြီးတဲ့လုပ်ရပ်တွေပါ၊

အခန့်မသင့် ပိုးကူးခံပြီး
ကိုယ်မလုပ်နိုင်တဲ့ ပရဟိတအလုပ်
လုပ်နေကြသူတွေကို မကူညီနိုင်ရင်တောင်
အနည်းဆုံးမုဒိတာပွားသင့်ကြတာပေါ့
ဘာမှ ငွေမကုန်ပဲရနိုင်တဲ့ကုသိုလ်ကိုတောင်
ပျော်ပျော်ကြီး အကုသိုလ်နဲ့လဲပြီး
မုဒိတာ မပွားနိုင်၊ မေးငေါ့ကြသူတွေကတော့
အတော့်ကို အကုသိုလ်ကြီးတယ်လို့ဆိုရလိမ့်မယ်၊

................

#အကြောင်းနဲ့အကျိုးပါ

ပဋိစ္စ၊ သမုပ္ပါတ်အရ
အကြောင်းနဲ့အကျိုးတွေသာပါ၊
တိုင်းပြည်ကို ရည်ရွယ်ချက်ရှိရှိ
ဖျက်င်္ဆးသူတွေ ဒီနေ့ဘာဖြစ်နေကြပါလဲ ?
အသိတရားနဲ့ ဆင်ခြင်တုံတရားနည်းပါးပြီး
ပုဂ္ဂိုလ်နောက်လိုက်၊ ဗုံးခွဲ၊ သတ်ဖြတ်သူတွေ
ဘာဖြစ်နေကြပါပြီလဲ

ယုံကြည်မှုလွဲမှားတယ်ဆိုတာ
အမှားအမှန်ကိုခွဲခြားနိုင်ခြင်းဆိုတဲ့ ပညာ
အားနည်းလို့သာပါ၊
တချိန်က အနောက်ဥရောပကြီးတခုလုံး
အမှောင်ခေတ်ဆိုတဲ့ Dark age ကိုဖြတ်သန်းခဲ့ရဘူးတယ်၊
ဘယ်လောက်အထိ ယုံကြည်မှုလွဲမှားခဲ့သလဲဆိုရင်
ကမ္ဘာကြီးလုံး​ကြောင်းသက်သေပြတာကိုတောင်
လက်မခံပဲ သတ်ဖြတ်ခဲ့သည်အထိ၊

ဒီနေ့မြန်မာဟာ
အချို့သောသူတွေအတွက်
အမှောင်ခေတ်တခုကိုဖြတ်သန်းနေရချိန်လို့
ပြောရင်ရလိမ့်မယ်၊
အပြစ်မဲ့ပြည်သူတွေကိုသတ်နေတာ
ဗုံးတွေခွဲနေတာ
အစိုးရကို အကောင်းမမြင်ပဲ
နှောက်ယှက်နေတာ၊
အထူးသဖြင့် တောထဲရောက်နေသူတွေရဲ့
အခြေအနေတွေဟာ အတော်ဆိုးဝါးနေတဲ့အကြောင်း
ဖတ်ရတော့ သားသမီးချင်း ကိုယ်ချင်းစာမိတယ်၊
ဒါပေမဲ့လည်း သူ့အကုသိုလ်နဲ့ သူဖြစ်ပြန်နေတော့
သနားတာကလွဲပြီး ဘာမှမတတ်နိုင်ပြန်ဘူး၊

အကြောင်းကြောင့်
အကျိုးတရားဖြစ်လာကြရတာတွေချည်းလို့သာ
မှတ်နေရပါတယ်၊ ဘဝတွေ အနာဂါတ်တွေ
သူတို့အတွက် လုံးဝပျက်စီးသွားခဲ့ကြတယ်၊

..................

#ကပ်ဆေးကာလ

ကပ်ဆေးကာလမို့ ပိုသတိထားသင့်ကြတယ်
(၄) ဦးတိုင်းမှာ (၃)ဦးက လူဆိုးဖြစ်နေတဲ့
ကလိယုဂ်ရဲ့ အစွမ်းပြကာလလို့ ပြောရမလားပဲ
အဲ့ဒီတော့
သဘာဝတရားကိုက
ရောဂါတွေဖြစ်ပေးရတယ်
ရာသီဥတုတွေဖေါက်ပြန်ပေးရတယ်
ငတ်မွတ်ခေါင်းပါးပေးရတယ်
စစ်တွေဖြစ်ပေးရတယ်
မတော်သူတွေကို ရှင်းလင်းဖယ်ရှားပေးရတဲ့အချိန်မျိုး

ဒီလိုကြမ်းတမ်းခက်ထန်တဲ့အချိန်မျိုးမှာ
အနေကောင်းမှတော်ကာကျပါတယ်၊
အနေကောင်းဖို့ဆိုတာ ကုသိုလ်ကောင်းမှလဲရတာမျိုးပါ
ကုသိုလ်ဆိုတာလဲ စိတ်ထားကောင်းမှ ကုသိုလ်ကောင်း
ပြန်ပါတယ်၊

ခင်ပွန်းကြီး (၁၀) ပါး
အနန္တော၊ အနန္တ (၅) ပါးကို မပြစ်မှားမိကြဖို့လိုတယ်
ကုသိုလ်ရရာ ရကြောင်းလုပ်တတ်ကိုင်တတ်ဖို့လိုတယ်
ပိုးမြူးကာလဖြစ်လို့
အပြင်မထွက်နိုင်ကြရင်တောင်မှ
အိမ်ထဲမှနေပြီး
မုဒိတာပွားတာနဲ့ကို ကုသိုလ်ဖြစ်ခွင့်ရှိနှင့်ပြီးသားပါ
အဲ့ဒီလို ရှိနှင်ပြီးသား ကုသ်ုလ်ကိုမှ
ငြင်းပယ်ပြီး... ဆန့်ကျင်ဖက်လမ်းကို
လျောက်ကြမယ်ဆိုရင်တော့...
တရားမကယ်နိုင်တဲ့
အကုသိုလ်အလွန်ကြီးကြသူများလို့ပဲ
ဆိုရပါလိမ့်မယ်။

( Just to switch to the right path, easy )

အားလုံးမုဒိတာလောက်တော့ ပွားနိုင်ကြပါစေ

#BaMaung. (6.8.21) 🙏



Related Posts: