Friday, August 6, 2021

ငါးနှစ်စာ ဦးနှောက်ထဲထည့်ခံရတဲ့ အဆိပ်ပင်း ဘယ်လိုရှင်းရမလဲ????


ယဉ်ကျေးမှု သင်းသတ်ခံရခြင်းရဲ့
ဆိုးကျိုး.....
( သို့မဟုတ် )
ကျွန်တော့်တို့ဆီက မှန်ကွဲစများ
**************************

အဘိုးကနားလေးတော့ ဖုန်းစပီ
ကာကိုဖွင့်ပြောသည်။ကျွန်တော် နား
ကြားလွဲလေသလားဟု အနားကို
တိုး၍ သေသေချာချာနားထောင်မိ
သည် ။

 " အေးပါသမီးရယ် - အိမ်ငှား
ခလေးရရင်သာ အဖေ့ကို ပိုက်ဆံ
လေးတစ်သောင်းလောက်ပို့ပေးပါ။
အဖေ အကြွေးဆပ်စရာရှိလို့ပါ
ကွယ် "
"  ဒီအချိန်မှာ ဘယ်စောက်အိမ်
ငှားမှ လစာ လာမပေးဘူး ။ လာပေး
ရင် ပို့လိုက်မယ် ။ မပေးရင်တော့
မတတ်နိုင်ဘူး "
      တစ်ဘက်ကဖုန်းချသွားသည်။
     ကျွန်တော့် အသံကိုမြှင့်ပြီး မေး
လိုက်မိသည် ။
      " အဘိုး ခုနအဖိုးဖုန်းပြောနေ
တုန်းက အနန္တော အနန္တငါးပါးဆို
တာ မရှိဘူး လို့ ပြောသံကြားလိုက်
သလားလို့"
      အဖိုးက တွေဝေစွာပြန်ကြည့်
သည် ။
      " ဟုတ်တယ် ဥက္ကဌ ၊ သမီးက
ပြောတာ ။ ငါနင့်အဖေပါဟာ  လို့
ကျွန်တော်ကလည်း ပြောမိ
တယ်လေ "
       " ဒါနဲ့ပဲ ဒီလိုပြောရရောလား။
အဘိုးမှာအကြွေးဆပ်စရာ ဘယ်
လောက်ရှိနေလို့လဲ "
        " ရှစ်ထောင်ထဲပါ ။ ဟိုဘေးက
ကုန်စုံဆိုင်မှာ ဆေးလိပ်ယူသောက်
ထားတာ ။ သူတို့ပိုကၦံမပို့တာ ၂
လရှိပြီလေ "
       " အော်- အဖိုးရယ် ဒါများကျွန်
တော့ပြောပေါ့ ။ ဒီအချိန်မှာ အားလုံး
ကြပ်တည်းနေကြတာရယ် "
       " ကျွန်တော်တို့ မိဘတွေရဲ့
လကၳဲကပိုကၦံဆိုတာ သူတို့ကို
ပေးတဲ့အခါ ဘာတန်ဖိုးမှ မရှိတတ်
ပေမယ့် သားသမီးတွေဆီကပိုက်ဆံ
ကျတော့ အဖေကိုပေးဖို့တန်ဖိုးကြီးလိုက်တာ ဥက္ကဌရယ် ~"
     အဖိုးကစိမ့်ယိုလာသောမျက်ရည်
ကို သူ့အင်္ကျိလက်စဖြင့်သုတ်ပါ
သည် ။ ပြီးမှ -
      " အခုငှားထားတဲ့အိမ်က ကျွန်
တော် လက်သမားလုပ်နိုင်တုန်းက
ဆောက်ထားတာပါ ။ အခုကျွန်တော့်
မျက်လုံးတွေ မကောင်းတော့တာက
အိမ်တွေလိုက်ဆောက်တုန်းက
ဂဟေဆော်တဲ့ အလင်းရောင်ရိုက်
လို့ပါ "
      "ဟုတ်ပါပြီ အဖိုးရယ် မျက်ရည်
တွေကျမနေပါနဲ့တော့ ။ ကျွန်တော်
တို့မိဘတွေဆိုတာ သားသမီးတွေ
ကို မျှော်လင့်ချက်နဲ့မွေးခဲ့ကြတာမှ
မဟုတ်တာ ~ "
       " ကျွန်တော့်သားသမီးတွေအ
ကြောင်းကတော့ မပြောချင်ပါဘူး
ဥက္ကဌရယ် ။ သူတို့ကိုဆယ်တန်း
အောင်တဲ့အထိ လိုလေးသေးမရှိ
စောင့်ရှောက်ခဲ့ပါတယ် ။ အဖေကို
ဘာကျေးဇူးမှမရှိဘူး တဲ့ဗျာ။ ခုန
ဥက္ကဌကြားလိုက်တာ စကားမစုံ
သေးဘူး ။ အဖေဆိုတာမရှိဘူး ။
အနန္တောအနန္တငါးပါးဆိုတာလည်း
မရှိဘူး ။ သံသရာမှာ တလှည့်စီဖြစ်
နေကြတာတဲ့ "
       "ဗျာ ~"
       ကျွန်တော်ဆက်နားမထောင်ဝံ့
တော့ပါ ။ အဘိုးအနီးကကျွန်တော်
ခွာခဲ့ပါသည် ။ 
      ကျွန်တော့နားတွင် အဖိုး၏
စကားတစ်ခွန်း ရစ်ဝဲပါလာသည် ။
      " အဖေဆိုတာမရှိဘူး ။
အနန္တောအနန္တငါးပါးဆိုတာလည်း
မရှိဘူး ။ သံသရာမှာ တလှည့်စီဖြစ်
နေကြတာတဲ့ "
      ဒီဒဿနတွေ ကျွန်တော်တို့မြန်
မာတွေဆီဘယ်အချိန်ကများ 
ရောက်လာပါလိမ့် ။
     အဘိုးအဘွားတွေအတွက် 
အစစအရာ ရာ ပြည့်စုံအောင် စဉ်း
စားပြီးဖြည့်ဆည်းစောင့်ရှောက်ရာ
တွင် ဆေးလိပ်သောက်စရာနေရာစီ
စဉ်ပေးထားသော်လည်း ဆေးလိပ်
ကိုတော့ မစီစဉ်ပေးမိပါ။စီစဉ်ပေး
ရဦးမည်ဟု ကျွန်တော်မှတ်သား
ထားလိုက်ပါသည် ။

       ကျွန်တော်ပင်စင်ထုတ်ခဲ့ပြီး
နောက်အဘိုးဆေးလိပ်ကျွေးကိုဆပ်လိုက်သည် ။ အဘိုးဆေးလိပ်
လာယူလျှင်ပေးလိုက်ပါ ၊ကျတာကျွန်
တော်ပေးမည် ဟုလည်း ပြောခဲ့ပါ
သည် ။
       "သားသမီး ခိုကိုးရာ မရှိသည့်
အဘိုးအဘွားတွေကိုမှစောင့်
ရှောက်မည်" ဟု ကျွန်တော်တို့ဘိုး
ဘွားဂေဟာ၏ ကန့်သတ်ချက်ကို
တော့ပြန်စဉ်းစားရရလိမ့်မည်ထင်
သည် ။ 
       သားသမီးရှိလျက် ခိုကိုးရာ
မဲ့နေသော ဘိုးဘွားများရှိနေသည်ကို
ကျွန်တော်နားလည်နိုင်ပါပြီ ။

မောင်ချိုဝေ
၃၊ ၈၊ ၂၀၂၁
Credit - မောင်ချိုဝေ