ဒီမိုကရေစီဘိုးအေနိုင်ငံ အမေရိကန်မှာ ဥပဒေအရ ခရစ်ယာန် မဟုတ်ရင် သမ္မတဖြစ်ခွင့်မရှိဘူး ဒီတော့ ဒီမိုကရေစီရဖို့ ဘာသာရေးကို အားမပေးရဘူးဆိုတဲ့ အရူအဆမမှန်ဘူးဆိုတာ သေချာတယ်။ ဗုဒ္ဓဘာသားအများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ တိုးတက်ကြီးပွားအောင် သာသနာပြုခွင် ဗုဒ္ဓဘာသာကို ကာကွယ်ခွင့်ဟာ မြန်မာဗုဒ္ဓဘာသာတွေရဲ့ မွေးရာပါ လူ့အခွင့်အရေးဖြစ်တယ် ဘယ်သူကမှ တားစီးခွင့်မရှိဘူး။
ပြီးခဲ့တဲ့အစိုးရ ၅ နှစ်မှာ ဗုဒ္ဓဘာသာတွေအတွက် စိတ်မကောင်းစရာတွ ကြုံတွေ့ခဲ့ရတယ် ကာချုပ်တောင် ၆ လ ပြည့်မိန်ခွန်းမှာ ထဲ့ပြောသွားတယ်။ အားလုံး မှတ်မိကြမှာပါ ဒေါ်စုကြည် ကိုယ်တိုင် အမျိုးသမီးဝင်ခွင့်မရှိတဲ့ ရွှေစက်တော်ဘုရား အောက်စက်တော်ရာကို ဝင်ပြခဲ့တယ် အဲ့တာကျနော်တို့ အတွက် စိတ်မကောင်းစရာတွေ ထဲကတခုဖြစ်တယ်။ ကျနော်တို့ ဘာသာရေးကို ပြည်ပကြိုးကိုင်မှုနဲ့ အဖျက်စီးခံနေရတာပါ အခုအချိန်မှာ သာသနာဖျက် မိစ္ဆာတွေ အရှိန်ပိုရလာတယ် သူတို့ကို သတိပိုထားရမယ်။
ကိုဗစ်ကာလ ရှည်ကြာလာတော့ တချို့ဘုန်းကြီးတွေရဲ့ လဘ်လာဘရှားပါးမှုကို အခွင့်ကောင်းယူပြီ အကြမ်းဖက်သမားတွေက နိုင်ငံခြားက ထောက်ပံ့တဲ့ အလှူငွေတွေကို ဘုန်းကြီးကျောင်းတွေစီ တဆင့်ခံ လှူဒါန်းခဲ့ကြတယ်။ လက် ၃ ချောင်းထောင်းတဲ့ ဘုန်းကြီးတွေကို သေသေချာချာ စစ်ဆေးရမယ် လက် ၃ ချောင်းထောင်း ပေမယ့်အကြမ်းဖက်သမားနဲ့ မပတ်သက်တဲ့ ဘုန်းကြီးတွေလည်း အများကြီးပဲ။
ကျောင်းထိုင်း ဆရာတော်တွေအနေနဲ့ ကျောင်းဝင်းထဲ လက်နက်သိုဝှက်မှု မရှိအောင် သတိထား စောင့်ကြည့်ပါ။ ဆရာတော် သံဃာတော်တွေ အနေနဲ့ အကြမ်းဖက်ကို ပတ်သက်မိလို့ ဒုက္ခရောက်တာ မဖြစ်သင့်ပါဘူး။ မြန်မာပြည် ကံကောင်းတာ အခုခေတ် NLD ထောက်ခံတဲ့ ဘုန်ကြီးတွေ တော်တော်ကြီး နည်းသွားပြီ ဆန္ဒပြပွဲတွေ အရှိန်ကောင်းတုံးက ရွှေဝါရောင်အရေးခင်းလို ဘုန်ကြီးတွေ မထွက်တော့ဘူး။
You Tube မှာ live တွေ့နေရတဲ့ ဓားသွေးထား တပ်ထောက်ခံ သူတွေကို ခလေးကအစ လည်လှီးသတ် ရမယ်ဆိုတဲ့ ကိုယ်တော်ကိုလည် အစိုရကဖမ်းဖို့ ကြိုးစားပေးစေချင်တယ်။ အဲ့ဒိကိုယ်တော် လေနဲ့ ပြောနေတာပါဆိုပြီး ပေါ့ပေါ့မတွေး စေချင်ဘူး အဲ့လိုဘုန်းကြီးကြောင့် ဘာသာရေး အကြီးအကျယ် ပုံရိပ်ကျတယ် အဲ့ဒိကိုယ်တော် သီရိလင်္ကာမှာ နေတယ်လို့သိရတယ် သေချာတော့မသိဘူး။
ခရစ်ယာန်ဘုရားကျောင်းထဲ၊ ဗလီထဲ လက်နက်မဖွက်ပဲ တမင်တကာ ဘုန်ကြီးကျောင်ထဲ လာလုပ်နေတာ ကမ္ဘာက ဗုဒ္ဓဘာသာကို အကြမ်းဖက်ဘာသာလို့ မြင်းအောင်လုပ်တာ မသိဘူးမထင်နဲ့ မိစ္ဆာငနီတွေ။ မန္တလေး မြတောင်ကျောင်း မှာ လက်နက်မိတဲ့ ကိစ္စကြတော့ မျိုးရန်နောင်သိန်း တို့တွေက လက်နက်မမိရင် ပြည်သူကို သတ်လို့ရတယ် အမြတ် မိသွားရင် ဗုဒ္ဓဘာသာ သိခ်ခါကတြယျ အမြတ်လို့ တွက်တာပါ။
NLD ထောက်ခံသူတွေ အနေနဲ့ ကိုယ်လုပ်ရပ်ကိုယ် နောင်တရပြီး ကိုယ့် ဘာသာသာသနာကို ကာကွယ်ဖို့ အချိန်မနှောင်းသေးပါဘူး သတိပြုပါ။
ဘဦး ( ၆.၈.၂၀၂၁ )