Friday, August 20, 2021

BBC အကြောင်း သတင်းကောင်း မြန်မာ ဆိုတာ


မွန်ဂိုလီးယားမှာ ကျွန်တော်က မြန်မာလူမျိုး ဖြစ်နေလို့ 
သူတို့က အရမ်းစိတ်ဝင်စားကြတာလေ တွေတဲ့လူတိုင်း 
မေးခွန်းပေါင်းစုံ မေးတာ ခံရတယ် ... 

သူတို့မေးသမျှထဲက ယနေ့အထိမှတ်မိနေတဲ့ မေးခွန်း
တွေက ... 

" မင်းတို့ မြန်မာပြည်မှာ ဗိုလ်ချုပ်တွေကို ဆည်ထဲ
ပစ်ချပြီး ငါးစာကျွေးကြတာဆို ဟုတ်လား "...

" မင်းတို့က ဆံပင်ပုံ ၅ မျိုးပဲ ညှပ်ခွင့်ရှိတယ်ဆို "...

" မင်းတို့ ထမင်း တနပ်ထဲနဲ့ ဘယ်လို အသက်
ရှင်ကြလဲ "...

" မင်းအခု ဂျင်းဘောင်းဘီ ဘာလို့ ဝတ်တာလဲ 
မင်းနိုင်ငံ ပြန်ရောက်ရင် စစ်တပ်ကသိပြီး ပစ်သတ်မှာ
မကြောက်ဘူးလား "...

စသည်ဖြင့် စုံနေအောင် အမေးခံခဲ့ရဘူးတယ် ...

ကျွန်တော်က မင်းတို့ပြောတာမဟုတ်ကြောင်း ငါတို့
့နိုင်ငံကို မြောက်ကိုရီးယားနဲ့ မှားနေတာ ဖြစ်မည်ဆိုတဲ့ 
အကြောင်း အာပေါက်အောင် ရှင်းပြဖူးတယ် ...

ဒီလိုပေါက်ကရတွေကို မင်းတို့ကို ဘယ်သူပြောတာ
လဲ ဆိုတော့ BBC တဲ့လေ ... 

ဒီလိုနဲ့ ကျွန်တော် 2010 လောက်မှာ အိန္ဒိယကို 
ရောက်တယ် ...

အဲ့မှာ ပရော်ဖက်ဆာ ဒေါက်တာဗန်ကူးဘား ဆိုတဲ့ 
အလွန်ဖော်ရွေတဲ့ မိတ်ဆွေကြီးတစ်ဦးနဲ့ ရင်းနှီး ခင်မင်
ခွင့်ရခဲ့တယ် ...

သူ့မှာ ကျွန်တော်နဲ့ ရွယ်တူ သမီးတစ်ယောက်ရှိပြီး
သူ့သမီးက နယူးဇီလန်နိုင်ငံသား ခံယူထားတဲ့ လက်
ထောက် ဆရာဝန်မလေး ဖြစ်ကြောင်းလဲသိရတယ် ...

နှစ်သစ်ကူးတော့ သူ့သမီး ဆရာဝန်ပေါက်စက အိန္ဒိယ
ကို ပြန်လာတာပေါ့ ...

အဲ့မှာ ကျွန်တော်နဲ့ တွေ့ပါလေရောပေါ့ဗျာ ...
သူ့သမီး ဆရာဝန်ပေါက်စမက သူ့အဖေကို မြန်မာတွေ
က ဘာသာရေး အစွန်းရောက်တွေ ဖြစ်ကြောင်း ...

မွတ်စလင်နဲ့ ခရစ်ယာန်တွကို အစုလိုက်အပြုံလိုက်
သတ်ပစ်ကြောင်း ...

မြန်မာနိုင်ငံမှာ လူသတ်မုဒိန်းကျင့်တာ ဘာပြစ်မှုမှ
မမြောက်တဲ့အတွက် သူတို့က လူသတ်ဖို့ ဝန်မလေး
ကြောင်း ...

အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး ဆိုတာ ဘာ
မှ မရှိကြောင်း ... 

သူ့အဖေကိုလဲ မြန်မာတွေနဲ့ မပေါင်းစေလိုကြောင်း
တွေ ပြောသတဲ့ ... 

ဒေါက်တာ ဗန်ကူးဘား ပြန်ပြောပြလို့ စိတ်မကောင်းစွာ
သိခဲ့ရတယ် ...

ကမ္ဘာကြီးမှာ ရှိတဲ့လူတွေ မြန်မာဆိုတာကို ဘယ်လို
ပုံစံနဲ့ သိနေကြတာလဲ ...?

ဥပမာအနေနဲ့ ပြောပြမယ် မြောက်ကိုရီးယား သတင်း
တွေ ဖတ်ကြည့် ဟိုမှာဗိုလ်ချုပ်တွေကို ခွေးစာကျွေး
ပစ်တာ ဟုတ်ချင်ဟုတ်မယ် မဟုတ်ချင် မဟုတ်ဘူး ...

ဘယ်မြန်မာလူမျိုးမှ မြောက်ကိုရီးယား မရောက်ဖူးတော့
မှန်သလား မှားသလား မသိပါဘူးလေ ...

အများစု နိုင်ငံတကာ ဆိုတာကြီးက ပြောသမျှယုံနေကြ
တယ် ...

ဟုတ်လား မဟုတ်လား စဉ်းစားဥာဏ်နဲ့ တွေးချိန်မရ
အောင်ကို အတုတွေက ပြန့်နှံ့လွယ်နေတယ် ... 

ဒါဟာ လူသားအသိဥာဏ် ကျွန်ပြုခံရခြင်းလို့ ခေါ်ပါ
တယ် ... 

နိုင်ငံတိုင်းရဲ့ တည်ဆဲအစိုးရတွေကလဲ ဒီလိုပြဿနာ
တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြတာပါပဲ ... 

ကျွန်တော်တို့ တိုင်းပြည်မှာရော ဘယ်လို Policy
တွေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်း နေကြသလဲ ... ?

National Identity အမျိုးသားယဉ်ကျေးမှု စရိုက် 
လက္ခဏာနဲ့ National building အမျိုးသား ကြင်
အင်လက္ခဏာတွေ ဆိုတာ ပေါ်လစ်တိုက်သလို ... 

ပြောင်နေအောင် သ နေရတာဗျ ဒါမှတိုင်းပြည်နဲ့ လူမျိုး
ရဲ့ပုံရိပ်က ဝင်းပနေမှာလေ ... 

အခုတော့ဗျာ ဘယ်ကောင်က ဘာပြောပြော ငြိမ်ခံ
အောင့်ခံ ကြာတော့အမှန်တရားကြီး ဖြစ်သွားသလိုလို
တွေးကြည့်ရင် ရင်မောမိပါတယ် ... ။ ။

ဘကြီးအောင် 
( ခရီးသွား မှတ်တမ်းများ )
#Credit