ငမျိုးရေ ငမျိုး နဲ့ အိမ်ရှေ့က အသံဆိုးကြီးနဲ့ အော်ခေါ်နေတဲ့ ကိုစိုးကြောင့် ဖုန်းပွတ်နေရာက ထသွားပြီး ဝန်းတံခါး ဖွင့်ပေးရပါတယ် ။
"မင်းကလည်း ခေါ်လိုက်ရတာ ကွာ ''
"အမလေးဗျာ နှစ်ခွန်းခေါ်ရပါသေးတယ် ဘာကိစ္စအရေးကြီးလာလို့တုန်း ''
"အရေးမကြီးပါဖူးကွာ မနက်က မလာရလို့ ဘာသတင်းထူးလဲ သိချင်လို့ပါ ''
"ခင်ဗျားလည်း fb ကြည့်နေတာပဲ ကိုယ့်ဘာသာ ရှာပေါ့ဗျ ''
"မင်းလို အလုပ်မရှိ အကိုင်မရှိ မဟုတ်တော့ အချိန်မပေးနိုင်လို့ ကွ ''
"လုပ်ပြီ လူကို အသားလွတ် နှိမ်ပြန်ပြီ ကဲ နောက်ဆုံးသတင်းတခု ပြောပြမယ် ရန်ကုန်က ဆေးတွေ သိုလှောင်ထားတဲ့ ဆေးဂိုဒေါင် ၂၄ လုံး စစ်ဆေးပြီး ချိပ်ပိတ်လိုက်ပြီ ''
"ဟေ သတင်းကောင်းပေါ့ ကွ နောက်ကော ''
"မသိတော့ဖူး ပြန်တော့မှာလား မပြန်သေးလည်း ထိုင်ပြောလာအိမ်ထဲ ''
" မင်းရေးခဲ့တဲ့ ဇော်ဝေစိုးအကြောင်းက အခုမှ သိရတယ်ကွာ အတော်အံ့သြစရာပဲ ကွ မင်းကလည်း သူများသောက်တင်းဆို ကြံကြံဖန်ဖန် ရှာတတ်ပါ့ ကွာ ''
"လုပ်ပြီ မြန်မာတွေက ပုဂ္ဂိုလ်ရေး ကိုးကွယ်တဲ့ စောက်ပိန်းတွေမို့ ရှင်းသွားအောင် သူဘာကောင်မှ မဟုတ်ဖူးဆိုတာ သိစေချင်လို့ ရေးတာ ဗျ ''
"အင်း တကယ်တမ်းကျတော့ မင်းက အပျိုကြီး ရွှေသဲ နဲ့ တူနေပြီ ကွ ''
"ဟမ် ဘယ်လို ဘယ်လို ''
"ဒီတခါ မင်းကို ငါက ပုံပြင်ပြန်ပြောပြမယ် ကွ ''
"အံမယ် ရှားရှားပါးပါး ကဲ ပြောစမ်းပါအုံး ''
"တခါတုန်းက မြို့တမြို့မှာ အင်မတန် ရှက်တတ်တယ်လို့ နာမည်ကြီးတဲ့ ခပ်ချောချော အပျိုကြီး ရွှေသဲ ဆိုတာ ရှိတယ်ကွ ''
"အင်း ဒီတော့ ''
"တနေ့ကျတော့ အပျိုကြီးက အနီးဆုံး ရဲစခန်းကို ဖုန်းဆက်တိုင်တယ်ကွ ''
"အမ်း...ဘာလို့တဲ့ တုန်းဗျ ''
"သူ့မျက်နှာခြင်းဆိုင် အိမ်က လူပျိုလေးဟာ သူ့ကို မဖွယ်မရာ လုပ်ပြတယ်ဆိုပြီး တိုင်တာဗျာ မြန်မြန်လာပါ အခုထိ လုပ်ပြနေတုန်းပါတဲ့ ''
"အင်း ရဲစခန်းကလည်း နီးတော့''
"ရဲတွေလည်း ချက်ခြင်းလာကြပါတယ် အပျိုကြီးအိမ်ထဲရောက်တော့ ကဲ ဘယ်သူလည်း ရှိသေးလား ဆိုပြီး မေးတော့ အပျိုကြီးက ရှေ့ဖက်က လမ်းခြားနေတဲ့ ခပ်လှမ်းလှမ်းက မျက်နှာခြင်းဆိုင် အိမ်ကို လက်ညှိုးထိုးပြပြီး ရှိသေးတယ် ဟိုမှာ ဟိုမှာ လို့ ပြောသတဲ့ ''
"ကဲ တရားခံ မိရောပေါ့ ''
"အေးကွ ရဲတွေလည်း ခပ်လှမ်းလှမ်းက လမ်းခြားနေတဲ့ ရှေ့ဖက်ကအိမ်ကို ကြည့်ကြပေမယ့် ဘာမှ မတွေးရဖူး တဲ့ ''
"ဟမ် ဘာလဲ သရဲခြောက်တာလား ''
"အေးပေါ့ ရဲတွေက ဘယ်မလဲ အပျိုကြီး ဘာမှ မတွေ့ပါဘူး ဆိုပြီး ပြန်ပြောတော့...''
"အင်း ဘာပြောလဲ အပျိုကြီးက''
"သြော် ရဲတွေ ရဲတွေ ရဲ လုပ်စားနေပြီး အတော် အကြ နကြ ပါလား ရှေ့စားပွဲပေါ်က မှန်ပြောင်းနဲ့ အဲဒီအိမ် အိပ်ခန်းထဲ လှမ်းကြည့်လိုက် ကိုယ်တုံးလုံးကြီး မြင်ရလိမ့်မယ် အဲလောက်မအကြစမ်းပါ နဲ့ တဲ့ ''
"ဟားးးးဟားးးဟားး အပျိုးကြီး ရွှေသဲက သူ့ဘာသာ မှန်ဘီလူးနဲ့ ချောင်းကြည့်ပြီး ပြဿနာ ရှာတာကိုး... ''
"အေးလေ ကွာ ဟိုက သူ့အိမ်ထဲသူ နေတာကို ပြဿနာရှာနေတာကိုး ကွ ဒါကြောင့် မင်းလည်း..''
"အင်...ကျနော်က ဘာဖြစ်လဲ''
"သြော် သူဘာသာ အိမ်ထဲနေ နေကြတဲ့ အနီတွေကို မှန်ဘီလူးနဲ့ ချောင်းကြည့်ပြီး အပြစ်ရှာ ရဲတိုင်တဲ့ အပျိုကြီ မရွှေသဲ နဲ့ မင်းနဲ့ အတူတူ ဖြစ်နေသလား လို့ပါကွာ''
"ဟာ ငိုးမ ကိုကြီးစိုး အသားလွတ် လာဖဲ့နေတယ် ခင်ဗျား ပြန်တော့ဗျာ..''
"သိသားပဲ မင်းဒီလိုပြောမယ် ဆ်ုတာ ဒါကြောင့် ဖိနပ်တောင် စီးပြီးပြီ လစ်ပြီဟေ့ အပျိုကြီး ''
"အေး ခင်ဗျား နောက်နေ့ လာမေးကြည့် ''
"ပါဆယ်ပါလာရင် မင်း အချိုးပြောင်းသွားမှာ သိပြီးသားပါကွာ သွားပဟေ့ ''
ငိုးမ ကိုကြီးစိုး ပေါက်ကရပုံပြင် ပြောပြီး ကိုယ့်လာဖဲ့သွားတယ် ဒင်းတော့ တွေ့အုံးမယ် ။
ကိုရွှေမျိုးဝင်း
နာမည်တူ အပျိုကြီးတွေ ပါသွားရင် sorry နော်😁😁