Wednesday, August 11, 2021

အဆုတ် မကျန်းမာတော့ဘူးဆိုရင် သင့်ကို ဒီလိုလက္ခဏာတွေက ပြနေပါလိမ့်မယ်။


၁/ ကျောနဲ့ ပုခုန်း နာကျင်ခြင်း။
ချောင်းဆိုးခြင်း ခဏတာမဟုတ်ဘဲ
ဖြစ်လိုက်ပျောက်လိုက်ဆိုရင် ဆရာဝန်နှင့်ပြသင့်ပါတယ်။ ချောင်းဆိုးရင်းသွေးပါရင် ပိုသတိထားပါ။

၂/ အသက်ရှုမဝခြင်း။
 ထိုသို့ဖြစ်တာဟာ နှလုံးနဲ့အဆုတ်ရဲ့အပြအများဆုံးပါဘဲ။ လေကောင်းလေသန့်ရှုပေးပါ။ အဆုတ်ကျန်းမာတဲ့လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ မသက်သာဘူးဆိုရင်ဆရာဝန်နှင့်ပြသင့်ပါတယ်။

၃/ မျက်လုံးနှင့် အရေပြားအရောင်ပြောင်းခြင်း။
အသားအရေနဲ့မျက်လုံးဝါတာဟာ အဆုတ်နဲ့အသည်း ပြဿနာကြောင့်ပါ။
မျက်သားတွေအဝါရောင်ပြောင်းလာပြီဆိုရင် ဆရာဝန်နှင့်အမြန်ဆွေးနွေးပါ
 မပေါ့ဆပါနဲ့။

၃/အားအင်ကုန်ခန်းခြင်း။
တစ်နေကုန် အလုပ်လုပ်ရတဲ့သူတွေဟာ ပင်ပန်းကြတာချည်းပါဘဲ။
ဒါပေမယ့် အိပ်ရေးပျက်ခြင်း -စိတ်ဖိစီးမှုများခြင်း-မောပန်းနွမ်းနွမ်မှုကိုမကြာခဏခံစားနေရမယ် -အစားစားချင်စိတ်မရှိခြင်း-ချောင်းဆိုးတာလည်းမပျောက်ဘူးဆိုရင် သင့်အနေနှင့် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုနေပါပြီ ။
အဆုတ်ကျန်းမာရေးကောင်းအောင် ဆေးလိပ်ရှောင်ကျဉ်ပါ။လေ့ကျင့်ခန်းတစ်ခုခုပုံမှန်လုပ်ပေးပါ။လတ်ဆတ်တဲ့ လေ‌ ကောင်းလေသန့်တို့ကို ရှုပေးပါ။

အားလုံး ကျန်းမာပျော်ရွှင်သောဘဝကို
ပိုင်ဆိုင်ကြပါစေ။

    ✍️ Dr.စည်သူထင်လတ်...