Saturday, August 21, 2021

ရေးကြပါ


       ဒီကနေ့ မရေးတော့ဖူး လို့ စိတ်ကူးနေတာ စိတ်ပူပြီး ဖုန်းဆက်မေးကြ ၊ messenger ကနေ မေးကြနဲ့မို့ ရေးလိုက်တာပါ ။

      fb မှာ like နဲလို့ တချို့က ရေးချင်စိတ် နည်းပါးတဲ့သူတွေ ရှိသလို ငါတို့ရေးတာ အထက်လူကြီးတွေ မသိပါဖူး ဆိုပြီး အားလျှော့ထားတဲ့ သူတွေလည်း ရှိပါတယ် ။ 

     အဲလို မဟုတ်ပါဘူး လူအများစုက ခင်ဗျားတို့ တင်သမျှကို ဖတ်နေကြပါတယ် ၊ like နဲ့ မန့် ကိုတော့ မပေးကြပါဖူး ။ 

      ကျနော် သရဲဖမ်းသူများ အခန်းဆက် ရေးနေတုန်းက like ၄၀၀ ကျော် ၅၀၀ နဲ့ မန့် ၁၀၀ မပြည့်ပါဖူး ။ ဇော်ဂျီ နဲ့  ယူနီ စပြောင်းစ ကျနော်တင်လိုက်တာ ဘယ်လိုဖြစ်တယ် မသိဖူး စာတွေက ဖတ်မရတော့ဖူး ။ 

        ချက်ခြင်း ဆိုသလိုပါပဲ like ပေါင်း ရာချီတက်လာပြီး ဖတ်မရဖူး ဆိုတဲ့ မန့် တွေ ၃၀၀ လောက် ခဏလေးနဲ့ တက်လာပါတယ် ။ ပြောချင်တာက လူတွေ ဖတ်နေပြတာ သိစေချင်လို့ပါ ။ 

         အထက်လူကြီးတွေလည်း ဖတ်နေကြပါတယ် ။ မလုပ်နိုင်ကြသေးလို့ မသိဟန်ဆောင်နေကြတာပါ ။ 

      ကြည်း သု ဆိုတဲ့ ဌာနကြီးက စိတ်ပညာရှင် တပ်မတော်သားတွေက ပို့စ်တွေကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာကြပါတယ် ။ စေတနာ နဲ့ တင်ပြတာလား ၊ အပြုသဘောလား အဖျက်သဘောလား ဆိုတာ အကဲဖြတ်နေကြပါတယ် ။ 

        ရေးစရာ ရှိတာ ရေးကြပါ ။ ကျနော်တို့လည်း ရေးနေကြတာပါပဲ ။ ဒီကနေ့ မရေးဖြစ်တာ အလုပ်များပြီး ပျင်းနေတာကြောင့်လည်း မရေးဖြစ်တာပါ ။ 

     လိုင်းပေါ် မတွေ့ရင် ခါတိုင်းလို အကောင့် ကျနေသလားလို့ ရိုးရိုးလေး မတွေးကြတော့ဖူး ၊ ကိုဗစ်လား... ? PDF ရန်ကြောင့်လား... ? ဆိုပြီး တဆုံးတွေး စိတ်ပူနေသူတွေ အတွက် ရေးလိုက်ရပါတယ် ဗျာ ။

      ကိုရွှေမျိုးဝင်း      

(Komyo Win ACC တင်မရသေးပါဘူး ဘာဖြစ်မှန်းလည်း မသိရပါဖူး ဗျာ)