Saturday, August 21, 2021

"ပုပ်ရင်ပေါ်မှာပဲ"


"ဦးအောင်ဆန်းဦးက
ဘာ့ကြောင့် နာကျည်းနေသလဲ"

အင်္ဂလန်ရှိ Oxford တက္ကသိုလ်ဆိုတာ 
ဝင်ခွင့်ရရန် ခက်ခဲသလို ကုန်ကျ စရိတ်လည်း 
ကြီးမြင့်လွန်းတဲ့အတွက် တော်ရုံလူတန်းစား 
မတတ်နိုင်ပါဘူး။ 

ဒါပေမယ့်
ဒေါ်ခင်ကြည် အိန္ဒိယသံအမတ်ဘဝမှာပဲ
သူ့မိသားစုအတွက် လိုအပ်နေသော
လူမှုရေး ကိစ္စအဝဝ ကို
ဦးနု၊ ဦးနေဝင်းနှင့် ဦးသန့်တို့က
ကူညီပေးခဲ့ရပါတယ်။

ပထမဆုံး
ဦးအောင်ဆန်းဦးကို 
မောင့်ဘက်တန်က အင်္ဂလန်ကို ခေါ်သွားပြီး
Dover ကောလိပ်နဲ့ Imperial
ကောလိပ်တို့ မှာ အင်ဂျင်နီယာ ပညာ
သင်စေခဲ့ပါတယ်။

အဲဒီနောက်
ဦးစွာ ဗြိတိန်ရေတပ်မှာအလုပ်ဝင်ခဲ့ပြီးမှ
(၁၉၇၃) ခုနှစ် 
ဦးအောင်ဆန်းဦး အသက် (၃၀) အရွယ်ကျမှ
အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့သွားပြီး
အမေရိကန် နိုင်ငံသား ခံယူခဲ့တာ
လူသိနည်း လှပါတယ်။

မောင့်ဘက်တန်ဟာ
ဒေါ်စုကိုလည်း Oxford တက္ကသိုလ်သို့ 
ဝင်ခွင့်ရရေး အတွက် သူ့ရဲ့ "Royal Family
(တော်ဝင်မိသားစု)" ဩဇာဖြင့်
တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီသို့
မေတ္တာရပ်ခံပေးခဲ့လို့ ဝင်ခွင့်ရခဲ့ပါတယ်။

စကောလားရှစ် ရဖို့အတွက်တော့
ဦးသန့်က ထောက်ခံပေးခဲ့ရပါတယ်။
သူတို့ မောင်နှမဟာ "Anne" မင်းသမီးထက်
၃/၄ နှစ်ကြီးပါတယ်။
မောင့်ဘက်တန်ဟာ
တူမတော် Anne မင်းသမီး နည်းတူ
စောင့်ရှောက်ခဲ့ပါတယ်။

ဒေါ်စုဟာ ဘာသာခြား လူမျိုးခြား 
အမျိုးသားများနဲ့ ချစ်ကျွမ်းဝင်တဲ့ အခါတိုင်း 
အကိုဖြစ်သူနဲ့ စကားများလေ့ရှိပါတယ်။ 

အကိုဖြစ်သူရဲ့ ဆိုဆုံးမမှုကို နာခံလေ့မရှိတဲ့
ဒေါ်စုဟာ အဲရစ်နဲ့ လက်ထက်ချိန်မှာ 
အကိုနဲ့ အကြီးအကျယ် စကားများကြ၍ 
ကိုယ်ထိလက်ရောက် ဆုံးမရသည်အထိ
ဖြစ်ခဲ့ရပါတယ် ။

နောင်တချိန်မှာ
အောင်ဆန်းမျိုးဆက်ဟာ
မြန်မာနိုင်ငံ အတွက် အရေးပါလာနိုင်တယ်လို့
ကြိုတင်တွက်ဆထားမိတဲ့ 
ဦးသန့်နဲ့ မြန်မာလူကြီးတွေဟာ
ဒေါ်စုကို ဆုံးမစကားပြောရင်
ကတ်ကတ်လန်ရန်တွေ့ပြီး......
"ကျမ အမုန်းဆုံးက မြန်မာလူမျိုးတွေပဲ" လို့
ပြောဆိုတဲ့အထိ မိုက်ရိုင်းခဲ့လို့ 
ဦးသန့်တို့ ရင်ကွဲပက်လက်ဖြစ်ခဲ့ရပါတယ်။ 

အဲဒီတုန်းကသာ
အကို နဲ့ ဦးသန့်တို့ 
စကားနားထောင်ပြီး လင်ယူ မမှားခဲ့ရင် 
(၅၉ စ) ဆိုတာကို ပယ်ဖျက်ဖို့
တောင်းဆိုစရာ လိုမယ် မထင်ပါဘူး။

ဦးအောင်ဆန်းဦးဟာ အဲဒီကတည်းက 
နာကျည်းနေလို့ အမွေကိစ္စမှာ တင်းခံ
နေတာပါ။ 

လှူမယ်ဆိုရင်
သူလက်မှတ်ထိုးပေးမယ်ဆိုတဲ့
စကား
ပြောထားတော့ လိုချင်လောဘ
စိတ်ထက် မခံချင်စိတ်က ပိုနေပုံပါပဲ။

(တကယ်တော့အောင်ဆန်းမျိုးဆက်ကို
ကာကွယ်ဖို့ ကြိုးစားရင်းမောင်နှမ
နှစ်ယောက်ကြားမှာ နာ 

#Crd: မူရင်း