Friday, August 20, 2021

နိုင်ငံရေးမှာ လိမ်မာပါးနပ်မှု မရှိရင် ချင်းပြည်နယ်ဟာ ပိုနစ်မွန်းဖို့ပဲရှိမယ်



ချင်းတွေရေ..
သူများသွေးခွဲတိုင်းနားယောင်ကြပါနဲ့

၂၀၁၉ ကြားဖြတ်သန်းကောင်စာရင်းတွေကိုပဲ ကြည့်ကြည့် ၊
မျက်မြင်တွေ့နေရတဲ့ အခြေအနေတွေကိုပဲ ကြည့်ကြည့်
ချင်းပြည်နယ်ဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေထဲ မှာ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တာတွေ့ရမှာဖြစ်တယ်။

နယ်မြေတည်နေရာ အနေအထားအရလည်း မြောက်ဘက်မှာ အိန္ဒိယနိုင်ငံရဲ့ မဏိပူရပြည်နယ်၊ အနောက်ဘက်မှာ မီဇိုရမ်ပြည်နယ်နဲ့ ဝန်းရံထားသလို တောတောင် ထူထပ်မှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို သဘာဝသံယဇာတတွေ ရှားပါးမှု တွေကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံးဒေသတစ်ခုလည်းဖြစ်နေခဲ့တယ်။ ခရိုင်(၄)ခု ၊ မြို့နယ်(၉)ခု၊ ကျေးရွာပေါင်း ၁၅၀၀ ကျော်နဲ့ ဖွဲ့စည်းထားသလို ပြည်နယ်တစ်ခုလုံးမှာမှ လူဦးရေ (၅)သိန်းပတ်ချာလည်သာရှိတယ်။

စားရေးသောက်ရေးအတွက် တောင်ယာစပါး၊ ပြောင်းနဲ့ပဲကို အဓိက စားသောက်ကြသ လို အဓိက ထွက်ကုန်အနေနဲ့လည်း ပြောင်းနဲ့ ပဲ ပဲရှိနေတာကို တွေ့ရမှာဖြစ်တယ်။
ပိုပြီး နက်နက်ရှိုင်းရှိုင်းပြောရရင် ဘာသာရေးကိုနွယ်ပြီး လူငယ်အများစုက နိုင်ငံရပ်ခြားမှာ အနေ များသလို ကျေးရွာတွေတိုင်းမှာဆိုရင်လည်း သက်ကြီးရွယ်အိုတွေသာ အများစု ရှိနေ တယ်ဆိုတာ ပကတိ အမှန်တရားပဲဖြစ်တယ်။
လက်ရှိ ချင်း PDF တွေကို ထောက်ပံ့ပေး နေတာကလည်း ပြည်ပရောက် ချင်းလူမျိုးတွေရဲ့ငွေကြေးစီးဆင်းမှုတွေကြောင့်ဖြစ် ပါ တယ်။

ချင်းပြည်နယ်ရဲ့ တစ်ခုတည်းသော လေဆိပ် ဆူဘုန်ရ်ဆိုတာ ဦးသိန်းစိန် အစိုးရ ဆင်းခါနီး မှာ လုပ်ငန်းစတင်ခဲ့တာဖြစ်သလို ပြည်နယ်တစ်ခုအနေနဲ့ ဆက်စပ်နေတဲ့ ပလက်ဝဒေသအခြမ်းမှာ စစ်ပွဲတွေဖြစ်နေခဲ့လို့လည်း ပိုပြီးတည်ငြိမ်မှုတွေကင်းမဲ့နေခဲ့ရ တယ်။

ချင်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး ဒီထက်ပိုကောင်းမွန်လာခဲ့ရင်တောင် ခရီးသွား လုပ်ငန်းအနေနဲ့ ရိဒ်ရေကန်၊ နတ်မတောင်၊ ဘုံတလာ ရေတံခွန်နဲ့ ကနေဒီ ဆင်စခန်းတို့လောက်ပဲ လောက်လောက်လားလား လက်ညိုးထိုးပြစရာရှိတယ်။

စစ်ရေးအမြင်အရ ချင်းပြည်နယ်ကို ခွဲခြားကြည့်မယ်ဆိုရင် တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲပြောရမှာဖြစ်ပါတယ်။

တီးတိန်၊ ဟားခါး၊ တွန်းဇံနဲ့ ဖလမ်းတို့က မြောက်ပိုင်းအခြမ်းဖြစ်ပြီးတော့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်ကတော့ တောင်ပိုင်း အခြမ်း ဖြစ်ပါတယ်။

ကြားထဲမှာတော့ ရေဇွာမြို့ရှိပြီး ဂန့်ဂေါကနေ ဖြတ်တက်လို့ ရပါတယ်။
ချင်းပြည်နယ်ကို အဓိက ပေါက်တဲ့ လမ်းဟာ ကလေးလမ်းကြောင်း၊ ဂန့်ဂေါလမ်း ကြောင်းနဲ့ ကျောက်ထု၊ဆော လမ်းကြောင်းဆိုပြီး (၃)ခုရှိသလို အဓိက မြို့ကြီးတွေ မှာလည်း တပ်မတော်အခြေစိုက် ခြေလျင်/ခြေမြန်တပ်ရင်းတွေရှိပါတယ်။
အထူးသဖြင့် မတူပီလို့ မြို့ကြီးမှာ စစ်ဒေသ အခြေစိုက် ကွပ်ကဲမှုဌာနချုပ် ရှိနေပါသေး တယ်။

လူပိန်းနားလည်အောင်ပြောရရင် ဖြတ်လေးဖြတ်ကောင်းကောင်းလုပ်လို့ ရတယ် ဆိုတာကို မြင်သာအောင် ပြောပြနေခြင်းဖြစ်ပါတယ်။

ချုပ်ရရင် တပ်မတော်အနေနဲ့ တကယ်ပြတ်ပြတ်သားသား မလုပ်သေး လို့ ဆိုတာ ပြည်ပမှာ ရှိနေတဲ့ ချင်းလူမျိုးတွေ ပိုသိပါတယ်။
ချင်းပြည်နယ်မှာ နေထိုင်သူတွေက လူငယ်အင်အား များသလား၊ လူကြီးသက်အိုကြားတွေ အနေများသလားဆိုတာ ကိုယ့် ပြည်နယ်အကြောင်း ကိုယ်သိကြပါတယ်။
စစ်ရေးအရ နယ်မြေရှင်းလင်းတာတွေ ဒီထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်လာခဲ့မယ်ဆိုရင် ချင်းပြည်နယ်ဟာ ဒီထက်ပိုပြီး နစ်မွန်း လာဖို့ပဲ ရှိပါတယ်။

ဒီလို အခြေအနေကို မြေပြင်မှာ တကယ်နေထိုင်တဲ့ ဖယုံသီးချက်၊ ပြောင်းဖူးဖုတ် ၊ ချဉ်ပေါင်ပြုတ်ရည်ကျဲကျဲမှာ ငရုပ်သီး၊ဆားထောင်းနဲ့ စားနေရတဲ့ ဒေသခံတွေ ပိုပြီး နားလည် လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ကျေးဇူးပြုပြီး စစ်ကို မခေါ်ပါနဲ့။
ပြည်နယ်ခြင်း ယှဉ်ရင်တောင် ဖွံ့ဖြိုးမှုကျန်နေသေးတဲ့ အချိန်ကာလမှာ ကိုယ့်ပြည်နယ်ကို နစ်မွန်းစေ တဲ့ အရာတွေကို မလုပ်မိကြပါစေနဲ့။
ချင်းပြည်နယ်မှာ ချင်းလူမျိုးတွေ အများစု နေထိုင်တယ် ဆိုတာကို သတိပြုကြပါ။
ကျွန်တော်ဟာ ချင်းပြည်နယ်ကို ချစ်ပါတယ်။
ချစ်လို့ ပြောတာလို့ လည်း မှတ်ပေးကြပါ။

#ဖိုးစီ