Wednesday, August 18, 2021

❝ အရည်အသွေးပါမှ စိတ်ချရတာ ❞


ဘုရားရှိခိုးတာမှာ တကယ် စိတ်ပါလက်ပါ
စူးစူးစိုက်စိုက် ရှိခိုးမယ်ဆိုရင် " နမောတဿ " 
ဘုရားရှိခိုးတစ်ပုဒ်နဲ့တောင် အရည်အသွေးပါတယ်။

သရဏဂုံ ၃ ပါးနဲ့တောင် အားကိုးရလောက်တယ်။

လက်တွေ့ကျင့်သုံးတဲ့ အပိုင်းမှာလည်း 
စိတ်ပါလက်ပါ ကြိုးစားပြုလုပ် အားထုတ်ကြရမယ်။

ကိုယ့်အရည်အသွေးကို ကိုယ့်ဘာသာပဲ မြှင့်ရမှာ။
သူများက တင်ပေးတဲ့ အရည်အသွေးက အလကားပဲ။

ကိုယ်ဘာသာ ကိုယ်တင်တဲ့ အရှိန်အဝါကမှ 
တကယ့်အရှိန်အဝါဖြစ်တယ်။

ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဘာသာကိုယ်၊ 
ကိုယ့်စေတနာကောင်းနဲ့ ကိုယ်ဘာသာကိုယ် 
လုပ်နေရင် နည်းမှန်လမ်းမှန် သူ့အလိုလို
 အကျိုးပေးလိမ့်မယ်။

ဘာပဲလုပ်လုပ် လုပ်ရမယ့်အတူတူဆိုတော့ 
အရည်အသွေးပါအောင်ပဲ လုပ်ပါ။

လူမြင်ကောင်းရုံ ဟန်လေးနဲ့ လုပ်တာမျိုးမဖြစ်စေနဲ့၊
 ဟန်ဆိုတာ တကယ့်အရေးကျရင် 
ဘာမှအားကိုးလို့ မဖြစ်ဘူး။

" ဟန်ဆိုတာ အလကား၊ အမှန်ကမှ တရား "။

{ ကျေးဇူးရှင် တိပိဋက ယောဆရာတော်ဘုရားကြီး }

Shwe Pyi Soe


Related Posts: