Wednesday, August 18, 2021

အားတော့နာပါတယ်....Post လေးတင်အုန်းမယ်နော်...၂၀၀၈ ခြေ/ဥ နှင့် ကပြားအုပ်ချုပ်ရေးစံနစ်ကြောင့်👇👇👇


ကိုယ့်ကိုယ်ကို စစ်သားလို့ ခံယူရင် စစ်သားလို ပြောပါ၊ စစ်သားလိုကျင့်ပါ၊ စစ်သားလိုလုပ်ပေးပါ။ သင့်ကြောင့် တပ်မတော်သမိုင်း မရိုင်းစေချင်ပါ။

      ဥပဒေအတိုင်း ရေဆုံးမြေဆုံးလုပ်မည် ဟု ဆုံးဖြတ်ပြောဆိုထားပါက ပြောထားသည့်အတိုင်း ဖြစ်အောင်လုပ်‌ပါ၊ မလုပ်နိုင်ပါက ဥပဒေနှင့် ညွှန်ကြားချက်များကို ပြန်ပြင်ပေးပါ။ ဥပဒေထုတ် ထားပြီးသော်လည်းမလိုက်နာသူများကိုဥပေက္ခာပြု ထားခြင်း၊ ပြန်လည်ဖြေလျှော့ပေးခြင်း၊ ပြန်လွှတ် ပေးခြင်းများကြောင့် အများကလှောင်ပြောင်နေ ကြပြီး အဖျက်သမားများပိုမိုအတင့်ရဲကာ ပိုမိုဆိုး ဝါး စေပါသည်။ (စည်းရုံးရေးဖြင့် မရနိုင်တော့ပါ)

      ယခုချိန်အထိ  NLD မထောက်ခံသူများကို 
နေ့စဉ်နေ့တိုင်းအကြမ်းဖက်ခြိမ်းခြောက်သတ်ဖြတ်ခြင်းခံနေရသည်ကို သိပါသလား။ အကြမ်းဖက် ပါတီတစ်ခုထဲ၏ ဥပဒေမဲ့လုပ်ရပ်များကို ကျန်ပါတီ ပေါင်း ၉၀ ကျော်နှင့် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များ၊ Non CDM ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ အားလုံးကခါးစည်းခံပြီး လုံခြုံမှုကင်းမဲ့‌ေနသည်မှာ  ဖြစ်သင့်ပါသလား။
     
    အပြစ်မဲ့ပြည်သူများကိုကာကွယ်ပေးရန်အတွက် အပြစ်ကျူးလွန်သူအကြမ်းဖက်သမားများကို ထိရောက်အောင် နှိမ်နင်းပေးပါ။

သမိုင်းအဆက်ဆက်အစဉ်အလာကောင်းများဖြင့် ပြည်သူလူထုကို အမြဲကာကွယ်စောင့်ရှောက်ပေးခဲ့ သော မြန်မာ့တပ်မတော်ကြီးမှာ မည်သည့်ရန်စွယ်မှ ကာ‌ကွယ်ပေးနိုင်မှု မရှိခြင်းကြောင့် ယခုချိန်မှာ ပြည်သူအားလုံးက ယုံကြည်အားကိုးမှု မရှိတော့ဘဲ စိတ်ပျက်နေကြကာတပ်မတော်သမိုင်းရိုင်းသွားမှာကို တပ်မတော်ချစ်သူတစ်ယောက်အနေနဲ့ လုံးဝ မလိုလားပါ။ လုံးဝ မဖြစ်သင့်ပါ။
      လက်ရှိအစိုးရသည် ပြည်သူအားလုံးမှရွေး ချယ်ထားသော ဒီမိုကရေစီအစိုးရမဟုတ်ဘဲ အာဏာသုံးရပ်စလုံး တစ်ဦးတစ်ယောက်ထဲကို လုပ်ပိုင်ခွင့်ပေးထားသော အာဏာရှင်အစိုးရ ဖြစ်ခြင်းကြောင့် (အိမ်‌စောင့်အစိုးရပီပီ) နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် အခြားကိစ္စရပ်များကို ဦးစားမပေးဘဲ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့ဝန်ထမ်းများနှင့် အများ ပြည်သူတို့၏လုံခြုံရေးကိုသာ အထူးဦးစားပေးကိစ္စ တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေး‌နိုင်ပါရန်အကြံပြု တင်ပြပါသည်။

#အမြန်အေးချမ်းသာယာပါစေ မြန်မာပြည်။
Credit
#နန်းချယ်ရီလော

Related Posts:

  • တောသီးတွေလို့ ပြောရင်လည်း နာကြဦးမယ် ကိုယ့်မြို့ရွာပြည်သူလူထုတိုးတက်ရေးကို မလိုလားတဲ့ လူ့အမှိုက်များ7.7.2021စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ရွာသာကျေးရွာအုပ်စု ထန်းတောကျေးရွာ ချောင်းရိုး-ရွာသာကျေးရွာလမ်းပေါ်ရှိ ကိုဗစ်စစ်ဆေးရေးဂိတ်အား အကြမ်းဖက်သမားများမှ သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သောကြောင့် ကျန်းမာရေးဝန်ထမ်း ၁ ဦ… Read More
  • သနားဒယ်Nandar Hlaing ဒူးရင်းသီးရောင်းလည်း ဖောင်းထုတယ်Htet Htet Moe Oo စိန်ရောင်းတော့လည်း လောင်ကြတယ်Phyu Phyu Htwe အလှုလုပ်တော့လည်း အကုသိုလ်လိုက်တက်ကြတယ်မစားနိုင် မဝယ်နိုင် မလှုနိုင်ကြတဲ့ ပြိတ္တာတွေကျလို့ဘစိုင်းလည်း မနေရ​ချီချီလည်း မ… Read More
  • အဆဲ...ဆိုတာ မွေးကတည်းက သင်စရာမှမလိုတာလူတိုင်းတတ်တယ်လေ ရိုင်းချင်တာနဲ့ မရိုင်းချင်တာပဲကွာတာလိမ်မာယဉ်ကျေးအောင်သာ ခက်ခက်ခဲခဲ သင်ကြားကြရတာဒါတောင် ဘယ်လောက်သင်သင် တတ်ချင်မှတတ်တာဒီတော့ လွယ်တာကို လုပ်ယူမလားခက်တာကို ကြိုးစားပြမလားရိုင်းချင်လို့ ဖြစ်စေရိုင်းသင့်လို့ဖြစ်စေ… Read More
  • " ဒါဏ် "လောကကြီးမှာမြင်ရတဲ့အားထက် မမြင်ရတဲ့အားက ပိုကြီးတယ်၊မမြင်ရလို့ မယုံဘူးဆိုရင် ဉာဏ်နည်းရာကျတယ်( အသံ၊ လေ ၊ သံလိုက်လှိုင်း တွေကိုမမြင်ရပါ )ကမ္ဘာ့ဆွဲအားကို ငယ်စဉ်ထဲကအားလုံးသင်ဘူးကြတယ်၊နောက်ဆုံးတွေ့ရှိချက်တခုကကမ္ဘာအပေါ်ကျရောက်နေတဲ့ … Read More
  • စိတ်မကောင်းခြင်းများစွာဖြင့်ဆိုင်ကယ်ကိုလု ခြေတွေ၊လက်တွေ ဖြတ်ပြီးမင်းတို့ရက်ရက်စက်စက်သတ်ခဲ့တဲ့မိန်းကလေးက ဆင်းရဲလို့မြကျွန်းသာငွေစုငွေချေးလုပ်ငန်းမှာ အလုပ်လုပ်ပြီး မိဘကိုလုပ်ကျွေးနေတဲ့ သမီးအလိမ္မာလေးပါကွာ ခွေးလောက်မှ အသိတရားမရှိတဲ့ NUG CRPH PDF မင်းတို့ရဲ… Read More