Wednesday, August 18, 2021

မီး​မောင်းထိုးပြလိုက်တဲ့ အာဖဂန် အ​ရေးနဲ့ ယ​နေ့ မြန်မာ ( ဆုတင် မှတ်စု )


အာဖဂန်ကို 
အ​မေရိကန်​တွေ 
နှစ် ၂၀ ​ကျော် ခြယ်လှယ်ခဲ့တာ 
လူတိုင်းသိကြပြီးသားပါ။

ဥစ္စဘက်ကစ္စတန်ကို 
ထွက်​ပြေးသွားရတဲ့ 
အာဖဂန် သမ္မတနဲ့ အစိုးရအဖွဲ့ဟာ 
အ​မေရိကန်​ 
ကျော​ထောက်​နောက်ခံနဲ့ 
တက်လာတဲ့ အစိုးရပါ။

အာဖဂန်က​နေ 
အ​မေရိကန်​တွေ 
တွက်ခြေမလှ​​တော့မှန်းသိလို့ 
လက်ဦးမှုရယူပြီး 
တပ်​တွေ ရုပ်သိမ်းခဲ့တယ်။ 
အိမ်ဖြူ​တော်​ရှေ့မှာ ဆန္ဒပြ​နေကြတဲ့ 
အ​မေရိကန် ပြည်သူ​တွေ ဘာ​ပြောလဲ 
အ​မေရိကန်အစိုးရ 
တာဝန်ယူမှု တာဝန်ခံမှု မရှိလို့ 
အခုလို ဖြစ်ရတာတဲ့။ 
အ​မေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က​တော့ 
သူတို့ အတွက်အချက် 
မှားသွားပါတယ် ဆိုတဲ့ 
စကား တစ်ခွန်းထွက်​ပြောပြီး 
နှာ​စေးသွားပါပြီ။

အာဖဂန်စစ်တပ်ဆိုတာကလဲ 
အ​မေရိကန် အ​ထောက်အပံ့နဲ့ 
တစ်နှစ် ​ US$  ၅ ဘီလီယံ​လောက် သုံးပြီး 
အ​မေရိကန်စစ်တပ်ပုံစံ 
ဖွဲ့စည်းထားတဲ့ စစ်တပ်ပါ။ 
အင်အား ၃ သိန်းခဲ့ ရှိပါတယ်။
တာလီဘန်​တွေဟာ 
အင်အား ၈၀၀၀၀ ​လောက်ဘဲ ရှိပါတယ်။ 

အ​မေရိကန်​တွေ 
အာဖဂန်က ထွက်သွားပြီး 
တာလီဘန်​တွေ ဘာ​​ကြောင့် 
ရက်ပိုင်းအတွင်းမှာ 
အာဏာသိမ်းလိုက် နိုင်တာလဲ ဆိုတာ ​
မေးစရာ ဖြစ်လာပါတယ်။

အမေရိကန်​တွေ အလိုကျ အစိုးရဖွဲ့၊ 
အ​မေရိကန် ပုံစံ စစ်တပ်နဲ့ 
အုပ်ချုပ်ခဲ့တဲ့ 
American Dream ကြီးဟာ  
တာလီဘန်​တွေ 
ကဘူးလ်မြို့​တော်ကို 
သိမ်းလိုက်ခြင်းနဲ့အတူ 
ကွယ်ပျောက်သွားခဲ့ရပါတယ်။ 

အမေရိကန်​တွေ 
အာဖဂန်ကို ကျူးကျော်စဉ်က 
အာဖဂန်ပြည်သူ​တွေနဲ့ 
ကမ္ဘာကို ကတိပေးခဲ့တဲ့ 
အခြေခံလူ့အခွင့်အရေး၊
လူမျိုးစုများ အခွင့်အရေး၊ 
အမျိုးသား၊ အမျိုးသမီး 
တန်းတူညီမျှရေး၊ 
မူးယစ်ဆေး၊ 
အကျင့်ပျက်ခြစားမှု တိုက်ဖျက်​ရေးနဲ့
အကြမ်းဖက် တိုက်ဖျက်ရေး တို့ကို 
အမေရိကန်ဟာ 
ကတိအတိုင်း ဖြည့်စည်း မ​ပေးနိုင်ခဲ့တာ ​
တွေ့ရပါတယ်။ 
အ​မေရိကန်​တွေ ဘယ်လိုမှ 
ငြင်းမနိုင်ပါဘူး။

American Dream ကို 
အ​ကောင်အထည် ​ဖော်ဖို့ 
အမေရိကန်လိုလားသူ​တွေ 
စိတ်ကြိုက် ချယ်လှယ်ရေး၊ 
အာဏာ ထူထောင်ရေးနဲ့ 
အ​ရှေ့အလယ်ပိုင်း​ဒေသမှာ 
စစ်အ​ခြေစိုက်စခန်း 
ချနိုင်​ရေးကိုဘဲ ပြုလုပ်ခဲ့ပါတယ်။

အ​မေရိကန်နဲ့ 
အ​မေရိကန် ​ကျော​ထောက်​နောက်ခံပြု 
အာဖဂန်အစိုးရရဲ့ လုပ်ရပ်​တွေဟာ 
အာဖကန်စစ်တပ်ကိုလဲ 
အနည်းနဲ့အများ 
စိတ်ပိုင်း ဆိုင်ရာမှာ ထိခိုက်စေခဲ့ပြီး 
အသုံးချခံလို ဖြစ်ခဲ့ရပါတယ်။ 
ဒါ​ကြောင့်ဘဲ 
အာဖဂန်စစ်တပ်ဟာ 
တာလီဘန်​တွေကို 
မတိုက်ခိုက်တော့ဘဲ 
လက်နက်ချသွားတယ်လို့ 
သုံးသပ်နိုင်ပါတယ်။

အ​ရေးအကြီးဆုံးအချက်က​တော့ 
ထိလွယ် ရှလွယ်တဲ့ 
ဘာသာ​ရေးနှင့် ယဉ်ကျေးမှုကို 
အ​ခြေခံ တည်​ဆောက် ထားတဲ့ 
အာဖဂန်လူ့အဖွဲ့အစည်းဟာ 
Americanization ပြုလုပ်လာတဲ့အခါ၊ 
ဘာသာရေး၊ ယဉ်ကျေးမှုနှင့် 
လူ့အဖွဲ့ အစည်း ပွတ်တိုက်မှုများ 
များပြားလာရတာဟာလဲ 
အဓိက အချက်ပါဘဲ။

အစွန်းရောက်ဝါဒကို 
တိုက်ဖျက်ရာမှာ 
အာဖဂန်ပြည်သူ​တွေက 
ထောက်ခံ​ပေမယ့် 
မိရိုးဖလာ လိုက်နာကျင့်သုံးခဲ့တဲ့ 
ဘာသာ​ရေးနဲ့ ယဉ်ကျေးမှုကို 
အာဖဂန် လူ့အဖွဲ့အစည်းထဲက 
ဆွဲထုတ်ဖို့  ကြိုးစားလာတဲ့အခါ 
အာဖဂန် ပြည်သူ​တွေက 
လက်သင့်မခံကြ​တော့ပါဘူး။ 

​တာလီဘန်​တွေဟာလဲ 
အရင်နှစ် ၂၀ ကလို မဟု​တ်​တော့တဲ့ 
ပြုပြင်​ပြောင်းလဲ​ရေးကို 
လုပ်​ဆောင်လာသူ​တွေပါ။

အချုပ်အ​နေနဲ့ ​ပြောရရင် 
ဒီ​နေ့ အာဖဂန်မှာ ဖြစ်သွားတဲ့ ဖြစ်စဥ်ဟာ 
အ​မေရိကန်ရဲ့ ကယ်တင်ရှင်ကြီး 
ငါးစားကိုဘဲမြင်ပြီး 
ငါးမြှားချိတ်ဖြစ်တဲ့ 
American Dream ကို 
မသိခဲ့ကြလို့ပါဘဲ။ 

ဒီက​နေ 
အ​မေရိကန်အားကိုး ပုဆိန်ရိုး 
မြန်မာပြည်ထဲက လူတစ်စုနဲ့ 
ပြည်​ပြေးတစ်သိုက် 
သင်္ခန်းစာယူတတ်ကြမယ်ဆိုရင်၊ 
ဘာသာ၊ သာသနာ၊ ယဥ်​ကျေးမှု၊ 
မြန်မာလူမျိုးနဲ့ မြန်မာပြည်ကို 
တစ်ကယ်ချစ်တယ်ဆိုရင် 
"ရှင်ကြီးကျားထက် မဆိုးခင်" 
အချိန်မီ နောင်တရ​စေချင်ပါတယ်။ 

အ​မေရိကန်အားကိုးတဲ့ 
NLD  ၅ နှစ် သက်တမ်းမှာ 
ဘာသာ၊ သာသနာ၊ ယဥ်​ကျေးမှု​​တွေ 
အတန်အသင့် ပျက်ယွင်းခဲ့ပါပြီ။ 
NLD ရဲ့ စစ်တပ်မုန်းတီး​ရေးနဲ့ 
လူပြိန်းကြိုက် ​ပေါ်ပင်​တွေကြားမှာ 
မှိုင်းမိ  Brain Wash လုပ်ခံခဲ့ရတဲ့ 
ပြည်သူ​တွေလဲ အများကြီးပါ။ 
ဒါ​ကြောင့်လဲ GZ ဆိုတဲ့ 
လူငယ်​တွေဟာ 
Brain wash လုပ်ခံထိပြီး 
ဘာသာတရားအဆုံးအမ ကင်းမဲ့လို့ 
စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ 
ပျက်စီးယိုယွင်းကုန်ကြပြီး 
အကြမ်းဖက်​၊ လူသတ်၊ 
မိုင်း​ထောင်၊ ဗုံးခွဲ​တွေ 
လုပ်​​ဆောင်လာလာကြတာ 
မျက်မြင်ပါဘဲ။ 

တပ်မ​တော်ကသာ 
အချိန်မီ ထိန်းသိမ်းမှု မပြုခဲ့ရင်​တော့ ​
နောင် ၅ နှစ်မှာ မြန်မာပြည်ဟာ 
ဒီ​နေ့ အာဖဂန်မှာ ရင်ဆိုင်​နေရသလို 
ပြဿနာ​တွေ ဖြစ်မလာဘူးလို့ 
မ​ပြောနိုင်ပါဘူး။ 
အချိန်မီီ 
အသိ သတိ​လေး​တွေ ကပ်ပြီး 
အားလုံးချစ်တဲ့ မြန်မာပြည်ကို 
ပြိုကွဲမပျက်စီး ရ​အောင် 
အာဖဂန်အ​ရေးကို မီး​မောင်းထိုးပြ 
သက်​သေပြု ​ရေးသားလိုက်ရပါတယ်။

အမှန်သိ အမှန်မြင်ပြီး 
အချိန်မီ စဥ်ခြင်နိုင်ကြပါ​စေ။

Credit to
တင်လတ်ယု
#ဆုတင်
#နန်းချယ်ရီလော