Thursday, July 8, 2021

အဆဲ...ဆိုတာ မွေးကတည်းက သင်စရာမှမလိုတာ


လူတိုင်းတတ်တယ်လေ 
ရိုင်းချင်တာနဲ့ မရိုင်းချင်တာပဲကွာတာ

လိမ်မာယဉ်ကျေးအောင်သာ ခက်ခက်ခဲခဲ သင်ကြားကြရတာ
ဒါတောင် ဘယ်လောက်သင်သင် တတ်ချင်မှတတ်တာ

ဒီတော့ လွယ်တာကို လုပ်ယူမလား
ခက်တာကို ကြိုးစားပြမလား

ရိုင်းချင်လို့ ဖြစ်စေ
ရိုင်းသင့်လို့ဖြစ်စေ
သင်ကျုးလွန်တဲ့အပြစ် သင်သာပြန်ခံစားရမှာပါ

လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ တဲ့

ကိုယ့်ရဲ့လက်ဦးဆရာ မိဘတွေဆီက အဆဲအဆိုတွေပဲ သင်ယူခဲ့သလား
ယဉ်ကျေးအောင် သင်ကြားခဲ့သလား

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြ

လူလိမ်မာသား ယဉ်ပါး
လူမိုက်သား ရမ်းကား တဲ့

ကိုယ်ကတော့ ကိုယ့်အလုပ်ကိုလုပ်နေတာ

လာရိုင်းတဲ့သူကတော့ သူ့အလုပ်သူလုပ်နေတာမို့ ကိုယ်နဲ့ လားလားမှမသက်ဆိုင်ပါ

ခံလည်းမခံစား ယူလည်းမယူပါ

Shwe